ကင်ဆာကုသမှုခံယူနေစဉ် ဒရုန်းပျံသန်းခြင်းပညာ လေ့လာခဲ့သူက ဒရုန်းတွေနဲ့ အီမိုဂျီပုံစံတွေ ပုံဖော်ပြီး ဂင်းနက်စ်စံချိန်တင်

ကင်ဆာရောဂါ ကုသမှုခံယူနေတုန်း ဒရုန်းပျံသန်းခြင်းပညာကို လေ့လာလိုက်စားခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ ၃ မိနစ်အတွင်း ဒရုန်းတွေအသုံးပြုပြီး (မျက်နှာအမူအယာပုံစံ) အီမိုဂျီအများဆုံး ဖန်တီးနိုင်သူအဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့ပါတယ်။ ခရစ္စတိုဖာဘရက်ဒ်ဘာရီဟာ ၂၀၀၇ ခုနှစ်ကစပြီး လေယာဉ်နမူနာပုံစံငယ်တွေကို စမ်းသပ်ပျံသန်းခဲ့တာပါ။

” ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကုသမှု ခံယူနေတုန်း ကိုယ်လက် လှုပ်ရှားမှုလည်း ဖြစ်အောင်၊ စိတ်ပြေလက်ပျောက်လည်းဖြစ်အောင် လေယာဉ်နမူနာပုံစံငယ်တွေကို ပျံသန်းခဲ့တာပါ”လို့ ဘရက်ဒ်ဘာရီက ဆိုပါတယ်။ အဲဒီအချိန်ကစပြီး မောင်းသူမဲ့ယာဉ်တွေဟာ သူ့အတွက် ကမ္ဘာငယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

မောင်းသူမဲ့ယာဉ်သုံးပြီး ရိုက်ကူးရေးလုပ်တာ၊ တိုင်းတာစစ်ဆေးမှုတွေ လုပ်တာ၊ ပျားပန်းခပ်သလို ပုံသဏ္ဍာန်ဖော်တာတွေ လုပ်ခဲ့ပါတယ်။ ဘရက်ဒ်ဘာရီဟာ မောင်းသူမဲ့ယာဉ် ၁၀၉ စီး အသုံးပြုပြီး ၃ မိနစ်အတွင်း အီမိုဂျီ ၃၀ ဖန်တီးကာ (ယခင်စံချိန်ဟောင်းမှာ အီမိုဂျီ ၂၄ ခု ဖြစ်) ဂင်းနက်စ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

” ဘေးအန္တရာယ် ကင်းရှင်းစေဖို့အတွက် ဝေဟင်ထဲမှာ သုံးဖက်မြင်ပုံသဏ္ဍာန် အစီအစဉ် ရေးဆွဲမှု တော်တော်များများ လုပ်ရပါတယ်။ လာမယ့် ၁၀ နှစ်အတွင်း ကျွန်တော့်စံချိန်ကို တစ်ယောက်ယောက်က ချိုးဖျက်မယ်၊ ကျွန်တော့်ဗီဒီယိုကို တွေ့ပြီး စံချိန်ချိုးချင်စိတ် ပေါ်ပေါက်လာတာဆိုရင် ကျွန်တော် အလွန်ပျော်မိမှာပါ”လို့ သူက ဆိုပါတယ်။

Ref: Emoji drone show breaks Guinness World Record
NZ (ရိုးရာလေး)

The post ကင်ဆာကုသမှုခံယူနေစဉ် ဒရုန်းပျံသန်းခြင်းပညာ လေ့လာခဲ့သူက ဒရုန်းတွေနဲ့ အီမိုဂျီပုံစံတွေ ပုံဖော်ပြီး ဂင်းနက်စ်စံချိန်တင် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post