MrJazsohanisharma

MPT ၏ ကျပ်သိန်း (၄,၀၀၀) ပေးအပ်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ နောက်ဆုံးအကြိမ်ကံထူးရှင်ရွေးချယ်ပွဲတွင် ငွေသားဆုများအတွက် ကံထူးရှင် (၁၁) ဦး ရွေးချယ်ခဲ့  

MPT က “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ် ၏ နောက်ဆုံးအကြိမ်ကံထူးရှင်ရွေးချယ်ပွဲကို အောင်မြင်စွာကျင်းပခဲ့ပြီး  အထူးဆု ကျပ်သိန်း (၁,၀၀၀) ဆုရှင် (၁) ဦး၊ စုစုပေါင်း ငွေသားကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု
ကျပ်သိန်း (၁၀၀) ဆုရှင် (၁၀)ဦးနှင့်အတူ တယ်လီကွန်းဆု ကံထူးရှင်(၄၀)ဦးထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။  ကံထူးရှင်များကို MPT ၏လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်ခဲ့ပြီး ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများတွင်ကြေညာပေးသွားမည်ဖြစ်ပါသည်။

“ကံထူးပျော်ရွှင် ဆုများစုံလင်”ကံစမ်းမဲအစီအစဉ်တစ်လျှောက်လုံးတွင် တယ်လီကွန်းဆုကံထူးရှင် (၁၂၀) ဦးနှင့်အတူ ကံထူးရှင် စုစုပေါင်း(၃၁)ဦးသည် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ငွေသားဆုများရရှိခဲ့ပြီး အဆိုပါအစီအစဉ်သည်  MPT ၏ ကံစမ်းမဲအစီအစဉ်များထဲမှ ငွေသားဆုများကိုတန်ဖိုးအမြင့်ဆုံးပေးအပ်သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်မြောက် ကျပ်သိန်း (၄၀၀၀) ပေးအပ်တဲ့   ကံစမ်းမဲအစီအစဉ်မှာ အခုလို စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြတဲ့ သုံးစွဲသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အထူးဆုကျပ်သိန်း (၁,၀၀၀) ကံထူးရှင်နဲ့ ကျပ်သိန်း (၁၀၀) ကံထူးရှင်တွေအားလုံးကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီကနေ ပြောချင်ပါတယ်။

ဒီဆုတွေက ကံထူးရှင်တွေရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က ဒီနေ့မှာပဲ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီအစီအစဉ်က သုံးစွဲသူတွေကို ပျော်ရွှင်မှုတွေ ယူဆောင်လာပြီး ၎င်းတို့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် ဆန်းသစ်တဲ့အတွေ့အကြုံတွေကို ဆက်လက်ပေးအပ်ပြီး ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
” ဟုပြောကြားခဲ့ပါသည်။

ကံထူးရှင်များစာရင်းကို MPT ၏လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ကံထူးရှင်များကိုတိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုများအတွက်လည်းဆုရရှိသူများကို MPT က တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်ပါသည်။ကံထူးရှင်များနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်ကိုhttps://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏“ကံထူးပျော်ရွှင် ဆုများစုံလင်”  အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

The post MPT ၏ ကျပ်သိန်း (၄,၀၀၀) ပေးအပ်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ နောက်ဆုံးအကြိမ်ကံထူးရှင်ရွေးချယ်ပွဲတွင် ငွေသားဆုများအတွက် ကံထူးရှင် (၁၁) ဦး ရွေးချယ်ခဲ့   appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post