အဆောက်အဦးပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ နာမည်ကြီးတရုတ်မင်းသားချော

နတ်ဓားညီနောင် တရုတ်ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသားယွီမုံလုံဟာ စက်တင်ဘာ ၁၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၃၇ နှစ်ရှိပါပြီ။ သူ သေဆုံးတဲ့သတင်းတွေဟာဆိုရင် Weibo မှာ ပါပါရာဇီတစ်ဦး တင်ခဲ့တဲ့ပို့စ်ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့မနက်ခင်းကတည်းကစပြီး ပျံ့နှံ့လာခဲ့တာပါ။

ပါပါရာဇီက Eternal Love (2017) နဲ့ Go Princess Go (2015) မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ယွီမုံလုံက အမြင့်ပေါ်က ပြုတ်ပြီး ဒီကနေ့ ပေကျင်းမှာ သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က သူဟာ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ အခြားသူ (၅) ယောက်၊ (၆) ယောက်လောက်နဲ့ ရှိနေခဲ့ပြီး မနက် ၂ နာရီမှာ အိပ်ဖို့ အခန်းထဲ ဝင်သွားခဲ့ပြီး တံခါးကို ပိတ်ထားခဲ့တယ်။ မနက် ၆ နာရီမှာ တိုက်ခန်းကနေ သူ့သူငယ်ချင်းတွေ ထွက်သွားတဲ့အချိန် သူ့ကို ရှာလို့မတွေ့ဘဲ မြေညီထပ်မှာ သူ့ရဲ့ရုပ်အလောင်းကိုသာ တွေ့ရှိခဲ့ရတယ်။ မနက်ခင်းပိုင်း ခွေးလေးနဲ့ လမ်းလျှောက်ထွက်တဲ့နေထိုင်သူတစ်ဦးက ရဲကို အကြောင်းကြားခဲ့တယ်။ ရဲတွေက ရိုးရိုးသားသားသေဆုံးတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်”လို့ ရေးသားခဲ့တာပါ။

ပရိသတ်တွေက ဒီသတင်းကြောင့် ယွီမုံလုံရဲ့အေဂျင်စီကို ချက်ချင်းတုံ့ပြန်ဖြေကြားပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။ ထွက်ရှိလာခဲ့တဲ့သတင်းတွေက စိတ်မကောင်းစွာနဲ့ပဲ အတည်ဖြစ်ခဲ့ပါတယ်။ ယွီမုံလုံရဲ့အေဂျင်စီက စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာ သေဆုံးတဲ့အကြောင်း Weibo မှာ အတည်ပြုပေးခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ချစ်လှစွာသောမုံလုံဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ပြုတ်ကျသေဆုံးသွားခဲ့တယ်ဆိုတာကို ဝမ်းနည်းပူဆွေးမှုတွေနဲ့ အသိပေးလိုက်ရပါတယ်။ ရဲတပ်ဖွဲ့က ရာဇဝတ်မှုနဲ့ပတ်သက်တဲ့သံသယဖြစ်ဖွယ်ရာမရှိဘူးလို့ ဆိုပါတယ်။ ကွယ်လွန်သူ ငြိမ်းချမ်းစွာ အနားယူပြီး သူ့ရဲ့ချစ်လှစွာသောသူတွေက ဆက်ပြီး သန်မာနေဖို့ မျှော်လင့်ပါတယ်”လို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မင်းသားယွီမုံလုံဟာ ၂၀၀၇ ခုနှစ်က Reality Show “My Show! My Style!” မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးတော့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာ The Little Prince ဇာတ်လမ်းတိုနဲ့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ ၂၀၁၅ ခုနှစ်က Go Princess Go ဇာတ်လမ်းတွဲမှာ ၉ ယောက်မြောက်မင်းသားအဖြစ် ပါဝင်ခဲ့ရာမှာ ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။

သူဟာ Eternal Love (2017), The Legend of White Snake (2019), The Love Lasts Two Minds (2020), The Moon Brightens for You (2020), Love Game in Eastern Fantasy (2024) အပါအဝင် ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ သူ နောက်ဆုံးသရုပ်ဆောင်ခဲ့တာကတော့ ၂၀၂၅ ခုနှစ် ဇွန်လမှာ ထုတ်လွှင့်ပြသခဲ့တဲ့ Feud ဇာတ်လမ်းတွဲပါပဲ။

Ref: Chinese actor Yu Menglong dies aged 37 after falling from height

WL (ရိုးရာလေး)

The post အဆောက်အဦးပေါ်ကနေ ပြုတ်ကျသေဆုံးသွားခဲ့ရတဲ့ နာမည်ကြီးတရုတ်မင်းသားချော appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post