MrJazsohanisharma

အစိုးရဆေးရုံတွေမှာ မီးဖွားစရိတ် လုံးဝကင်းလွတ်ခွင့်ပေးမယ်လို့ ဘာကီနာဖာဆိုသမ္မတ ကြေညာ

ဘာကီနာဖာဆိုနိုင်ငံရဲ့ အစိုးရဆေးရုံတွေအားလုံးမှာ မီးဖွားစရိတ် လုံးဝကင်းလွတ်ခွင့်ပေးဖို့ သမ္မတ အီဘရာဟင်ထရာအိုရေးက ကြေညာခဲ့ပါတယ်။ အော်ဂါဒူဂူမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကျန်းမာရေးညီလာခံမှာ အီဘရာဟင်ထရာအိုရေးက အခုလို ကြေညာခဲ့တာပါ။

” လူ့အသက်တစ်ချောင်းကို ကမ္ဘာမြေပေါ် ဆောင်ကျဉ်းပေးတဲ့ အမျိုးသမီးတိုင်း ကုန်ကျစရိတ် ပေးစရာအကြောင်းမရှိပါဘူး။ ကျွန်တော်လည်း အမေ့ဗိုက်ထဲကနေ လူဖြစ်လာခဲ့တာပါ။ ကလေးမွေးဖို့ မိခင်တွေ စရိတ်ပေးရတယ်ဆိုတာကို ကျွန်တော် လက်မခံပါဘူး” လို့ အီဘရာဟင်ထရာအိုရေးက ဆိုပါတယ်။

သူ့အမေဟာ သူ့ကို မွေးခါနီးတုန်းက မီးဖွားစရိတ် မတတ်နိုင်လို့ သူ့အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ဖူးတဲ့အကြောင်းကိုလည်း ထရာအိုရေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

မီးဖွားစရိတ် လုံးဝကင်းလွတ်ခွင့်မူဝါဒကို ဒေသန္တနဲ့ ခရိုင်ဆေးရုံတွေမှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး လာမယ့် ၆ လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်လျက် ရှိပါတယ်။

Ref: Burkina Faso s President Ibrahim Traoré has declared childbirth free in all government hospitals

NZ ( ရိုးရာလေး)

The post အစိုးရဆေးရုံတွေမှာ မီးဖွားစရိတ် လုံးဝကင်းလွတ်ခွင့်ပေးမယ်လို့ ဘာကီနာဖာဆိုသမ္မတ ကြေညာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post