အမြင့်မားဆုံး ဆန်းသစ်တီထွင်မှုတွေနဲ့ ပေါ့ပါး ပါးလွှာမှုအရှိဆုံး Galaxy Z Fold7 နဲ့ Galaxy Z Flip7 စမတ်ဖုန်းတွေကို ပိုတန်တဲ့စျေးနှုန်းနဲ့ Pre-order မှာယူနိုင်မယ့် နောက်ဆုံးအခွင့်အရေး 

Samsung Electronics Co., Ltd. ကနေ မကြာသေးခင်ကမှ မိတ်ဆက်ပေးထားတဲ့ စွမ်းဆောင်ရည်အမြင့်မားဆုံး လုပ်ဆောင်ချက်တွေနဲ့ ပေါ့ပါးပါးလွှာမှုအရှိဆုံးဖြစ်လာတဲ့ Galaxy Z Fold7 နဲ့ အဆုံးအစမဲ့ အကျယ်ပြန့်ဆုံး Flex Window ပါဝင်လာပြီး စွမ်းဆောင်ရည်မြင့်မားသလောက် ပေါ့ပါးပါးလွှာတဲ့ Galaxy Z Flip7 တို့ကို အတန်ဆုံး Pre-order အထူးစျေးနှုန်း၊ လက်ဆောင်၊ အကျိုးခံစားခွင့်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ကြိုတင် Pre-order မှာယူရရှိနိုင်မယ့်ကာလကို  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ အထိ တိုးမြှင့်ပေးထားတာ​ဖြစ်ပါတယ်။ 

Galaxy Z Fold7 ဟာ ခေါက်ထားချိန်မှာ 8.9 mm အထူသာရှိပြီး ဖြန့်ထားချိန်မှာ 4.2 mm အထိသာ အထူရှိတော့တဲ့အပြင် 216g သာရှိတော့တဲ့အထိ ပေါ့ပါးပါးလွှာမှုအရှိဆုံးဒီဇိုင်း၊ Ultra အဆင့် 200MP Wide Camera အပါအဝင် စွမ်းဆောင်ရည်မြင့်ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ဆန်းသစ်တီထွင်စွာ ထွက်ရှိလာတာဖြစ်လို့ Samsung ချစ်သူများအကြား လူကြိုက်များ၊ ရေပန်းစားလျက်ရှိနေတာဖြစ်ပါတယ်။ လှပဆန်းသစ်ပြီး လူငယ်ဆန်တဲ့ အရောင်တွေနဲ့ထွက်ရှိလာတဲ့ Galaxy Z Flip7 မှာလည်း ကျောဘက် Cover Screen ကို 4.1” အထိ တိုးမြင့်ထားတဲ့ အကျယ်ပြန့်ဆုံး Infinity Flex Window ပါဝင်လာပြီး သုံးစွဲမှုအတွေ့အကြုံတိုင်းကို ထူးခြားဆန်းသစ်ကောင်းမွန်စေမှာဖြစ်ပါတယ်။ Galaxy Z Fold7 နဲ့ Galaxy Z Flip7 နှစ်မျိုးစလုံးမှာ နောက်ဆုံးပေါ် အဆင့်မြင့် Galaxy AI လုပ်ဆောင်ချက်တွေလည်းအသုံးပြုနိင်တာဖြစ်လို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလည်း စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့လုပ်ဆောင်နိုင်အောင် ကူညီပေးနိင်ဦးမှာပါ။ အဆိုပါ ခေါက်စမတ်ဖုန်းများနဲ့အတူ အသစ်ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် Galaxy Watch8 Series စမတ်နာရီများမှာလည်း ထူးခြားလှပတဲ့ဒီဇိုင်း၊ ကျန်းမာရေးနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဆောင်ချက်တွေကို ကူညီပေးနိုင်အောင် ဆန်းသစ်တီထွင်ထားတဲ့ စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်တွေ၊ Voice Command ကိုအသုံးပြုနိုင်ပြီး AI Agent တစ်ခုလိုရှိနေပေးမယ့်
AI လုပ်ဆောင်ချက်တွေနဲ့ One UI 8 ကိုထည့်သွင်းပေးထားတာကြောင့် Galaxy ဖုန်းများနည်းတူ အသုံးပြုနိုင်မယ့် Now Bar လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ 

Pre-Order အထူးဈေးနှုန်းများ

Galaxy Z Fold7 ကို ကြိုတင်မှာယူတဲ့ ကာလမှာ ၇,၉၅၀,၀၀၀ ကျပ် နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Blue Shadow, Silver Shadow, Jetblack နဲ့ Mint (Online Exclusive) အရောင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Galaxy Z Flip7 ကိုတော့
၄,၉၃၀,၀၀၀ ကျပ် နဲ့ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး Jetblack, Blue Shadow, Coralred, နဲ့ Mint (Online Exclusive) အရောင်တွေနဲ့ ရရှိနိုင်မှာပါ။  

Galaxy Watch 8 Series ကိုတော့ Galaxy Watch8 Classic 46mm [Blac, White] ကို ၁,၉၉၉,၀၀၀ ကျပ် Galaxy Watch8 44mm [Graphite, Silver] ကို ၁,၅၂၀,၀၀၀ ကျပ် နဲ့ Galaxy Watch8 40mm [Graphite, Silver] – ၁,၄၀၀,၀၀၀ ကျပ် တို့နဲ့ ရရှိနိုင်မှာဖြစ်ပြီး Galaxy Z Fold 7 သို့ Galaxy Z Flip7 နဲ့အတူ တွဲဖက်ဝယ်ယူမယ်ဆိုရင်တော့ ၂၀% အထိ သက်သာခွင့်ကိုရရှိသွားနိုင်ဦးမှာဖြစ်ပါတယ်။ 

အထူးခံစားခွင့်များနဲ့ လက်ဆောင်များ

  • RAM 256 GB ရှိသည့် Galaxy Z Fold7 (သို့မဟုတ်) Galaxy Z Flip7 ကို Pre-order မှာယူခြင်းအတွက် စုစုပေါင်း မြန်မာငွေကျပ် ၇၀၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိ အောက်ပါလက်ဆောင် ၂ မျိုး 
  • RAM 512 GB သို့ Storage နှစ်ဆ အခမဲ့မြှင့်တင်ပေးခြင်း  
  • Galaxy Z Fold7 စမတ်ဖုန်းအတွက် Silicone Case နှင့် Galaxy Z Flip7 စမတ်ဖုန်းအတွက် Silicone Case with Ring လက်ဆောင်  
  • လက်ရှိကိုင်ဆောင်နေသည့် ဖုန်း (သတ်မှတ်ထားသော ဖုန်းအမျိုးအစား) နှင့် လဲလှယ်နိုင်သည့် အဟောင်းပေး အသစ်ယူ Trade In အစီအစဉ်  
  • Samsung Care+ ၀န်ဆောင်မှုကို Pre-order customers များအတွက် ဝယ်ယူပြီးသည့်နေ့မှ ၆လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ်၊ ၁၈ လအတွင်း Main Screen မတော်တဆ ထိခိုက်ခြင်းအတွက် ၇၀% နှင့် Cover Screen (သို့မဟုတ်) Screen Protector မတော်တဆ ထိခိုက်ခြင်းအတွက် ၁၀၀% သက်သာခွင့်များအား
  • ATOM ဆင်းမ်ကတ် အသုံးပြုသူများ အတွက် ၆ ကြိမ်အထိ အခမဲ့ Bundle Benefits များ 
  • Samsung Showroom များတွင် AYA Bank, AYA PAY, CB Bank, Blue Season, Rent2Own တို့နှင့် ချိတ်ဆက်ဝယ်ယူပါက ၆ လအထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်ခွင့် စသည်တို့အပြင် 
  • Galaxy Z Fold7 (သို့) Galaxy Z Flip7 နှင့်အတူ Galaxy Watch8 Classic (သို့) Galaxy Watch8 (သို့) Galaxy Buds3 / Buds3 Pro အား တွဲဖက်ဝယ်ယူပါက ၂၀% အထိ သက်သာခွင့်တို့ကို ရရှိသွားမှာပါ။ 

အဆိုပါ အထူးလက်ဆောင်နဲ့ ခံစားခွင့်တွေကို အမိအရ ရယူနိုင်ဖို့အတွက်ကိုတော့ ဩဂုတ်လ (၆) ရက်နေ့မတိုင်ခင် [http://smsng.co/galaxy-zfold7-zflip7-pre-order-now] မှာ ကြိုတင်စာရင်းသွင်းမှာယူသွားနိုင်မှာဖြစ်ပြီး Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။ 

 #Samsung #GalaxyUnpacked #GalaxyZFold7 #GalaxyZFlip7 #GalaxyWatch8 #GalaxyAI

NZ ( ရိုးရာလေး)

The post အမြင့်မားဆုံး ဆန်းသစ်တီထွင်မှုတွေနဲ့ ပေါ့ပါး ပါးလွှာမှုအရှိဆုံး Galaxy Z Fold7 နဲ့ Galaxy Z Flip7 စမတ်ဖုန်းတွေကို ပိုတန်တဲ့စျေးနှုန်းနဲ့ Pre-order မှာယူနိုင်မယ့် နောက်ဆုံးအခွင့်အရေး  appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post