လေယာဉ်မှူး နှလုံးဖောက်ချိန်မှာ အတွေ့အကြုံမရှိတဲ့ ခရီးသည်အမျိုးသမီးက လေယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့

လေယာဉ်မှူး သတိလစ်သွားလို့ ခရီးသည်က လေယာဉ်ဝင်မောင်းရတယ်ဆိုတာ ဟောလိဝုဒ်ဇာတ်ကားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ လက်တွေ့ဘဝမှာလည်း ဒီလိုဖြစ်ရပ်မျိုး တကယ်ရှိပါတယ်။ အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ်မြို့ကနေ မက္ကဆီကိုနိုင်ငံ မွန်တာရေးမြို့ကို ပျံသန်းခဲ့တဲ့ အင်ဂျင် ၂ လုံးတပ် လေယာဉ်ငယ်ဟာ လေယာဉ်မှူး နှလုံးဖောက်ပြီး သတိလစ်လဲကျသွားတဲ့အတွက် ဘာကာဖီးလ်မြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။

ရဲရင့်တဲ့ အမျိုးသမီးခရီးသည်တစ်ဦးက ကမ်းန်ကောင်တီ လေကြောင်းထိန်းချုပ်ရေးစခန်းရဲ့ ညွှန်ကြားချက်အတိုင်း လေယာဉ်ငယ်ကို ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးခရီးသည်ဟာ လေကြောင်းထိန်းချုပ်ရေးစခန်းရဲ့ ညွှန်ကြားချက်အတိုင်း လေယာဉ်ကို တစ်နာရီ ၁၃၂ မိုင်နှုန်းအတိုင်း ထိန်းထားပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည်ဘယ်နှစ်ဦး ပါသလဲဆိုတာနဲ့ လေယာဉ်ကို ထိန်းချုပ်ဆင်းသက်ခဲ့သူ အမျိုးသမီးရဲ့အမည်ကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒီဖြစ်ရပ်မှာ နှလုံးဖောက်ခဲ့တဲ့ လေယာဉ်မှူးကတော့ ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Ref: Hero Passenger Lands Plane After Her Pilot Suffers Cardiac Arrest
NZ ( ရိုးရာလေး)

The post လေယာဉ်မှူး နှလုံးဖောက်ချိန်မှာ အတွေ့အကြုံမရှိတဲ့ ခရီးသည်အမျိုးသမီးက လေယာဉ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post