MrJazsohanisharma

နှာခေါင်းနဲ့ အမြန်ဆုံးစာရိုက်ပြနိုင်ခဲ့လို့ ၃ ကြိမ်တိုင်တိုင် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အိန္ဒိယအမျိုးသား

အသက် ၄၄ နှစ်အရွယ် ဗီနော့တ်ကူမား ချော့ဒရီဆိုသူ အိန္ဒိယအမျိုးသားဟာ နှာခေါင်းနဲ့ အမြန်ဆုံးစာရိုက်နိုင်ခဲ့လို့ နောက်ထပ်ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ အခုတစ်ခေါက်တော့ ၃ ကြိမ်မြောက်စံချိန်ချိုးနိုင်ခဲ့တာပါ။ ပထမဆုံးစံချိန်ချိုးနိုင်ခဲ့တာက ၂၀၂၃ ခုနှစ် မှာဖြစ်ပြီး ၂၇.၈၀ စက္ကန့်အတွင်း နှာခေါင်းနဲ့ စာရိုက်ပြခဲ့တာပါ။

အဲဒီနှစ်မှာပဲ ၂၆.၇၃ စက္ကန့်နဲ့ နောက်တစ်ကြိမ်စံချိန်ထပ်ချိုးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ၂၅.၆၆ စက္ကန့်အတွင်း နှာခေါင်းနဲ့စာရိုက်ပြနိုင်ခဲ့တာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက နှာခေါင်းနဲ့ အင်္ဂလိပ်အက္ခရာတွေကို ရိုက်ပြနေတဲ့ ဗီနော့တ်ရဲ့ဗီဒီယိုကို “မင်းတို့ရဲ့နှာခေါင်းနဲ့ အက္ခရာတွေကို ဘယ်လောက်မြန်မြန် ရိုက်ပြနိုင်လဲ”ဆိုတဲ့စာသားနဲ့ မျှဝေခဲ့တာပါ။

ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့အတွက် ဗီနော့တ်က QWERTY Keyboard မှာ ရောမအက္ခရာတွေကို Space ခြားပြီး ရိုက်ပြခဲ့ရပါတယ်။ သူ့ကို Typing Man of India အဖြစ်လူသိများပါတယ်။ သူဟာ ၅.၃၆ စက္ကန့်အတွင်း လက်တစ်ဖက်တည်းနဲ့ အက္ခရာတွေကို နောက်ပြန်ရိုက်ပြနိုင်တဲ့စံချိန်၊ ၆.၇၈စက္ကန့်အတွင်း ကျောဘက်မှာ လက်ထားပြီး အက္ခရာတွေကို ရိုက်ပြနိုင်တဲ့စံချိန်တွေကိုလည်း ချိုးခဲ့တာပါ။

ဗီနော့တ်က ဒီစံချိန်ကို ချိုးဖို့အတွက် နာရီပေါင်းများစွာ လေ့ကျင့်ခဲ့ရပြီး နှာခေါင်းနဲ့ရိုက်ရလွန်းလို့ မူးဝေသလိုတောင်ဖြစ်ခဲ့တာပါ။ သူက သူ့ရဲ့အောင်မြင်မှုဟာ တစ်နေ့တာ တရားထိုင်ခြင်းနဲ့ အကောင်းမြင်စိတ်ထားခြင်းတွေကြောင့်လို့မှတ်ယူထားပါတယ်။ သူ့အိပ်မက်က နိုင်ငံတကာခရစ်ကက်ကစားသမားဟောင်း ဆာချင် တန်ဒူလ်ကာလို စံချိန်တွေအများကြီးချိုးဖို့ပါပဲ။

Ref: 44-YO Indian Man Sets New Guinness World Record By Typing With His Nose For The 3rd Time

WL ( ရိုးရာလေး)

The post နှာခေါင်းနဲ့ အမြန်ဆုံးစာရိုက်ပြနိုင်ခဲ့လို့ ၃ ကြိမ်တိုင်တိုင် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အိန္ဒိယအမျိုးသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post