Awesome Intelligence ဖြစ်လာတဲ့ နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေပါဝင်လာတဲ့ Samsung Galaxy A56 5G နှင့် Galaxy A36 5G တို့ကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီ

Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Flagship ဖုန်းတွေမှာသာ ပါဝင်လေ့ရှိတဲ့ Galaxy AI လုပ်ဆောင်ချက်တွေပါ ပါဝင်လာတဲ့ Samsung Galaxy A56 5G နှင့် Galaxy A36 5G တို့ကို ကြိုတင်မှာယူရင်း လက်ဆောင်နဲ့အထူးအကျိုးခံစားခွင့်များရရှိနိုင်

မတ်လ (၇) ရက်၊ ၂၀၂၅ ခုနှစ်၊ ရန်ကုန်၊ မြန်မာ – Samsung Electronics Co., Ltd. ဟာ နောက်ဆုံးပေါ် Galaxy A Series စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy A56 5G နဲ့ Galaxy A36 5G တို့ကို မကြာသေးခင်ကပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေမှာ Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေမှာပဲ တွေ့ခဲ့ရတဲ့ နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပြီး Awesome Intelligence နဲ့ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်ချောမွေ့အောင်  ကူညီပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Galaxy A56 5G နဲ့ Galaxy A36 5G တို့ကို မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လ (၇) ရက်နေ့ကနေ မတ်လ (၂၇) ရက်နေ့အတွင်း ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး အထူးခံစားခွင့်နဲ့ လက်ဆောင်များလည်းရရှိနိုင်မှာဖြစ်ပါတယ်။

“အခုအသစ်မိတ်ဆက်ပေးလိုက်တဲ့ Samsmung Galaxy A Series စမတ်ဖုန်းအသစ်တွေက AI နည်းပညာကို လူတိုင်းသုံးနိုင်ခွင့် ရစေချင်တဲ့ AI for All ဆိုတဲ့ ကျွန်တော်တို့ Samsung ရဲ့ ရည်မှန်းချက် ကို ပိုနီးစပ်လာစေတဲ့ ခြေတစ်လှမ်းပဲဖြစ်ပါတယ်။ Galaxy A56 5G နဲ့ Galaxy A36 5G တို့မှာ လူကြိုက်အများဆုံး ဖြစ်တဲ့ Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေထည့်သွင်းပေးထားပြီး မိုဘိုင်းလ် AI သုံးစွဲမှုအတွေ့အကြုံကို သုံးစွဲသူတွေဆီ ပိုမိုရောက်ရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန်းသစ်တီထွင်ထားပါတယ်။ ဒီစမတ်ဖုန်းအသစ်တွေကို ကြိုတင်မှာယူလိုသူတွေအတွက် အတန်ဆုံးအထူးအကျိူးခံစားခွင့်နဲ့ လက်ဆောင်တွေစီစဉ်ပေးထားတာဖြစ်လို့ Samsung ချစ်သူတွေအနေနဲ့လည်း နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ Samsung Myanmar ရဲ့ Managing Director ဖြစ်သူ Mr. Martin Kim က ပြောကြားခဲ့ပါတယ်။

Samsung Galaxy A Series စမတ်ဖုန်းအသစ်တွေမှာ Galaxy AI ရဲ့ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေပါဝင်လာတာနဲ့အတူ ပရီမီယံဆန်ပြီး လှပတဲ့ ဒီဇိုင်း၊ အရောင်တွေနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် One UI 7 နဲ့အတူ ထွက်ရှိလာတာ့ဖြစ်လို့ Awesome Intelligence လုပ်ဆောင်ချက်အသစ်တွေနဲ့ မိုဘိုင်းလ် AI သုံးစွဲမှုအတွေ့အကြုံကို အကောင်းဆုံးရရှိစေမှာပါ။ သုံးစွဲသူများ အကြိုက်နှစ်သက်ဆုံးဖြစ်ခဲ့တဲ့ Circle To Search လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားတာကြောင့် ဖုန်းမျက်နှာပြင်ပေါ်က သိလိုသမျှအကြောင်းအရာတွေကို လွယ်ကူလျင်မြန်စွာရှာဖွေနိုင်မယ့်အပြင် Song Search လုပ်ဆောင်ချက် အသစ်ပါ ပါဝင်လာတာဖြစ်လို့ အနီးအနားတွင် ဖွင့်ထားသော (သို့မဟုတ်) ဖုန်းပေါ်မှာဖွင့်ထားသော (သို့မဟုတ်) သုံးစွဲသူကိုယ်တိုင် ဆိုညည်းထားသော တေးဂီတသံတွေကနေ သိလိုတဲ့ သီချင်းအကြောင်းအရာကို ရှာဖွေနိုင်လာတာ ဖြစ်ပါတယ်။

Galaxy A Series စမတ်ဖုန်းအသစ်တွေမှာ 50MP Main Camera အပါအဝင် စွမ်းဆောင်ရည်မြင့် ကင်မရာ (၃) ခုစီနဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါသေးတယ်။ 10-bit HDR ပါဝင်တဲ့ ရှေ့ကင်မရာ မှန်ဘီလူးကြောင့် တောက်ပကြည်လင်လှပတဲ့ Selfie ဓာတ်ပုံတွေကိုလည်းရိုက်နိုင်စေဦးမှာပါ။

Galaxy A56 5G မှာသာ ပါဝင်လာတဲ့ Best Face လုပ်ဆောင်ချက်ကလည်း လူ (၅) ဦးအထိဝင်တဲ့ အဖွဲ့ဓာတ်ပုံတွေမှာ တစ်ဦးချင်းစီရဲ့ အကောင်းဆုံး ရိုက်ချက်နဲ့ပုံတွေကို ပေါင်းစပ်ပြီး ပြီးပြည့်စုံစွာလှပမှုအရှိဆုံးပုံကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Galaxy A56 5G မှာပဲ ပါဝင်လာတဲ့ Nightography လုပ်ဆောင်ချက်ကလည်း ပိုမိုတိုးတက်ကောင်းမွန်လာတဲ့အပြင် အလင်းအားနည်းတဲ့နေရာများမှာပါ Noise နည်းပါးစွာနဲ့ လှပကြည်လင်တဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်စေပါတယ်။

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းနှစ်မျိုးလုံးမှာ ပိုမိုသပ်ရပ်လာတဲ့ Object Eraser လုပ်ဆောင်ချက်လည်းပါဝင်လာပြီး ဓာတ်ပုံတွေထဲက မလိုချင်တဲ့ အရာတွေကို သေရပ်လှပစွာ ဖယ်ထုတ်ပေးနိင်ဦးမှာပါ။ ပုံရဲ့ အရောင်အရည်အသွေးနဲ့ ပုံစံကို စိတ်ကြိုက်ပြင်နိုင်မယ့် Filters လုပ်ဆောင်ချက်ကြောင့် မိမိစိတ်တိုင်းကျ လှပတဲ့ဓာတ်ပုံတွေရရှိအောင် ပြင်ဆင်နိုင်ပါဦးမယ်။ ယခုလို အဆင့်မြင့် Awesome Intelligence လုပ်ဆောင်ချက်တွေ နဲ့ One UI 7 ပါဝင်လာတဲ့  Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းတွေကို OS Update ၆ ကြိမ်နဲ့ Security Update ကို ၆ နှစ်အထိလည်း ပေးသွားဦးမှာဖြစ်ပါတယ်။

Galaxy A56 5G နှင့် Galaxy A36 5G စမတ်ဖုန်းတွေမှာ ကြီးမားတဲ့ 6.7-inch FHD+ Super AMOLED မျက်နှာပြင်များ ပါဝင်ပြီး၊ အလင်းပေါင်း 1200 nits အထိပါဝင်တာကြောင့် ဘယ်နေရာမှာမဆို တောက်ပကြည်လင်တဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ရရှိနိုင်မှာပါ။ ပိုမိုအဆင့်မြင့်လာတဲ့ Stereo Speaker အသစ်တွေကြောင့် ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးကိုလည်း ခံစားနိုင်ပါဦးမယ်။ 5,000 mAh ဘက်ထရီ၊ 45W အားသွင်းစွမ်းအားနဲဲ့ Super-Fast Charge 2.0 နည်းပညာတွေကြောင့် ကြာရှည်စွာအားခံသလို ပိုမိုလျင်မြန်စွာလည်း အားသွင်းနိုင်မှာပါ။

စွမ်းဆောင်ရည်မြင့်လုပ်ဆောင်နိုင်စွမ်းတွေအတွက် Galaxy A56 5G မှာ Exynos 1580 Chipset ပါဝင်လာပြီး Galaxy A36 5G မှာတော့ Snapdragon® 6 Gen 3 Mobile Platform နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ပိုမိုကြီးမားလာတဲ့  Vapor Chamber လည်းပါဝင်လာလို့ စွမ်းဆောင်ရည်ကို တည်ငြိမ်အောင်ထိန်းသိမ်းပေးနိုင်တဲ့အတွက် ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ရှုခြင်းနဲ့ တပြိုင်နက်တည်း လုပ်ဆောင်ချက်များစွာပြုလုပ်ခြင်းတွေကို ချောမွေ့လွယ်ကူစွာ ပြုလုပ်နိုင်စေဦးမှာပါ။ စွမ်းဆောင်ရည်အပိုင်းမှာ အထူးကောင်းမွန်သလိုပဲ ကြာရှည်ကြံ့ခိုင်စွာ အသုံးခံနိုင်ဖို့ IP67 Rating အဆင့်ရှိ ဖုန်ဒဏ်နဲ့ ရေဒဏ်ခံနိုင်မှု နဲ့ ခြစ်ရာများကို ကာကွယ်ပေးမယ့် အဆင့်မြင့် Corning® Glass Cover Material တို့ ပါဝင်လာပါသေးတယ်။

Galaxy A Series စမတ်ဖုန်းအသစ်တွေကို လူငယ်ဆန်ပြီး လှပသစ်လွင်တဲ့ ရွေးချယ်စရာအရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ Galaxy A56 မှာ ရွေးချယ်စရာ အရောင်တွေအနေနဲ့ Awesome Graphite၊ Awesome Olive နှင့် Awesome Light Gray တို့နဲ့ ထွက်ရှိလာတာဖြစ်ပြီး Galaxy A36 ကိုတော့ Awesome Black၊ Awesome Lime နှင့် Awesome Lavender တို့နဲ့ ရရှိနိုင်မှာပါ။ ကြိုတင်မှာယူလိုသူတွေအနေနဲ့ အောက်ပါ စျေးနှုန်းတွေအတိုင်း မှာယူနိုင်မှာဖြစ်ပါတယ်။

  • Galaxy A56 5G – ၁,၉၀၉,၀၀၀ ကျပ်
  • Galaxy A36 5G – ၁,၅၈၅,၀၀၀ ကျပ်

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းတွေကို မတ်လ (၇) ရက်နေ့ကနေ မတ်လ (၂၇) ရက်နေ့အတွင်း ဒီ လင့်ခ် (https://samsungmyanmar.typeform.com/a-2025-media) ကနေကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ကြိုတင်မှာယူသူများအနေဖြင့်  အထူးအကျိုးခံစားခွင့်နဲ့ လက်ဆောင်တွေကိုလည်း အောက်ပါအတိုင်းရရှိသွားနိုင်ဦးမှာပါ။

  • Double Storage (8/128 GB Storage မှ 8/256 GB Storage သို့ တိုးမြင့်ပေးခြင်း) နဲ့  25W Travel Adapter လက်ဆောင်၊
  • Samsung Original Silicone cover ဝယ်ယူမှုအတွက် ၃၀% လျှော့ဈေး၊
  • ကြိုတင်မှာယူထားသော ဖုန်းများအတွက် Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် (သို့မဟုတ်) ဖုန်းအရှေ့  မျက်နှာပြင် ပျက်စီးခြင်းများအတွက် ကြိုတင်မှာယူတဲ့နေ့မှ (၆)လ အတွင်း လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊
  • မတ်လ (၂၉) ရက်နေ့ နောက်ပိုင်းမှ ဝယ်ယူသူများအတွက် ဝယ်ယူသည့်နေ့မှ (၁၂) လ အတွင်း ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့်၊ ဖုန်းအနောက်မျက်နှာပြင် ပျက်စီးခြင်းအတွက် ၁၀၀% သက်သာခွင့် စတဲ့ အထူးအကျိုးခံစားခွင့်တွေ ပေးသွားမယ့်အပြင်
  • ATOM နဲ့ Ooredoo အသုံးပြုသူတွေ အနေနဲ့လည်း Operator Bundle Benefit တွေပါ ထပ်မံရယူနိုင်ဦးမှာဖြစ်ပါတယ်။
  • မိမိရဲ့ ဖုန်းလက်ရှိဖုန်း နဲ့ Trade-in ပြုလုပ်ပြီး လဲလှယ်ဝယ်ယူချင်ရင်တော့ ဖုန်းအဟောင်းတန်ဖိုးအပြင် Trade-in Discount အနေနဲ့ Galaxy A56 အတွက် ၈ ‌သောင်းကျပ်အထိသက်သာခွင့်ရပြီး၊ Galaxy A36 အတွက် ၆ သောင်းကျပ်အထိ သက်သာခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
  • အရစ်ကျ အစီအစဉ်နဲ့ ဝယ်ယူလိုသူများအနေနဲ့လည်း “၆” လ အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မယ့်အစီအစဉ်တွေ ပြုလုပ်ပေးထားတာဖြစ်လို့ Samsung Showroom များမှာ AYA Pay ရဲ့ Buy Now – Pay Later, Blue Season Company Limited, Rent2Own Myanmar တို့ကနေ တစ်ဆင့်ချိတ်ဆက်ဝယ်ယူနိုင်မှာပါ။

Galaxy A56 5G နဲ့ Galaxy A36 5G စမတ်ဖုန်းတွေအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

NZ (ရိုးရာလေး)

The post Awesome Intelligence ဖြစ်လာတဲ့ နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေပါဝင်လာတဲ့ Samsung Galaxy A56 5G နှင့် Galaxy A36 5G တို့ကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post