- အက်တမ် (ATOM) မှ မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် မိဘမဲ့ကလေး စောင့်ရှောက် ရေးပရဟိတကျောင်း ဆောက်လုပ်လှူဒါန်းမှုဖြင့် ကလေးငယ် ဦးရေ (၃၄၀)ကို ကူညီထောက်ပံ့ သွားမည်။
- ပြန်လည်ဆောက်လုပ်ထားသော စာသင်ကျောင်းသည် အကူအညီလိုအပ်နေသော ကလေးငယ်များ
အတွက် အဓွန့်ရှည်သော တည်တံ့ခိုင်မြဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အပံ့ ဖြစ်စေမည်။
- အက်တမ် (ATOM) သည် ရည်ရွယ်ချက်ကောင်းများနှင့် ရှေ့ဆုံးမှဦးဆောင်ပြီး ထိရောက်သော လူမှုအကျိုးပြုလုပ်ငန်းများဖြင့် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးကို မြှင့်တင်ပေးသွားမည်။

ရည်ရွယ်ချက်ကောင်းများနှင့် စံတန်ဖိုးများအတိုင်း အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသောမြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုကို ပေးအပ်နေသည့်အက်တမ် (ATOM) သည် ပဲခူးတိုင်းဒေသကြီး၊ မြို့လှမြို့နယ်ရှိမေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန်ငွေကျပ်သိန်း (၁,၂၀၀) ကျော်ကို သဒ္ဓါထက်သန်စွာ ထောက်ပံ့လှူဒါန်း ခဲ့ပါသည်။အဆိုပါလှူဒါန်းမှုသည် ‘မျှဝေခံစားအက်တမ်၏ နှလုံးသား’ ဆောင်ပုဒ်အောက်ရှိ‘လူမှုဘဝနှင့် ပညာရေးတိုးတက်ဖွံ့ဖြိုးရေး’ မဏ္ဏိုင်ရည်မှန်းချက်အတိုင်းမြန်မာနိုင်ငံအတွင်းရှိ လူမှုဘဝများကို မြှင့်တင်လိုသည့် အက်တမ် (ATOM) ၏ကတိကဝတ်များကို ထင်ဟပ်စေပါသည်။

ဧပြီလနှင့် ဇူလိုင်လ ၂၀၂၅ ခုနှစ်အတွင်း စတင်တည်ဆောက်ခဲ့ပြီး ဩဂုတ်လ ၁ရက်နေ့၊ ၂၀၂၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ပေ (၂၀’x၆၀’) အကျယ်အဝန်းရှိစာသင်ကျောင်းသစ်သည် အက်တမ် (ATOM) ၏ လူမှု အသိုင်းအဝိုင်း ဦးစားပေးသည့် ယဉ်ကျေးမှုနှင့် ထိရောက်သော အကျိုးသက်ရောက်မှုကောင်းများဖော်ဆောင်ရန် စိတ်အားထက်သန်မှုကို မီးမောင်းထိုးပြလျက်ရှိသည်။အဆိုပါကျောင်းဆောင်သစ်သည် ရေဘေးဒုက္ခကြောင့် နဂို မူလစာသင်ကျောင်းပျက်စီးသွားခဲ့ရပြီးအခက်အခဲကြုံတွေ့ခဲ့ရသော မွေးကင်းစကလေးငယ်များနှင့်ကျောင်းနေ အရွယ်ကလေးဦးရေ စုစုပေါင်း (၃၄၀) အတွက် လုံခြုံစိတ်ချရပြီးတည်တံ့ခိုင်မြဲသော သင်ကြားရေးနဲ့ သင်ယူရေး ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေမည်ဖြစ်ပါသည်။
အကူအညီလိုအပ်လျက်ရှိသော ကလေးငယ်များအတွက် ပညာသင်ကြားပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် နဂိုမူလ စာသင်ကျောင်းအား ၂၀၁၃ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် မကြာသေးမီက ဖြစ်ပေါ် ခဲ့သော
သဘာဝရေဘေးအန္တရာယ်၏ ရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆိုပါစာသင်ကျောင်းကိုအက်တမ် (ATOM) ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ပြန်လည်ဆောက်လုပ်ပေးခဲ့ပြီး ကလေးငယ်များ အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်နေရာကောင်းတစ်ခုဖန်တီး၍ အဓိပ္ပါယ်ပြည့်ဝသော လူမှုကူညီရေး မှတ်ကျောက်ထူနိုင်ခဲ့ပါသည်။

“ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ အခန်းကဏ္ဍက ကုမ္ပဏီတစ်ခုဆိုတာထက်မြန်မာနိုင်ငံအတွက် အားလုံးပါဝင် ချိတ်ဆက်နိုင်ပြီးမြင့်မားတဲ့အနာဂတ်တစ်ခုကို ပုံဖော်တည်ဆောက်ပေးလိုတာဖြစ်ပါတယ်။ ပညာရေးဆိုတာ ကလည်း အခွင့်အလမ်းတွေ ပွင့်လန်းလာစေဖို့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တဲ့အလျောက်အခုလို စာသင်ကျောင်း သစ်ကြီး ပြန်လည်ဆောက်လုပ်ပေးခြင်းအားဖြင့်ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ ပညာရေး၊ အနာဂတ်နဲ့ မျှော်လင့်ချက်တွေရဲ့
ပြယုဂ်တစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံအနှံ့ ချိတ်ဆက်မှုတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလိုကလေးငယ်တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်ထွန်းလာစေဖို့လူမှုအသိုင်းအဝိုင်းအတွင်းမှာ လိုအပ်သလို ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” ဟုအက်တမ် (ATOM) ၏အမှုဆောင်အရာရှိချုပ် Ahmad Abdallah က ပြောကြားခဲ့ပါသည်။
စာသင်ကျောင်းအား ကျောင်းထိုင်ဆရာတော် အရှင်ဝိမလမှ ဦးစီးသွားမည်ဖြစ်ပြီးကျောင်းတွင်း ဆရာမ (၆) ဦးမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အတူတကွလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ကျောင်းစာသင်ကြားရေးနှင့် ဘာသာရေးအဆုံးအမများ၊ စိတ်အေးချမ်းတည်ငြိမ်မှုများပိုမိုရရှိအောင် မွေးထုတ် ပေးနိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ်တည်ရှိသွားမည်ဖြစ်ပြီး နေထိုင်ရေးနှင့် ဘ၀အခက်အခဲကြုံတွေ့ခဲ့ရသောကလေးငယ်များအတွက် လုံခြုံသည့် အသိုက်အဝန်းတစ်ခုကိုဖန်တီးပေးသွားမည်ဖြစ်ပါသည်။

“ဒီကလေးတွေရဲ့ ငွေကြေးခက်ခဲမှု၊ မပြေလည်မှုအခက်အခဲတွေကြားက ပြင်းပြတဲ့လေ့လာသင်ယူလိုစိတ်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ဒီပရောဂျက်ကစာသင်ကျောင်းဆောင်အသစ်တစ်ခု တည်ဆောက်ခြင်း မဟုတ်ဘဲ ကလေးတွေအားလုံးတန်းတူညီမျှပညာသင်ကြားနိုင်စေဖို့နဲ့ တည်တံ့ခိုင်မြဲတဲ့အသိုက်အဝန်းတစ်ခုကိုဖော်ဆောင်ပေးဖို့ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာလိုအပ်တဲ့ အဆောက်အအုံတွေဖြည့်ဆည်းတည်ဆောက်ပြီး အကူအညီလိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းအတွက်ပညာအရည်အသွေးကို မြှင့်တင်ပေးသွားမှာပါ။ အခုလို လူမှုဦးစားပေးယဉ်ကျေးမှု၊လုပ်ဆောင်ချက်တွေနဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက်အရေးပါပြီး အဓွန့်ရှည်တဲ့ သက်ရောက်မှုကောင်းတွေကို ဆက်လက်ဖန်တီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုအက်တမ် (ATOM) ၏ ကော်ပရိတ်ရေးရာအရာရှိချုပ်ဦးသိန်းဟုတ်က ပြောကြားခဲ့ပါသည်။
ကျောင်းထိုင်ဆရာတော်အရှင်ဝိမလ မှလည်း “တဲငယ်လေးမှာနေထိုင်ခဲ့ရတာ စိန်ခေါ်မှုများခဲ့ပါတယ်။ အခုဆိုရင် ကျောင်းဆောင်သစ်ကြီးရှိလာတဲ့အတွက်ဆရာတော်တို့ ပခုံးပေါ်ထမ်းထားရတဲ့ စိတ်ပူပန်မှုတွေ၊ ဝန်တွေတော်တော်လျော့ကျသွားပါတယ်။ ကလေးငယ်တွေအပါအဝင် ဆရာတော်တို့အတွက်လုံခြုံစိတ်ချရပြီးနေထိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးတဲ့နေရာတစ်ခုဖြစ်လာမှာပါ။ အက်တမ် (ATOM) ရဲ့ အခုလိုသဒ္ဓါထက်သန်လှူဒါန်းမှုအတွက် အင်မတန်ကြည်နူးမိပါတယ်။ အခုလိုကောင်းမှုကုသိုလ်တွေပြုလုပ်ခြင်းဖြင့် အသီးအပွင့်တွေများစွာ ခံစားရရှိနိုင်မှာပါ” ဟုပြောကြားခဲ့ပါသည်။

အက်တမ် (ATOM) သည် စာသင်ကျောင်းများအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်း၊အခြေခံအဆောက်အအုံ များကို လိုအပ်သော နေရာဒေသများ၌ ပံ့ပိုးဖြည့်ဆည်း၍ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိအက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ၁ သန်းနီးပါးအား ကူညီပေးနိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနှင့်ဒစ်ဂျစ်တယ်ပညာရေးကဲ့သို့သော အရေးပါသည့်ကဏ္ဍများတွင် အာရုံစိုက်ကာလူမှုအကျိုးပြုလုပ်ငန်းအမျိုးမျိုးအတွက် ၇.၃ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
အက်တမ် (ATOM) မှ မြန်မာနိုင်ငံအနှံ့ ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်လျက်ရှိပြီးတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို တူညီသောအခွင့်အရေး၊လုံခြုံစိတ်ချရမှုနှင့် မျှော်လင့်ချက်များ ပိုင်ဆိုင်နိုင်သော အနာဂတ်တစ်ခုဖန်တီးပေးနိုင်ရန် ဆက်လက်အကောင်အထည်ဖော်နေပါသည်။လူမှုအသိုင်းအ၀ိုင်း ဦးစားပေး ယဉ်ကျေးမှုနှင့်ရည်မှန်းချက်ကောင်းများအတိုင်း ရှေ့ဆက်လျက်ရှိသော အက်တမ် (ATOM) အနေဖြင့်ချိတ်ဆက်မှု များသည် နည်းပညာတစ်ခုထက်ကျော်လွန်၍ နိုင်ငံအနှံ့ရှိလူမှုဘ၀များကို မြှင့်တင်နိုင်ပြီး လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအားတိုးတက်ပြောင်းလဲပေးနိုင်ကြောင်းသက်သေပြုကြိုးစား ဖော်ဆောင်သွားမည် ဖြစ်ပါသည်။
NZ (ရိုးရာလေး)
The post အက်တမ် (ATOM) မှ ကူညီထောက်ပံ့မှုလိုအပ်လျက်ရှိသော ကလေးငယ်များအတွက် မေတ္တာဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ပြန်လည်ဆောက်လုပ်ရန် ငွေကျပ်သိန်းပေါင်း (၁,၂၀၀) ကျော်ကို ထောက်ပံ့လှူဒါန်း appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment