MrJazsohanisharma

အက်တမ်မှ မြန်မာနိုင်ငံတစ်ဝန်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ကေ့ချ်သုံးစွဲခွင့်များ ပေးအပ်ကူညီ

  • အက်တမ်(ATOM)မှ အခမဲ့အက်တမ်အချင်းချင်းနှင့် အခြားပြည်တွင်း
    ဖုန်းခေါ်ဆိုမှုများအပြင် အင်တာနက် ဒေတာအသုံးပြုခွင့်များကို (၇) ရက်စာ
    ပေးအပ်
  • အခမဲ့ ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ခ်များကို မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့အထိ ရရှိနိုင်
  • အက်တမ်(ATOM) မှ အခက်အခဲဖြစ်နေချိန်တွင် မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့်အတူတူဆက်လက် ရပ်တည်ပြီး အကူအညီများပေးအပ်

မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင်ပါ  မကြာသေးခင်မှ ကျရောက်ခဲ့သော ငလျင်ဘေးအန္တရာယ်ကိုပြန်လည်တုံ့ပြန်သောအားဖြင့် အက်တမ် (ATOM)မှ ငလျင်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် အခမဲ့ ဖုန်းခေါ်ဆိုခွင့် နှင့် ‌‌ဒေတာပက်ကေ့ချ်များ ပေးအပ်ပြီး မြန်မာလူမှု့အသိုင်းအဝိုင်းနှင့် အတူတကွ ရပ်တည်ကြောင်းဖော်ထုတ်ပြသလိုက်ပါသည်။

အက်တမ် (ATOM)မှ “မျှဝေခံစား အက်တမ်၏နှလုံးသား” အစီအစဉ်မှတဆင့် ယခုလို အခက်အခဲကာလမှာ  ငလျင်ဘေးသင့် customer များအား အဆက်အသွယ်မပြတ်ရှိနေစေရန်၊ သတင်းအချက်လက်များသိရှိနိုင်စေရန် နှင့် အရေးပေါ်အကူအညီများ ရရှိစေရန် အက်တမ်အချင်းချင်းဖုန်းခေါ်ဆိုခွင့်မိနစ် ၃၀၀၊ ပြည်တွင်းဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၀၀ နှင့်တစ်ခါသုံးဒေတာပက်ခ်  1GB အား (၇) ရက်စာ အခမဲ့ပေးအပ်လိုက်ပါသည်။

အခမဲ့ ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ကေ့ချ်အသုံးပြုခွင့်များကိုမတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့ အထိ ပေးအပ်သွားမှာဖြစ်ပါသည်။ အဆိုပါ အားထုတ်ကြိုးပမ်းမှုများသည် အရေးပေါ်အခြေအနေများတွင် အဓိပ္ပါယ်ရှိသော၊ သက်ရောက်မှုရှိသော အကူအညီများပေးအပ်လျှက် အက်တမ် (ATOM)၏ ပြည်သူများအပေါ်ထားရှိ​သော ကတိကဝတ်ကို ထင်ဟပ်စေပါသည်။

 “ပထမဆုံးအနေနဲ့ ငလျင်ဘေးဒဏ်သင့်ခဲ့ကြသော ပြည်သူများအားလုံးအတွက်အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်။ အဆက်အသွယ်မပြတ်ရှိနေဖို့နဲ့ချိတ်ဆက်မှုများအဆင်ပြေနေစေဖို့က အရေးကြီးတာဖြစ်တဲ့အတွက် အက်တမ်(ATOM)က အခမဲ့ ဖုန်းခေါ်ဆိုခွင့် နဲ့ ဒေတာပက်ခ်များသုံးစွဲခွင့်ကိုငလျင်ဘေးသင့် သုံးစွဲသူ customer များအတွက် ပေးစွမ်းတာဖြစ်ပါတယ်။လူသားခြင်းစာနာထောက်ထားမှု လုပ်ဆောင်ချက်များအနေနဲ့အကူအညီချက်ချင်းလိုအပ်နေသောနေရာဒေသများကို ပံ့ပိုးကူညီဖို့နိုးကြားစွာနဲ့ အဆင်သင့် ရှိနေပါတယ်”ဟု အက်တမ်၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့ပါသည်။

အက်တမ်(ATOM)သည် မြန်မာ့လူမှုအသိုင်းအဝိုင်းကို အတူတကွချိတ်ဆက်နေစေမှာဖြစ်ပြီးတော့ ယခုလို ခက်ခဲနေသောအချိန်မှာပင်“မျှဝေခံစားအက်တမ်ရဲ့ နှလုံးသား” အစီအစဉ်မှတဆင့် သုံးစွဲသူ customerများနှင့် လူမှုအသိုင်းအဝိုင်းအတွက် လူထုအကျိူးပြုလုပ်ငန်းများချဲ့ထွင်ပြီး အလိုအပ်ဆုံးနေရာများတွင် အဓိပ္ပါယ်ရှိလှသော ကူညီပံ့ပိုးမှုများပြုလုပ်ခြင်းအားဖြင့် မတူကွဲပြားသောရလဒ်ကောင်းများရရှိအောင် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပါသည်။

NZ ( ရိုးရာလေး)

The post အက်တမ်မှ မြန်မာနိုင်ငံတစ်ဝန်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့် နှင့် ဒေတာပက်ကေ့ချ်သုံးစွဲခွင့်များ ပေးအပ်ကူညီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post