အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ရဲ့ မိုဘိုင်းလုံခြုံရေး နည်းပညာအသစ်

Knox Enhanced Encrypted Protection နည်းပညာ၊ အဆင့်မြှင့်တင်ပေးထားတဲ့ Knox Matrix threat response နဲ့ Quantum-resistant Secure Wi-Fi စနစ် စတဲ့ ဆန်းသစ်တီထွင်မှု အသစ်တွေက Galaxy စမတ်ဖုန်းအသစ်တွေရဲ့ လုံခြုံရေးနဲ့ အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေကို ပိုမိုကောင်းမွန်စေမှာပါ
 
Samsung Electronics Co., Ltd ကနေ Samsung Galaxy စမတ်ဖုန်းအသစ်တွေအတွက် One UI 8 နဲ့အတူ Security နဲ့ Privacy Update အသစ်တွေကို မကြာသေးခင်ကပဲ ယူဆောင်ပေးလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Update အသစ်တွေနဲ့ On-Device AI အတွက် အကာကာအကွယ်အသစ်တွေ မိတ်ဆက်ပေးလိုက်ခြင်းက အရှိန်အဟုန်နဲ့  တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စွမ်းဆောင်ရည်မြင့်ပြီး ယုံကြည်စိတ်ချရတဲ့ မိုဘိုင်းနည်းပညာတွေကို ယူဆောင်လာပေးရန်ဆိုတဲ့ Samsung ရဲ့  ကတိကဝတ်ကို ဖော်ဆောင်နေတာပဲဖြစ်ပါတယ်။
 
AI Personalization အတွက် မျိုးဆက်သစ် မိုဘိုင်းလုံခြုံရေး
 
Samsung ကနေ မျိုးဆက်သစ် AI နည်းပညာနဲ့ လုပ်ဆောင်ချက်တွေရဲ့ လုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားတဲ့ နောက်ဆုံးပေါ် မိုဘိုင်းလုံခြုံရေး ဆန်းသစ်တီထွင်မှုတစ်ခုအနေနဲ့ Knox Enhanced Encrypted Protection (KEEP) နည်းပညာကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ KEEP ဟာ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ မှတ်ဉာဏ်သိုလှောင်မှုအတွင်းမှာပဲ Application တစ်ခုချင်းစီအတွက် Encrypt ပြုလုပ်ပြီး ကုဒ်ဝှက်ထားတဲ့ နေရာမှာ အချက်အလက်တွေကို သိမ်းဆည်းပေးမှာဖြစ်ပြီး Application တွေကနေ မဖြစ်မနေလိုအပ်တဲ့ အချက်အလက်ကလွဲပြီး ဘယ်အချက်အလက်ကိုမှ မရရှိနိုင်အောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ Samsung Galaxy ရဲ့ Personal Data Engine (PDE) နဲ့ ထောက်ပံ့ပေးထားတဲ့ KEEP ဟာ Now Brief နဲ့ Smart Gallery search လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်စေတဲ့ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ကာကွယ်ပေးမှာပါ။ KEEP နည်းပညာတစ်ခုတည်းနဲ့တင်မဘဲ Samsung ရဲ့ Knox Vault နည်းပညာနဲ့ပါ ထပ်မံ ကာကွယ်ပေးထားသေးတာဖြစ်လို့ အဆိုပါအချက်အလက်တွေက အသုံးပြုသူရဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းထဲမှာပဲ လုံခြုံစွာရှိနေမှာဖြစ်ပြီး လုံခြုံစိတ်ချစွာနဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ချောချောမွေ့မွေ့ အသုံးပြုနိုင်စေမှာပါ။
 
Knox Matrix ရဲ့ ပိုမို အဆင့်မြင့်စွာချိတ်ဆက်နိုင်လာတဲ့ Threat Response
 
AI နည်းပညာကို Ecosystem တစ်ခုလုံးမှာ တိုးချဲ့ထည့်သွင်းပေးလာတာနဲ့အတူ Samsung ဟာ ပိုမိုခိုင်မာတဲ့ လုံခြုံရေး စနစ်ကိုသာမဘဲ ပိုမိုပွင့်လင်းမြင်သာပြီး သုံးစွဲသူများအနေနဲ့ ပိုမိုထိန်းချုပ်မှုများပြုလုပ်နိုင်တဲ့ Knox Matrix နည်းပညာနဲ့အကာအကွယ်များကို မြှင့်တင်လျက်ရှိပါတယ်။ ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်တွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပြီးး အသုံးပြုရပိုမိုလွယ်ကူစေဖို့အတွက် One UI 8 ကနေတစ်ဆင့် Knox Matrix ကို တိုးတက်လာအောင် ဖော်ဆောင်နေတာဖြစ်ပါတယ်။ အသုံးပြုနေတဲ့ မိုဘိုင်းထုတ်ကုန်ပစ္စည်းရဲ့ စနစ်ကို ဝင်ရောက်ခြယ်လှယ်ခြင်း သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အတုအပပြုလုပ်ခြင်းများကဲ့သိုသော လုံခြုံရေးပိုင်းဆိုင်ရာ အန္တရာယ်များရှိနေသည်ကို အချက်ပြတဲ့အခါမှာ အဆိုပါအခြေအနေကို ထိန်းချုပ်နိုင်ပြီး မပြန့်ပွားစေရန်တွက် Samsung Account မှ အလိုအလျောက်ထွက်ပြီး Cloud နဲ့ ချိတ်ဆက်ထားတဲ့ လုပ်ဆောက်ချက်များးသို့ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ပေးမှာပါ။ အသုံးပြုသူအနေနဲ့ချိတ်ဆက်ထားတဲ့ Galaxy ထုတ်ကုန်အားလုံးမှာ အသိပေးချက်တွေရရှိမှာဖြစ်ပြီး ‘Security status of your devices’ သို့ ဝင်ရောက်ကာ အခြေအနေကို စစ်ဆေးပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးပေါ် Security Status Updates များနဲ့ လုံခြုံရေး အဆင့်မမြှင့်တင်ရသေးတဲ့ ထုတ်ကုန်ပစ္စည်းများမှာပင် အဝါရောင်အဆင့် သတိပေးချက်များရရှိနိုင်မှာဖြစ်ပြီး အခြေအနေပိုမို မကြီးထွားမီမှာ ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်နိုင်အောင် ကူညီပေးမှာပါ။
 
Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေတဲ့ Quantum-Resistant Encryption နည်းပညာ

Samsung ဟာ Galaxy S25 စီးရီးစမတ်ဖုန်းတွေမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Quantum-safe Security ကို ဆက်လက်တိုးချဲ့ပေးအပ်ပြီး Secure Wi-Fi စနစ်ကို ပိုမိုအားကောင်းစေမယ့် Post-quantum Cryptography နည်းပညာ ကို Post-Quantum Enhanced Data Protection (EDP) နည်းပညာကတစ်ဆင့် ယူဆောင်ပေးလာခဲ့ပြီဖြစ်ပါတယ်။ Secure Wi-Fi ကို ယခုအခါမှာ Cryptographic Framework အသစ်နဲ့ အဆင့်မြှင့်တင်ပေးလိုက်ပြီဖြစ်ပြီးအထူးသဖြင့် Quantum Computing နည်းပညာခေတ်မှာ အဓိကတွေ့ကြုံရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ပေးနိုင်မှာပါ။ အဆိုပါအဆင့်မြှင့်တင်မှုတွေက အများနဲ့ မျှဝေသုံးစွဲရတဲ့ Public Networks များအသုံးပြုချိန်မှာတောင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံခြုံအောင် ကူညီပေးနိုင်ဦးမှာပါ။ အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့်နည်းပညာတွေအတွက်ပါ အသင့်ဖြစ်နေတဲ့ အဆိုပါအခြေခံအုတ်မြစ် နည်းပညာများအပြင် Secure Wi-Fi မှာ Auto Protect၊ Enhanced Privacy Protection (EPP) နဲ့ Protection Activity စတဲ့ အဆင့်မြင့်လုံခြုံရေးလုပ်ဆောင်ချက်တွေပါ ပါဝင်လာသေးတာဖြစ်ပါတယ်။
 
အဆင့်မြင့် အကာအကွယ်များ ပါဝင်ပြီးသားဖြစ်ပြီး စိတ်ချယုံကြည်ရတဲ့ Platform တစ်ခု

Samsung ဟာ ၎င်းရဲ့ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများအပြင်၊ Galaxy ထုတ်ကုန်များသုံးစွဲမှု အတွေ့အကြုံကို ပိုမိုကောင်းမွန်ခိုင်မာစေတဲ့ ပင်မလုံခြုံရေးအကာအကွယ်များကို အားကောင်းအောင် စဉ်ဆက်မပြတ် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ထီုလုပ်ဆောင်ချက်တွေက ထုတ်ကုန်တွေရဲ့ Hardware ရော Software အပိုင်းကိုပါ လုံခြုံရေးအလွှာများစွာနဲ့ ကာကွယ်ပေးထားသလို ပွင့်လင်းမြင်သာပြီး အသုံးပြုသူအနေနဲ့ ပိုမိုထိန်းချုပ်နိုင်စွမ်းတွေရှိစေမှာပါ။

    စကားဝှက်များ၊ ပင်နံပါတ်များနှင့် Biometrics အချက်အလက်များကဲ့သို့ အရေးကြီးတဲ့ အချက်အလက်တွေကို ရုပ်ပိုင်းဆိုင်ရာအချက်အလက်သိမ်းဆည်းမှုများနဲ့ သီးခြားခွဲထုတ်သိမ်းဆည်းပေးထားတဲ့အတွက် ပင်မလည်ပတ်မှုစနစ် ပျက်စီးသွားသည့်တိုင်အကာအကွယ်ရရှိနေစေဦးမယ့် Knox Vault စနစ်၊အလိုအလျှောက် အကာအကွယ်တွေပြု လုပ်ပေးထားပြီး ခွင့်ပြုထားခြင်းမရှိတဲ့ Application များ ထည့်သွင်းခြင်း Command-based လုံခြုံရေးထိုးဖောက်တိုက်ခိုက်မှုများကို ကန့်သတ်ခြင်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ Zero-click လုံခြုံရေး ထိုးဖောက်မှု အန္တရာယ်များကို လျော့ပါးစေမယ့် Auto Blocker၊ AI လုပ်ဆောင်ချက်များအတွက် အချက်အလက်များ Online ပေါ် တင်ပို့မှုကို ပိတ်ရန် ရွေးချယ်နိုင့် ပြီး အသုံပြုသူအနေနဲ့ မိမိအချက်အလက်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်စေမယ့် Advanced Intelligence Settings၊လုယက်ခံရမှုကဲ့သို့သော အန္တရာယ်များသော အခြေအနေများတွင်ပင် Identity Check နှင့် Security Delay ကဲ့သို့သော အကာအကွယ်လုပ်ဆောင်ချက်များနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးမယ့် Enhanced Theft Protection စတဲ့ အဆင့်မြင့်လုံခြုံရေးစနစ်တွေနဲ့ အကာအကွယ် ရရှိနိုင်မှာဖြစ်ပါတယ်။

 
နည်းပညာများတိုးတက်မှုနဲ့အတူ လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ Samsung ဟာ ထုတ်ကုန်များမှာ တစ်ပါတည်းပါဝင်ပြီး လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအတွက် အမြဲအဆင်သင့်ဖြစ်နေတဲ့ အကာအကွယ်များကို ပေးဆောင်ရန် အာရုံစိုက်ကာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေပါတယ်။
 
အဆိုပါ နောက်ဆုံးပေါ် အဆင့်မြင့်လုံခြုံရေးနည်းပညာများ စတင်ပါဝင်လာတဲ့ Galaxy ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy Z Fold7 နဲ့ Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းအသစ်တွေကိုတော့ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်မှ (၂၉) ရက်အတွင်း Pre-Order အထူးဈေးနှုန်းများ၊ လက်ဆောင်များ၊ အထူးခံစားခွင့်များနဲ့အတူ  [http://smsng.co/galaxy-zfold7-zflip7-pre-order-now] ကနေ ကြိုတင်စာရင်းသွင်းမှာယူသွားနိုင်မှာပါ။
 
Galaxy Z Fold7 ကို ၇,၉၅၀,၀၀၀ ကျပ်၊ Galaxy Z Flip7 ကို ၄,၉၃၀,၀၀၀ကျပ် တို့နဲ့ Pre-Order မှာယူနိုင်မှာဖြစ်ပြီး စုစုပေါင်း မြန်မာငွေကျပ် (၇) သိန်းကျပ်အထိ တန်ဖိုးရှိ လက်ဆောင်တွေအပြင် (၆) လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူခွင့်၊ Trade In အခွင့်အရေး၊ (၁၈) လအထိ ကာကွယ်မှုပေးထားမယ့် Samsung Care+ နဲ့ Operator Bundle Benefits စတဲ့ Pre-order ကာလအတွင်းမှာပဲ ရယူနိုင်မယ့် အထူးအခွင့်အရေးတွေကိုလည်း ရရှိသွားနိုင်မှာဖြစ်ပါတယ်။
 
Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်ပါတယ်။
 
#Samsung #OneUI8 #GalaxyZFold7 #GalaxyZFlip7 #GalaxyAI

NZ ( ရိုးရာလေး)

The post  အနာဂတ်ကာလမှာ ပိုမိုတိုးတက်အဆင်မြင့်လာဦးမယ့် AI သုံးစွဲမှုအတွေ့အကြုံအတွက် အသင့်ဖြစ်နေတဲ့ Samsung ရဲ့ မိုဘိုင်းလုံခြုံရေး နည်းပညာအသစ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post