Highlander ဇာတ်ကားသစ်အတွက် လေ့ကျင့်မှုတွေလုပ်နေစဉ်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်းသားဟင်နရီကာဗေး

စူပါမန်းအဖြစ် ပရိသတ်တွေ သိကြတဲ့ မင်းသားဟင်နရီကာဗေးဟာ သူ့ရဲ့နောက်ထပ်ဇာတ်ကားအသစ် Highlander အတွက် လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ရင်း မတော်တဆထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ကာဗေးက ရုပ်ရှင်ရိုက်ကူးမထုတ်လုပ်ခင် လေ့ကျင့်မှုတွေလုပ်နေစဉ် ထိခိုက်ဒဏ်ရာ (ဘယ်နေရာမှာ ထိခိုက်မိတယ်ဆိုတာကို သေချာမဖော်ပြထား) ရခဲ့တယ်လို့ Deadline အပါအဝင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဇာတ်ကားထုတ်လုပ်ရေး Amazon MGM Studiosနဲ့ ကာဗေးတို့ဘက် ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ဖြေကြားလာခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။

Highlander က ၁၉၈၆ ခုနှစ်ရဲ့စိတ်ကူးယဉ်-စွန့်စားခန်းရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမယ့်ဇာတ်ကားဖြစ်ပါတယ်။ ကာဗေးရဲ့ထိခိုက်ဒဏ်ရာကြောင့် ထုတ်လုပ်မှုကို ရွှေ့ဆိုင်းထားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်ကျမှ ရိုက်ကူးရေးစတင်မှာဖြစ်ပါတယ်။ Highlander ဇာတ်ကားက မသေမျိုးစစ်သည်တော်တွေအကြောင်းဖြစ်ပြီး ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့ပြီးနောက် အောင်မြင်မှုရခဲ့ကာ နောက်ဆက်တွဲတွေနဲ့ တီဗီစီးရီးတွေ ထွက်ရှိလာစေခဲ့ပါတယ်။

ဟင်နရီကာဗေးက Highlander အပြင် Enola Holmes 3, Rawson Marshall Thurber’s Voltron and Guy Ritchie’s In the Grey စတဲ့ အခြားဇာတ်ကားပရောဂျက်အသစ်တွေမှာ ပါဝင်ထားပါသေးတယ်။

Ref: Henry Cavill Sustains Injury While Training for Highlander Remake

WL (ရိုးရာလေး)

The post Highlander ဇာတ်ကားသစ်အတွက် လေ့ကျင့်မှုတွေလုပ်နေစဉ်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်းသားဟင်နရီကာဗေး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post