ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းကြား ဆိုလာတပ်ဆင်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်အသုံးပြုမယ့် စီမံကိန်းကို စမ်းသပ်အကောင်အထည် ဖော်လျက် ရှိပါတယ်။
ဆွစ်ဇာလန်နိုင်ငံ နျူချာတယ်ဒေသမှာရှိတဲ့ ရထားလမ်းတွေမှာ ဆိုလာတပ်ဆင်တဲ့ စမ်းသပ်စီမံကိန်းကို Sunways ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး ရထားလမ်းပိုင်းတစ်ခုရဲ့ မီတာ ၁၀၀ အကွာအဝေးမှာ ဆိုလာ ၄၈ ပြား တပ်ဆင်သွားမှာပါ။
စမ်းသပ်စီမံကိန်း ပြီးစီးသွားရင် ဆိုလာစွမ်းအင် ထုတ်လုပ်မှုဟာ တစ်နှစ်ကို ကီလိုဝပ် ၁၆၀၀၀ အထိ ရှိလာမယ်လို့ ခန့်မှန်းထားပြီး ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၇၀၈၇၀၀ ကျသင့်တယ်လို့ သိရပါတယ်။
Ref: Switzerland Pilots First Solar Power Plant on Active Railway Tracks
NZ (ရိုးရာလေး)
The post ဆွစ်ဇာလန်မှာ ရထားသံလမ်းကြား ဆိုလာပြားတွေ တပ်ဆင်ပြီး စမ်းသပ်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment