ဇနီးသည်အတွက် ကင်ဆာကုသဖို့ ရက်ချိန်းယူပြီးအပြန် ခဲခြစ်ထီ ဒေါ်လာ ၅၀၀၀၀၀ ပေါက်ခဲ့တဲ့ အမျိုးသား

အိုဟိုင်းယိုးပြည်နယ်က အမျိုးသားတစ်ဦး (အမည်ကို လူသိရှင်ကြားမဖော်ပြ)ဟာ သူ့ဇနီးဖြစ်သူ ကင်ဆာကုသမှုခံယူဖို့ ရက်ချိန်းယူအပြီး အိမ်အပြန်လမ်းက ကုန်စုံဆိုင်တစ်ခုမှာ ရပ်ပြီး ခဲခြစ်ထီထိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသားက ၅ ဒေါ်လာတန် ခဲခြစ်ဒီလက်မှတ် ၂ စောင်ကို ယူခဲ့ဖို့ လုပ်တဲ့အချိန် တစ်စောင်ပဲ ကျန်တော့တဲ့ Best of 7’s ခဲခြစ်ထီလက်မှတ်တစ်စောင်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒါကြောင့် ၁၀ ဒေါ်လာတန် Best of 7’s ခဲခြစ်ထီကို ရွေးချယ်ခဲ့ပါတယ်။

သူ အိမ်ပြန်ရောက်တော့ သူ ဝယ်ခဲ့တဲ့ ခဲခြစ်ထီက ဒေါ်လာ ၅၀၀၀၀၀ တန် ဆုကြီးပေါက်သွားခဲ့လို့ သူ တအံ့တဩဖြစ်ခဲ့ရပါတယ်။ အခွန်ဖြတ်တောက်အပြီး သူ ထီ ဆုငွေ ဒေါ်လာ ၃၆၀၀၀၀ ရရှိသွားခဲ့ပါတယ်။ သူ အခုလို ထီပေါက်တာကို မယုံကြည်နိုင်ဖြစ်နေတုန်းပါပဲ။ အိပ်မက်လို့ ထင်နေတုန်းပါ။ သူ့ဇနီးဖြစ်သူကလည်း ထီပေါက်တဲ့အကြောင်းကြားတော့ အစက မယုံခဲ့ပါဘူး။ ရယ်စရာပြောတယ်လို့ ထင်ခဲ့တာပါ။ Ohio Lottery App နဲ့ ထီလက်မှတ်ကို Scan ဖတ်ပြီး သက်သေပြလိုက်မှ ဇနီးဖြစ်သူက ယုံကြည်သွားခဲ့တာပါ။

အဲ့ဒီအမျိုးသားဟာ ထီလက်မှတ်ရွေးရင် နောက်ဆုံးအတန်းက ထီလက်မှတ်ကို ရွေးရတာကြိုက်တယ်။ အလယ်မှာရှိတဲ့ ထီလက်မှတ်ကိုလည်း ဝယ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအတန်းက ထီလက်မှတ်ကို အကြိုက်ဆုံးပါပဲလို့ ပြောပါတယ်။ သူ့ရဲ့ထီဆုငွေက ကောင်းချီးတစ်ခုပါပဲ။ သူတို့မိသားစုက ဇနီးဖြစ်သူကင်ဆာရောဂါအတွက် ဆေးကုသစရိတ်အကုန်အကျများနေတာကို ရင်ဆိုင်နေခဲ့ရပြီး အခုဆို ထီဆုငွေတချို့နဲ့ ဆေးကုစရိတ်ပေးနိုင်ပြီ။ ဇနီးဖြစ်သူ ပြန်သက်သာလာတဲ့အခါကျ အတူတူပျော်ရွှင်ရမယ့် အရာတစ်ခုခုလုပ်ဖို့ မျှော်လင့်နေတယ်လို့ သူက ဆိုထားပါတယ်။

Ref: Husband Wins $500K on Scratch-Off Lottery While Taking Wife for Cancer Treatment, but She Doesn’t Believe Him

WL ( ရိုးရာလေး)

The post ဇနီးသည်အတွက် ကင်ဆာကုသဖို့ ရက်ချိန်းယူပြီးအပြန် ခဲခြစ်ထီ ဒေါ်လာ ၅၀၀၀၀၀ ပေါက်ခဲ့တဲ့ အမျိုးသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post