သီးသန့်မင်္ဂလာပွဲကျင်းပကာ လက်ထပ်ခဲ့ကြတဲ့ ဆယ်လီနာနဲ့ ဘန်နီ

ကမ္ဘာကျော်အဆိုတော် ဆယ်လီနာဂိုမက်ဇ်ဟာ ချစ်သူပရိုဂျူဆာ ဘန်နီဘလန်ကိုနဲ့ လက်ထပ်လိုက်ပါပြီ။ သူတို့ရဲ့လက်ထပ်ပွဲကို စက်တင်ဘာ ၂၇ ရက်နေ့က ကယ်လီဖိုးနီးယားမှာ သီးသန့်ကျင်းပသွားခဲ့တာပါ။ သူတို့လက်ထပ်လိုက်ပြီဆိုတာကို ဆယ်လီနာက အင်စတာဂရမ်အကောင့်မှာ မင်္ဂလာပွဲက ပုံတချို့တင်ပြီးတော့ အသိပေးခဲ့တာဖြစ်ပါတယ်။ Caption ကတော့ မင်္ဂလာဆောင်တဲ့ရက်စွဲကို အသည်းပုံအဖြူemoji ၂ ခုနဲ့ ရိုးရိုးရှင်းရှင်းလေးပါပဲ။


မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့သူတွေထဲမှာ တေလာဆွစ်ဖ်၊ ပဲရစ်ဟီလ်တန်၊ အက်ဒ်ရှီရန်၊ ဆယ်လီနာရဲ့ Only Murders in the Building တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ စတီဗ် မာတင်နဲ့ မာတင်ရှော့တ်တို့ပါ။ မင်္ဂလာသတို့သမီး၊ သတို့သားတို့နှစ်ဦးလုံးက Ralph Lauren ဖက်ရှင်အမှတ်တံဆိပ်တွေကိုပဲ ဝတ်ဆင်ခဲ့တာဖြစ်ပြီး မင်္ဂလာဝတ်စုံကလည်း ရိုးရိုးလေးနဲ့ လှနေပါတယ်။ ဆယ်လီနာရဲ့ဆံပင်ကို ပြင်ဆင်ပေးတာကတော့ Renato Campora ရဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။ 


ဆယ်လီနာနဲ့ ဘန်နီတို့ဟာ နှစ်တော်တော်ကြာ အချင်းချင်းခင်မင်ရင်းနှီးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ တွဲခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ စေ့စပ်ခဲ့တာဖြစ်ပါတယ်။ 


Ref: Selena Gomez and Benny Blanco tie the knot

WL (ရိုးရာလေး)

The post သီးသန့်မင်္ဂလာပွဲကျင်းပကာ လက်ထပ်ခဲ့ကြတဲ့ ဆယ်လီနာနဲ့ ဘန်နီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post