ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ကွာရှင်းလိုက်တဲ့ မင်းသမီးကြီး နီကိုးလ်ကစ်မန်း

အသက် ၅၈ နှစ်အရွယ် နာမည်ကြီးမင်းသမီးကြီး နီကိုးလ်ကစ်မန်းဟာ အသက် ၅၇ နှစ်အရွယ် ဂီတပညာရှင် ခင်ပွန်းဖြစ်သူ ကိတ်သ်အာဘမ်နဲ့ ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ပြတ်စဲလိုက်ပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ကွဲလွဲနေတဲ့ အလုပ်အချိန်ဇယားတွေရှိနေတဲ့အတွင်း လတော်တော်ကြာ ခွဲနေခဲ့ပြီးနောက် ပြတ်စဲခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သမီး ၂ ယောက်ရှိပါတယ်။

နီကိုးလ်က အခုလိုကွာရှင်းရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မကွာရှင်းချင်ခဲ့ဘူး။ သူကလည်း ဇာတ်ကားရိုက်ကူးနေတာ၊ ကိတ်သ်ကလည်း ကမ္ဘာ့လှည့်ဖျော်ဖြေပွဲရှိနေတာတွေကြောင့် သူတို့နှစ်ဦးမတွေ့ဖြစ်ကြတာများပါတယ်။ သူတို့ကြားမှာ အချစ်တွေအများကြီးရှိခဲ့ကြပြီး ကွာရှင်းဖို့ မဖြစ်နိုင်ပေမဲ့ သူတို့နှစ်ဦးလုံးက နှစ်ယောက်အတူမရှိတဲ့နေရာမှာ နေထိုင်တဲ့ကမ္ဘာတစ်ခုရှိနေတယ်လို့ အရင်းအမြစ်တွေက ဆိုထားပါတယ်။

နီကိုးလ်နဲ့ ကိတ်သ်ကို ၂၀၂၅ ခုနှစ်မေလက Academy of Country Music Awards မှာ အတူမြင်တွေ့ခဲ့ရသလို ဇွန်လကလည်း ဘောလုံးပွဲတစ်ခုမှာ မြင်တွေ့ခဲ့ရပါသေးတယ်။ နီကိုးလ်က Practical Magic နောက်ဆက်တွဲဇာတ်ကားကို ရိုက်ကူးရင် လန်ဒန်မှာပဲ လတော်တော်ကြာနေနေခဲ့တာပါ။ Hampstead အိမ်မှာ တစ်လကို ဒေါ်လာ ၈၇၂၈၈ ပေးကာ နေခဲ့တာပါ။ ကိတ်သ်ကတော့ အောက်တိုဘာလအထိ အမေရိကန်နဲ့ ကနေဒါအနှံ့ High and Alive ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ဆောင်နေပါတယ်။

နီကိုးလ်ဟာ အရင်က ၁၉၉၀ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တွမ်ခရုစ်နဲ့လက်ထပ်ခဲ့ဖူးပါတယ်။ သူတို့လက်ထပ်ခဲ့စဉ်အတွင်း ကလေး ၂ ဦးကို မွေးစားခဲ့ပါသေးတယ်။

Ref: Nicole Kidman and Keith Urban separate after nearly 2 decades together

WL (ရိုးရာလေး)

The post ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်ဆယ်စုနှစ် ၂ ခုနီးပါးအကြာမှာ ကွာရှင်းလိုက်တဲ့ မင်းသမီးကြီး နီကိုးလ်ကစ်မန်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post