ရတနာသေတ္တာ ၅ လုံးကို မြှုပ်ထားကြောင်း ရတနာရှာဖွေသူတွေကို အတည်ပြုကြေညာခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံသူ

အမေရိကန်ဒေါ်လာ ၂ သန်းဝန်းကျင် တန်ကြေးရှိ အဖိုးတန်ပစ္စည်းတွေ ထည့်သွင်းထားတဲ့ ရတနာသေတ္တာ ၅ လုံးကို မတူညီတဲ့နေရာတွေမှာ မြှုပ်နှံထားတယ်လို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်နဲ့ ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံသူ ဂျွန်ကောလင်းဘလက်က ကြေညာခဲ့ပါတယ်။ ဘလက်ဟာ တချိန်တုန်းက ရတနာပစ္စည်း ရှာဖွေခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ Bitcoin ကို ရင်းနှီးမြှုပ်နှံရင်း ချမ်းသာလာခဲ့တာပါ။

ဘလက်ဟာ သူနဲ့ ဝါသနာတူတွေအတွက် ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရတနာပစ္စည်း ရှာပုံတော်အစီအစဉ်အတွက် ပြင်ဆင်လှုပ်ရှားခဲ့တာပါ။ သူဟာ ရတနာသေတ္တာ ၅ လုံးကို အမေရိကန်နိုင်ငံတစ်ဝန်းမှာ မြှုပ်နှံထားတာဖြစ်ပြီး ပေးထားတဲ့ သဲလွန်စတွေကို ဖော်နိုင်မှ၊ စူးရှထက်မြက်တဲ့ အမြင်ရှိမှသာ အဲဒီရတနာသေတ္တာတွေကို ရှာတွေ့လိမ့်မယ်လို့ ဆိုပါတယ်။ ရတနာသေတ္တာတွေရှိတဲ့နေရာကို သူတစ်ယောက်တည်းသာ သိပြီး သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေကလည်း အရိပ်အယောင်တောင် မသိဘူးလို့ ပြောပါတယ်။

ရတနာသေတ္တာတွေကို ဖွင့်ဖို့လည်း ပဟေဠိတွေကို ဖြေရှင်းဖို့လိုအပ်ပြီး သူ့စာအုပ်ထဲမှာ သေတ္တာဖွင့်နည်းတွေ ရေးထားတဲ့အတွက် ချိုးဖျက်ဖွင့်တာမျိုး မလုပ်ကြဖို့ ဘလက်က တိုက်တွန်းထားပါတယ်။ ရတနာသေတ္တာထဲမှာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပထမဆုံး bitcoin ဒင်္ဂါးပြား(Casascius bitcoin)၊ ကိုလံဘီယာမြစိမ်းရတနာတစ်ခု၊ Shining Charizard ပိုကီမွန်ကတ်တစ်ကတ်၊ သင်္ဘောပျက်ထဲမှ ရှေးဟောင်းပစ္စည်းတွေ၊ ဂျော့ဝါရှင်တန်ရဲ့ ဂျယ်လီမျက်မှန် အစရှိတဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။

” တကယ်လို့ Bitcoin ဈေးက ဒေါ်လာ ၅ သိန်း၊ ၁ သန်းလောက် ဖြစ်သွားရင် သေတ္တာထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေက လာမယ့် ၅ နှစ်၊ ၇ နှစ်အတွင်း ဒေါ်လာ ၁၀ သန်းလောက် တန်ကြေးရှိသွားမှာပါ”လို့ ဘလက်က ဆိုပါတယ်။

Ref: Crypto Investor Buries Treasure Chests Worth Millions, Challenges Anyone to Find Them
NZ ( ရိုးရာလေး)

The post ရတနာသေတ္တာ ၅ လုံးကို မြှုပ်ထားကြောင်း ရတနာရှာဖွေသူတွေကို အတည်ပြုကြေညာခဲ့တဲ့ ဒီဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံသူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post