ဖမ်းမိသမျှ ငါးခူတွေထဲမှာ အကြီးဆုံးစံချိန်တင်တဲ့ ၉ ပေကျော် ငါးခူကြီး

ကမ္ဘာပေါ်မှာ ဖမ်းမိသမျှ အကြီးမားဆုံးစံချိန်တင်တဲ့ ငါးခူတစ်ကောင်ကို အီတလီငါးဖမ်းသမားတစ်ဦးက ဖမ်းမိခဲ့ပါတယ်။ ၉.၄ ပေအရှည်ရှိတဲ့ ငါးခူကို အီတလီနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ပိုမြစ်ထဲကနေ ဖမ်းမိခဲ့တာပါ။

ရာသီဥတု အေးတဲ့နေရာမှာ ငါးခူတစ်ကောင် ၆ ပေအရှည်အထိ ကြီးထွားလာဖို့ဆိုရင် နှစ် ၇၀ လောက် အချိန်ကြာမြင့်လေ့ရှိပေမဲ့ ပိုမြစ်ထဲမှာတော့ ငါးခူတစ်ကောင် ၉ ပေအထိ ကြီးထွားလာဖို့ နှစ် ၂၀၊ နှစ် ၃၀ လောက်ပဲ ကြာမြင့်လေ့ရှိပါတယ်။

အီတလီနိုင်ငံ အလယ်ပိုင်းမှာ ဖြတ်သန်းစီးဆင်းနေပြီး သမိုင်းအစဉ်အလာ ကြီးမားတဲ့ ပိုမြစ်ဟာ ငါးတွေအတွက် စားစရာ ပေါများလွန်းတာကြောင့် အလွန်ကြီးမားတဲ့ ရေနေသတ္တဝါတွေ ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။ ဘီယန်ကာဒီလို့ အမည်ရတဲ့ အီတလီငါးဖမ်းသမားက ၂၀၂၃ ခုနှစ် ဇွန်လမှာ အဲဒီငါးခူကြီးကို ဖမ်းမိခဲ့တာပါ။

Ref: Gigantic, 9.4-foot-long catfish is the largest ever caught.

NZ ( ရိုးရာလေး)

The post ဖမ်းမိသမျှ ငါးခူတွေထဲမှာ အကြီးဆုံးစံချိန်တင်တဲ့ ၉ ပေကျော် ငါးခူကြီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post