The Boeing 747-400  လေယာဉ်ပေါ်မှာ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ Influencer စုံတွဲ

ကမ္ဘာ့အကျော်ကြားဆုံးလေကြောင်းဆိုင်ရာအကြောင်းအရာဖန်တီးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဆမ်ချွီဆိုသူက မကြာသေးခင်ကမှ သူ့ရဲ့ချစ်သူကောင်မလေး လေယာဉ်မယ် ဖီအိုနာနဲ့ The Boeing 747-400 ကို စင်လုံးငှားပြီး မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ 


သူတို့စုံတွဲဟာ ဇူလိုင် ၁၂ ရက်နေ့က ယူအေအီးရှိ Fujairah International Airport  ကနေ ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲ တက်ရောက်တဲ့ ဧည့်သည်တွေနဲ့အတူ လေယာဉ်ကို ည ၆ နာရီခွဲမှာ ထွက်ခွာခဲ့ပြီး Fujairah လေဆိပ်ကို ပြန်မသွားခင် ၉၅ မိနစ်နီးပါးလောက် အိုမန်ပင်လယ်ကွေ့ပေါ် ပျံသန်းခဲ့ပါတယ်။ 


ဆမ်ချွီက သူတို့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သူတို့ဘဝရဲ့အကောင်းဆုံးနေ့အဖြစ် ဖော်ပြကာ အင်စတာဂရမ်အကောင့်မှာ တင်ပေးခဲ့ပါတယ်။ အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားကြတဲ့ သူတို့စုံတွဲက လေယာဉ်ပေါ်မတက်ခင် အနီရောင်ကော်ဇောထက်မှာ လက်ချင်းတွဲလမ်းလျှောက်ခဲ့ကြပါတယ်။ 


The Boeing 747-400 ကို အဖြူရောင်မင်္ဂလာခန်းမအဖြစ် ပြောင်းလဲခဲ့ပြီး မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေက သူတို့ရဲ့အထူးနေ့ကို ဆင်နွှဲပေးခဲ့ကြပါတယ်။ လေယာဉ်ထဲ မင်္ဂလာခန်းမဖြစ်ဖို့အတွက် လေယာဉ်ထိုင်ခုံ ၁၀၀ နီးပါးကို ဖယ်ပစ်ခဲ့ရတယ်လို့ သိရပါတယ်။ 


Ref: Influencer Sam Chui Hosts ‘Sky Wedding’ Aboard Boeing 747: “Love Is In The Air”

WL ( ရိုးရာလေး)

The post The Boeing 747-400  လေယာဉ်ပေါ်မှာ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ Influencer စုံတွဲ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post