MrJazsohanisharma

အစာအိမ် ၂ လုံးရှိပြီး အဆုတ်မရှိတဲ့ ပုရွက်ဆိတ်

ပုရွက်ဆိတ်တွေမှာ အဆုတ်တွေ မရှိပါဘူး။ သူတို့ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အပေါက်ငယ်လေးတွေကနေ အောက်ဆီဂျင်ကို တိုက်ရိုက်ရှုသွင်းကြပြီး အဲဒီအပေါက်ငယ်တွေကနေပဲ ကာဗွန်ဒိုင်အောက်ဆိုက် ပြန်ထုတ်ကြပါတယ်။ ပုရွက်ဆိတ်တွေမှာ နားတွေလည်း မရှိကြပါဘူး။

ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်မျိုးကွဲပေါင်း ၁၂၀၀၀ ကျော် ရှိပြီး ဒိုင်နိုဆောတွေထက် သက်တမ်းပိုရှေးကျတဲ့ သက်ရှိတွေလည်း ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေ မပေါ်ခင်ကတည်းက ပုရွက်ဆိတ်တွေ ရှိနေခဲ့ကြတာပါ။

ပုရွက်ဆိတ်တွေဟာ သူတို့ခန္ဓာကိုယ်ထက် အဆ ၂၀ ကျော် လေးလံတဲ့ အရာဝတ္တုတွေကို သယ်မနိုင်စွမ်းရှိပါတယ်။ ပုရွက်ဆိတ်တွေဟာ အောက်ဆီဂျင်မရှိဘဲ ၂ နာရီကြာ အသက်ရှင်နိုင်စွမ်းရှိပြီး သူတို့ရဲ့ခန္ဓာကိုယ်မှာ သွေးလည်း မရှိပါဘူး။ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးဖို့အတွက် hemolymph ဆိုတဲ့ ခန္ဓာကိုယ်အရည်ကို အသုံးပြုကြတာပါ။

ပုရွက်ဆိတ်တွေရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ သူတို့ခန္ဓာကိုယ်မှာ အစာအိမ် ၂ လုံး ပါဝင်နေတာပါပဲ။ အစာအိမ်တစ်လုံးထဲမှာ သူတို့စားဖို့ အစားအစာကို သိုလှောင်ထားပြီး နောက်တစ်လုံးကတော့ အခြားပုရွက်ဆိတ်တွေနဲ့ ဝေမျှစားသောက်ဖို့ သိုလှောင်ထားတာပါ။

Ref: Ant’s Fact

NZ ( ရိုးရာလေး)

The post အစာအိမ် ၂ လုံးရှိပြီး အဆုတ်မရှိတဲ့ ပုရွက်ဆိတ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post