MrJazsohanisharma

ရှေ့ကားနဲ့ ကပ်လိုက်ပြီးမောင်းလို့ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ချမှတ်ခံခဲ့ရသူ

ရှေ့ကားနဲ့ ကပ်လိုက်ပြီး မောင်းခဲ့တာကြောင့် ဆွစ်ဇာလန်နိုင်ငံမှ ယာဉ်မောင်းတစ်ဦးဟာ ဒေါ်လာ ၁၀၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ တင်းကြပ်တဲ့ ယာဉ်စည်းကမ်းရှိပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်သူတွေကိုလည်း ဒဏ်ကြေးအများအပြား ချမှတ်လေ့ရှိပါတယ်။

ဒါ့အပြင် ဝင်ငွေအလိုက် ဒဏ်ငွေ ချမှတ်လေ့ရှိတာကြောင့် ဝင်ငွေများလေလေ ဒဏ်ကြေးများများ ပေးဆောင်ရလေလေပါပဲ။ ဒဏ်ကြေးကို ပုံသေနှုန်းထား သတ်မှတ်ထားရင် လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ ပမာဏဖြစ်နေလို့ စည်းကမ်းမလိုက်နာမှာ စိုးရိမ်တာကြောင့် အခုလို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ရှေ့နေအမျိုးသားဟာ ၂၀၂၃ ခုနှစ်က ဇူးရစ်နဲ့ လောစိန်းမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ ရှေ့ကားနဲ့ ၂၆ ပေကနေ ပေ ၄၀ လောက် အကွာအဝေးပဲ ခြားပြီး ကပ်လိုက်ခဲ့တာပါ။

အဲဒီအတွက် သူ့ရဲ့ ရက် ၅၀ စာဝင်ငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်ဖို့ ချမှတ်ခဲ့တာဖြစ်ပြီး ရှေ့နေဖြစ်သူက တစ်ရက်ဝင်ငွေ ဒေါ်လာ ၂၃၂၈ ရရှိတာကြောင့် ဒဏ်ငွေ ဒေါ်လာ ၁၀၉၅၀၀ ပေးဆောင်ဖို့ ချမှတ်ခံခဲ့ရတာပါ။ အဲဒီပမာဏဟာ ရှေ့နေဖြစ်သူ ပိုင်ဆိုင်တဲ့ကားတန်ဖိုးထက် နှစ်ဆနီးပါး ပိုများပါတယ်။

ဒါပေမဲ့ ဒဏ်ငွေပြစ်ဒဏ်ဟာ ၂ နှစ်တာ ဆိုင်းငံ့ပြစ်ဒဏ် ဖြစ်တာကြောင့် သူ့အနေနဲ့ ၂ နှစ်အတွင်း နောက်ထပ်စည်းကမ်း ချိုးဖောက်မှသာ ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပြီး ၂ နှစ်အတွင်း စည်းကမ်းချိုးဖောက်မှု မရှိရင်တော့ ဒဏ်ငွေပေးဆောင်စရာ လိုမှာ မဟုတ်ပါဘူး။

Ref: Motorist Fined $110,000 for Tailgating on Motorway

NZ ( ရိုးရာလေး)

The post ရှေ့ကားနဲ့ ကပ်လိုက်ပြီးမောင်းလို့ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ချမှတ်ခံခဲ့ရသူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post