အူစိန်ဘော့ထက် ပိုမြန်တယ်ဆိုတဲ့ Superman စက်ရုပ်

တရုတ်နိုင်ငံ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း Unitree က ထုတ်လုပ်တဲ့ လူပုံသဏ္ဍာန် စက်ရုပ်ဟာ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

Superman လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ တစ်စက္ကန့်ကို ၁၂.၆၆ မီတာ (တစ်နာရီ ၄၅.၆ ကီလိုမီတာ) နှုန်းအထိ အရှိန်မြှင့် ပြေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉.၅ စက္ကန့်အောက်ဖြင့် ပထမဆုံး ပန်းဝင်ခဲ့တဲ့ အူစိန်ဘော့ရဲ့ အမြင့်ဆုံး မြန်နှုန်း (တစ်စက္ကန့်ကို ၁၂.၂၇ မီတာ (တစ်နာရီ ၄၄.၁၇ ကီလိုမီတာ) ထက် ပိုမြန်ပါတယ်။

Superman စက်ရုပ်ဟာ အပြေးမြန်ရုံတင်မကဘဲ ခုန်နိုင်စွမ်းလည်း မြင့်မားပြီး အမြင့် ၂ မီတာ (၆.၅ ပေ)အထိ ခုန်နိုင်တယ်လို့ ဆိုပါတယ်။ ဒီစက်ရုပ်ဟာ ပုံသဏ္ဍာန်အားဖြင့် ကြည့်ရဆိုးပေမဲ့ (ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအတိုင်း အမှန်တကယ် စွမ်းဆောင်နိုင်မယ်ဆိုရင်) တကယ့်ကို အံ့အားသင့်စရာပါပဲ။

Superman စက်ရုပ်ရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်စရာ ဖြစ်ပေမဲ့ အစောပိုင်းကာလမှာ Unitree ကုမ္ပဏီမှ ထုတ်လုပ်တဲ့ စက်ရုပ်တချို့ ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ကသောင်းကနင်း ဖြစ်ခဲ့ဖူးတာကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

Ref: World’s Fastest Humanoid Robot Can Already Run Faster Than Usain Bolt

NZ (ရိုးရာလေး)

The post အူစိန်ဘော့ထက် ပိုမြန်တယ်ဆိုတဲ့ Superman စက်ရုပ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post