ChatGPT က ရွေးချယ်ပေးတဲ့ နံပါတ်တွေနဲ့ ဒေါ်လာ ၁ သိန်းဆု ပေါက်ခဲ့တဲ့ အမျိုးသမီး

အမျိုးသမီးတစ်ဦးဟာ Powerball ထီကံစမ်းပြီးတော့ ဒေါ်လာ၁သိန်းဆု ပေါက်ခဲ့ပါတယ်။ ChatGPTက သူ့အတွက် ရွေးချယ်ပေးခဲ့တဲ့ ထီနံပါတ်တွေနဲ့ ပေါက်သွားခဲ့တာပါ။ သူကတော့ မီချီဂန်ပြည်နယ်က အသက် ၄၅ နှစ်အရွယ် တန်မီ ကာဗေးဆိုတဲ့ အမျိုးသမီးပါ။ သူဟာ စက်တင်ဘာ ၆ ရက်နေ့က အွန်လိုင်းပေါ်က MichiganLottery.com ကနေ ထီလက်မှတ်တစ်စောင်ကို ဝယ်ယူခဲ့တာပါ။

လူတော်တော်များများက ထီကံစမ်းတဲ့အချိန်ဆို သူတို့ ကြိုက်နှစ်သက်တဲ့၊ သူတို့ရဲ့အမှတ်တရနံပါတ်တွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ နံပါတ်တွေ ရွေးချယ်လေ့ရှိတာပါ။ တန်မီကတော့ ထီနံပါတ်တွေအတွက် AIကို အားကိုးလိုက်တာပါ။

သူက ChatGPT ကို Powerball ထီနံပါတ် ၁ စုံစာ တောင်းဆိုခဲ့ပါတယ်။ အစကတော့ ဒေါ်လာ ၅ သောင်းပေါက်တယ်လို့ ထင်ခဲ့တာပါ။ Michigan Lottery account ထဲ ဝင်ကြည့်တဲ့အချိန်ကျမှ ဒေါ်လာ ၁ သိန်းပေါက်မှန်းသိခဲ့ရပါတယ်။ ထီဆုငွေတွေကို အိမ်အတွက် ငွေပေးချေသွားမှာဖြစ်ပြီး ပေးချေလို့ ကျန်တဲ့ငွေတွေကို စုထားမှာဖြစ်ပါတယ်။

ထီနံပါတ်တွေအတွက် ChatGPT ကို အသုံးပြုပြီး ထီဆုပေါက်သွားတာ တန်မီတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဗာဂျီးနီးယားပြည်နယ်က ကာရစ် အက်ဝက်ဒ်ဆိုတဲ့ အမျိုးသမီးကလည်း ထီကံစမ်းဖို့အတွက် ChatGPT အသုံးပြုခဲ့ပြီး ဒေါ်လာ ၁ သိန်းခွဲဆုပေါက်ခဲ့ပါတယ်။ သူကတော့ ထီဆုငွေတွေအကုန်လုံးကို ပရဟိတဆီ လှူဒါန်းခဲ့ပါတယ်။

Ref: Woman Wins $100K Lottery Prize with Numbers Picked by ChatGPT: ‘My Husband and I Were in Total Disbelief’

WL (ရိုးရာလေး)

The post ChatGPT က ရွေးချယ်ပေးတဲ့ နံပါတ်တွေနဲ့ ဒေါ်လာ ၁ သိန်းဆု ပေါက်ခဲ့တဲ့ အမျိုးသမီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post