အဆိုပါ ပြိုင်ပွဲကြီးတွင် OPPO က ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေအတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ MediaTek Dimensity 8350 Chipset ပါရှိတဲ့ OPPO Reno13 5G ဖုန်းတွေကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO နဲ့ လူငယ်တွေအကြား ထိပ်တန်း ဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legend Bang Bang : MLBB တို့ ပူးပေါင်းကာ Esports ကြိုက်နှစ်သက်သူ လူငယ်တွေအတွက် စိတ်ကျေနပ်ပျော်ရွှင်မှုပေးနိုင်မဲ့ ‘Legends of the Arena’ ပြိုင်ပွဲကို မတ်လ ၁၅ ရက်နေ့ နဲ့ မတ်လ ၁၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကို OPPO ရဲ့ မိသားစုအနုပညာရှင် ဖြစ်တဲ့ အဆိုတော် Shine နဲ့အတူ နာမည်ကျော် Game Streamer တွေဖြစ်ကြတဲ့ Streamer IngyiN RR ၊ Streamer Mayzonlizar နဲ့ Streamer Streaming by Max တို့ တက်ရောက်ခဲ့ကြပါတယ်။

OPPO Reno Series ဟာ ဓာတ်ပုံဝါသနာရှင်တွေနဲ့ ဓာတ်ပုံချစ်သူတွေအကြား နာမည်ကျော်ကြားလူကြိုက်များတဲ့ ထုတ်ကုန် Series ဖြစ်သလို အခုနောက်ပိုင်းတွေမှာဆိုရင် Gamer တွေအကြား ရေပန်းစားလာတဲ့ ထုတ်ကုန် Series တစ်ခုအဖြစ်လဲ တည်ရှိလာနေပြီဖြစ်ပါတယ်။ OPPO နဲ့ Mobile Legend Bang Bang : MLBB တို့ရဲ့ ပူးပေါင်းမှုဟာဆိုရင် OPPO ရဲ့ ခေတ်မီ စမတ်ဖုန်းနည်းပညာကို စိတ်လှုပ်ရှားဖွယ်ရာဖြစ်တဲ့ Mobile Legends ကမ္ဘာနဲ့ ပေါင်းစပ်ပြီး ကမ္ဘာတစ်ဝန်းရှိ Esports ဝါသနာရှင်များအတွက် ပြိုင်ဘက်ကင်းတဲ့ ဂိမ်းအတွေ့အကြုံကို ပေးဆောင်နိုင်စေဖို့နဲ့ OPPO Reno13 Series ရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့အတွက် ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

OPPO Reno13 5G နဲ့အတူ မိုဘိုင်းဂိမ်းကစားခြင်းအတွေ့အကြုံတွေကို မြှင့်တင်ခြင်း
OPPO Reno13 5G ဟာဆိုရင် အထူး မြန်ဆန်သွက်လက်တဲ့ Refresh Rate ၊ စွမ်းအားပြင်း လုပ်ဆောင်ချက်နဲ့အတူ ကောင်းမွန်တဲ့ Chipset ၊ အဆင့်မြှင့်တင်ထားတဲ့ VC Cooling System ၊ ဂိမ်းပွဲအတွေ့အကြုံတွေနဲ့ လိုင်းဆွဲအားတွေအတွက် အထူးသီးသန့်ပါရှိလာတဲ့ X1 Chipset တို့ကြောင့် အရမ်းပြင်းထန်တဲ့ ဂိမ်းပြိုင်ပွဲတွေမှာတောင် အချောမွေ့ဆုံး ဂိမ်းကစားခြင်းလုပ်ဆောင်ချက်ကို ပေးစွမ်းနိုင်အောင် မိုဘိုင်းဂိမ်းအတွေ့အကြုံတွေအတွက် အထူးပုံဖော်ထားတာ ဖြစ်ပါတယ်။
အားကောင်းလှတဲ့ ဘက်ထရီ နဲ့ AI နည်းပညာဖြင့် လည်ပတ်ဆောင်ရွက်နေတဲ့ Performance Optimization တွေကြောင့် ဂိမ်းကစားသူတွေက ဂိမ်းကစားတဲ့အချိန်တွေမှာ နှောင့်နှေးမှု မရှိဘဲ အချောမွေ့ဆုံး စွမ်းဆောင်ရည်ကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ OPPO Reno13 Series ကို ဂိမ်းကစားသူတွေရဲ့ အတွေးထဲ ပေါ်လွင်နေစေဖို့နဲ့ Mobile Legends ပြိုင်ပွဲတွေနဲ့အတူ OPPO Reno13 Series ရဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ OPPO က ကစားသမားတွေ အားလုံးအနေနဲ့ အဆင့်အမြင့်ဆုံးယှဉ်ပြိုင်ဖို့ ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးတဲ့အနေနဲ့ MLBB နဲ့ ပူးပေါင်းလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

အထူးစိတ်လှုပ်ရှားဖွယ်ရာ “Legends of the Arena” ပြိုင်ပွဲကြီး
“Legends of the Arena” ပြိုင်ပွဲမှာဆိုရင် လူငယ်တွေများစွာ ပါဝင်ကြတဲ့ အသင်းပေါင်းများစွာက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံး ရွေးချယ်မှုအနေနဲ့ အသင်း ၆ သင်းဖြစ်ကြတဲ့ Actual Young Gangsta ၊ Actual_Y ၊ Besto Friendo ၊ 969 Brothers ၊ Joker Slayers ၊ Omniverse Esports အသင်းတို့က မတ်လ ၁၅ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့ကြပြီး မတ်လ ၁၆ ရက်နေ့မှာတော့ အနိုင်ရရှိခဲ့တဲ့အသင်း ၃ သင်းဖြစ်တဲ့ Actual Young Gangsta ၊ Actual_Y ၊ 969 Brothers တို့က အကြိတ်အနယ် ထပ်မံယှဉ်ပြိုင်ခဲ့ပြီးနောက်မှာတော့ 969 Brothers အသင်းက “Legends of the Arena” ရဲ့ Winner Champion ဖြစ်လာခဲ့ပါတယ်။ လူငယ်ကစားသမားတွေအနေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ စွမ်းဆောင်ရည် မြင့်မားအောင်၊ ကွန်ရက်ချိတ်ဆက်မှု နှောင့်နှေးခြင်းမရှိစေရအောင် OPPO က စွမ်းဆောင်ရည် လုပ်ဆောင်ချက်ကောင်းမွန်တဲ့ MediaTek Dimenisty 8350 Chipset ပါဝင်ပြီး လိုင်းဆွဲအားတွေကို အမြန်ဆုံးချိတ်ဆက်ပေးနိုင်တဲ့ AI HyperBoost နဲ့ AI LinkBoost 2.0 နည်းပညာတွေ ပါဝင်တဲ့ နောက်ဆုံးပေါ် OPPO Reno13 5G စမတ်ဖုန်းတွေနဲ့ ထောက်ပံ့ပေးခဲ့ပါတယ်။
Full-scene AI Imagine Master တစ်ဖြစ်လဲ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ဂိမ်းပိုင်းဆိုင်ရာ ချောမွေ့မှုကို ပေးစွမ်းမဲ့ Game Master OPPO Reno13 Series နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/3BwNQdJ ၊ Website – https://bit.ly/41RHvTi ၊ Viber –https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#OPPOReno13Series #FullsceneAIImagineMaster #GameMaster #LegendsoftheArena
NZ (ရိုးရာလေး)
The post ပြိုင်ဘက်ကင်း ဂိမ်းအတွေ့အကြုံကို ပေးစွမ်းမဲ့ Chipset ၂ ခုပါဝင်တဲ့ OPPO Reno13 Series နဲ့အတူ ဂိမ်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ပြသခွင့်ပေးခဲ့တဲ့ “Legends of the Arena” ပြိုင်ပွဲကြီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment