ကမ္ဘာကျော်ပေါ့ပ်ဘုရင်မ တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းစီးရီးတွေကို ဒီဇင်ဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။ အပိုင်း ၆ ပိုင်းရှိတဲ့ Taylor Swift: The Eras Tour: The End ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Disney+ မှာ ပြသသွားမှာဖြစ်ပြီး Vancouver မှာ စံချိန်ချိုးခဲ့တဲ့ ဖျော်ဖြေပွဲရဲ့အဆုံးသတ်မှာ ရိုက်ကူးထားတဲ့ ဖျော်ဖြေပွဲရုပ်ရှင်အသစ် Taylor Swift: The Eras Tour: The End ကိုလည်း တစ်နေ့တည်းမှာပဲ ထွက်ရှိသွားမှာဖြစ်ပါတယ်။
တေလာရဲ့ ဖျော်ဖြေပွဲက သတင်းခေါင်းစဉ်ဖြစ်စေခဲ့ပြီး ကမ္ဘာ့တဝှမ်းက ပရိသတ်တွေကို ရင်ဖိုစိတ်လှုပ်ရှားစေခဲ့တဲ့အတွက် ဒီစီးရီးက တေလာရဲ့ဘဝကို အနီးကပ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်း ၂ ပိုင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြမှာဖြစ်ပြီးကျန်တဲ့ ၄ ပိုင်းကို တစ်ပတ် ၂ ပိုင်းနှုန်းနဲ့ ပြသသွားမှာဖြစ်ပါတယ်။
Ref: Taylor Swift to release docuseries about her Eras Tour in December
WL (ရိုးရာလေး)
The post တေလာဆွစ်ဖ်ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ Eras Tour အကြောင်း မှတ်တမ်းစီးရီးတွေ ဒီဇင်ဘာလမှာ ထွက်ရှိမယ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment