ထိုင်းနိုင်ငံက မူကြိုကျောင်းတစ်ကျောင်းဟာ ပြန်ပေးဆွဲခံရရင် ကလေးတွေ ဘယ်လိုတုံ့ပြန်နိုင်မလဲ စမ်းသပ်တဲ့အနေနဲ့ ပြန်ပေးဆွဲတဲ့ပုံစံမျိုး သရုပ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကျောင်းက ကောင်လေးတစ်ယောက်က သူ့ကို ပြန်ပေးဆွဲဖို့လုပ်တဲ့သူကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး အဝေးကို ထွက်သွားအောင် မောင်းထုတ်ခဲ့ပါတယ်။
Salisa ဆိုတဲ့ အမျိုးသမီးတင်ခဲ့တဲ့ အဲ့ဒီဗီဒီယိုဟာဆိုရင် TikTok မှာ လူသိများသွားခဲ့ပြီး အောက်တိုဘာ ၆ ရက်နေ့ စတင်ခဲ့ကတည်းက ကြည့်ရှုသူ ၃ သန်းနီးပါးရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတောင်ပိုင်းရှိ နခွန်စီသမ်မာရတ်မြို့က မူကြိုကျောင်းတစ်ကျောင်းမှာဖြစ်ခဲ့တာပါ။ အဲ့ဒီကျောင်းကဆိုရင် ကလေးတွေကို အဲ့ဒီလိုအခြေအနေမျိုးကြုံတွေ့လာခဲ့ရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သင်ကြားပေးတာပါ။ အဲ့ဒါကြောင့် ပြန်ပေးဆွဲတဲ့ပုံစံမျိုး လုပ်ဆောင်ခဲ့တာပါ။
ဗီဒီယိုထဲမှာ ဆရာမတစ်ဦးက နေကာမျက်မှန်တပ်ပြီး မျက်နှာကိုဖုံးကာ ပြန်ပေးဆွဲသမားအဖြစ် ဟန်ဆောင်ထားတာတွေ့ရပါတယ်။ ဓားလိုပုံစံမျိုး ပစ္စည်းတစ်ခုကိုလည်း ကိုင်ထားပါတယ်။ ကလေးငယ်လေးကို ကျောင်းအပြင်ဘက်ခေါ်သွားတဲ့အချိန် ကလေးက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ဘေးက ခုံတန်းအောက် တံမြက်စည်းကို သတိထားမိပြီး အဲ့ဒီတံမြက်စည်းနဲ့ ပြန်ပေးသမားဟန်ဆောင်ထားသူကို လိုက်တိုက်ခိုက်ခဲ့ပါတယ်။ နောက်တော့ အခြားဆရာမတွေကတောင် ကလေးလေးကို စိတ်ငြိမ်အောင်လုပ်ပေးခဲ့ရပါတယ်။ အခြားသူတွေကတော့ ဒီဖြစ်ရပ်ကို ကြည့်ဖို့ ရယ်မောလို့နေကြပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေက သူငယ်တန်းကလေးလေးရဲ့ရဲရင့်မှုနဲ့ လျင်မြင်တဲ့တွေးခေါ်မှုအတွက် ချီးကျူးစကားတွေနဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref: Thai kindergartener fights back, chases ‘kidnapper’ with broom in school drill
WL (ရိုးရာလေး)
The post ပြန်ပေးဆွဲဖို့လုပ်ရင် ဘယ်လိုတုံ့ပြန်မလဲသရုပ်ဖော်မှုအတွင်း သူငယ်တန်းကလေးလေးက ပြန်ပေးသမားဟန်ဆောင်ထားသူကို ပြန်လည်တိုက်ခိုက် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment