ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက တစ်ကျပ်သားကို ကျပ် ၃၉ သိန်းနားအထိ ရောက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ
အခုဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျပ် ၃၉ သိန်းနားကို တဖန် ပြန်လည် ရောက်ရှိလာပါတယ်။
ကမ္ဘာ့ရွှေဈေးက ဒီအပတ်မှာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက် ပြုတ်ကျပြီး လက်ရှိမှာလည်း ဒေါ်လာ ၂၀၀၀ ကျော်ရုံလေးမှာ အေးနေပေမဲ့ ပြည်တွင်းရွှေဈေးက တက်ပြီးရင်း ဆက်တက်လာတာပါ။
ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီလကုန်ပိုင်းမှာ ကျပ် ၃၉ သိန်းနားအထိ မြင့်လာခဲ့ပေမဲ့ ဖေဖော်ဝါရီလဆန်းမှာ ကျပ် ၃၈ သိန်းကျော်အထိ တဟုန်ထိုး ပြန်ကျခဲ့ပေမဲ့ အခု တရိပ်ရိပ် ပြန်တက်လာရင်း ကျပ် ၃၉ သိန်းနားကို ပြန်ရောက်လာတာ ဖြစ်ပါတယ်
လတ်တလော ဖြစ်ပေါ်နေတဲ့နိုင်ငံရေး၊ ပြည်တွင်းရေးအခြေအနေတွေအရ ရွှေဈေး အမြင့်ကို ပြန်ရောက်လာတာ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး အကျမှာ လိုက်မကျတော့ဘဲ ပြောင်းပြန်လိုတောင် ဖြစ်နေပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ၁၆ ပဲရည် အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၃၈၈၅,၀၀၀ နဲ့ ဈေးစဖွင့်ပြီး နေ့ခင်းနဲ့ ညနေပိုင်းမှာ ကျပ် ၃၈၉၅,၀၀၀ ဝန်းကျင်အထိ ဆက်တက်လာပါတယ်။ ၁၅ ပဲရည်ဈေးကတော့ ကျပ် ၃၆၇၀,၀၀၀ ခန့် ရှိနေတယ်လို့ ကြားသိရပါတယ်။
The post The domestic gold price rose again to around 39,000 kyats appeared first on .
Your new digest 49
Post a Comment