အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ အော်ဒီဂွါဒ်တို့ကိုပဲ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား ဗာဘရူဂန်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဗန်ဟက်ကာ၊ ဗဲ့လ်မန်းနဲ့ မီလ်နာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂရော့စ်၊ ဂီးလ်မိုး၊ လယ်လာနာ၊ အယ်လ်ဒင်ဂရာနဲ့ မီတိုမာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဖာဂူဆန် တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။
အာဆင်နယ်တို့ဘက်ကတော့ လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ်လို့ စိုင်းထီးဆိုင်သီချင်းကို ဆိုနေသလိုပဲဖြစ်နေခဲ့ပြီး မလိုအပ်ဘဲ တိုက်စစ် Tempo ကို လျှော့ချပစ်ပြီး Urgency မရှိခဲ့လို့ ဘရိုက်တန်ခံစစ်က ပိတ်ဆို့ခံခဲ့ရတာတွေနဲ့ ဆာကာရဲ့ ဖန်တီးမှု သုံးကြိမ်ကို ပိတ်သွင်းတာကနေ သုံးဂိုးအထိ ရနိုင်တဲ့ XG တွေ ဖြစ်ခဲ့ပေမယ့် ဟာဗတ်ဇ်၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့က အစဉ်လိုက် လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။
အော်ဒီဂွါဒ်ကတော့ ထုံးစံအတိုင်းပဲ ဟိတက်ပြီဆို ဝင်မပါဘဲ ပျောက်နေခဲ့သလို ဆာကာကို မီလ်နာ ချတာကိုတောင် သူ့ရဲ့ ရှောင်ဖယ်နေမှုကြောင့် ဇင်ချန်ကိုက မနေနိုင် မထိုင်နိုင် ဝင်ပါခဲ့ရပြီး နော်ဝေသားရဲ့ ခေါင်းဆောင်မှုပိုင်းက မေးခွန်းထုတ်စရာဖြစ်ခဲ့သလို တိုက်စစ်ကို အာရုံစိုက်နေလို့လားလို့ ဆိုရရင်လည်း ဒီနေ့ပွဲမှာ သူ့ရဲ့ Goal Contribution က ဆိုးရွားနေခဲ့တာပါ။
ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ထားရင်းပဲ အချိန်ကုန်နေခဲ့ပြီး တိုက်စစ်သမားတွေကတော့ နည်းပြအဖွဲ့ထဲမှာ တိတိကျကျ ညွှန်ကြားနိုင်တဲ့ Attacking Coach တစ်ဦး မရှိကြောင်းကိုပဲ အလွဲတွေနဲ့ ဖော်ပြနေခဲ့တာကြောင့် အမ်းမရိတ်မှာဆို လာစွာတတ်လို့ ဆုံးမပေးဖို့ လိုအပ်နေတဲ့ ဘရိုက်တန်တို့နဲ့ ဂိုးမရှိ သရေဖြစ်နေခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဖိကစားနေခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကလည်း ကိုယ့်ဘက်က ကောင်းလွန်းလို့ မဟုတ်ဘဲ ဆာကာရဲ့ ညာထောင့်ကန်ဘောကို ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကာက ခေါင်းတိုက်ရှင်းထုတ်ရာမှာ ဂျေဆူးစ်ဆီ ကွက်တိ ရောက်သွားခဲ့လို့ ဘရာဇီးလ်သားက အဝေးတိုင်နားကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။
ဒီနောက်မှာ ဘရိုက်တန်တို့ ဂိုးပြန်ရဖို့ ကြိုးစားလာခဲ့ချိန်မှာ ကောင်တာတွေကနေ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ ဖြုန်းတီးပစ်ခဲ့ကြသလို ကပ္ပတိန် အော်ဒီဂွါဒ်ကတော့ မန်ယူကို ချဲလ်ဆီးဘက်က ပါးလ်မား ချိုးကန်သွားခဲ့တဲ့ ပုံစံအတိုင်း ဂိုးဝင်နိုင်တဲ့ ဘောလုံးမျိုးကို ပါးပါးနပ်နပ် မကန်ဘဲ ဂိုးသမားရှိတဲ့ ထောင့်ကျဉ်းကိုပဲ ကျုံးထည့်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ဘရိုက်တန်တို့ဘက်က လယ်လာနာ၊ ဖာဂူဆန်၊ မီလ်နာနဲ့ အယ်လ်ဒင်ဂရာတို့အစား ဘော်နာနိုတေး၊ ဂျာအို ပက်ဒရို၊ အီဂေါ် ဟူလီယိုနဲ့ ဝဲလ်ဘက်ခ်တို့ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားလာခဲ့ချိန်မှာ အာဆင်နယ်တို့ဘက်ကတော့ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့အစား နကီးတီးယားနဲ့ ထရော့ဆတ်တို့ကို ပြောင်းလဲသွားခဲ့တာပါ။
ပွဲချိန် ၈၇ မိနစ်မှာတော့ အာဆင်နယ်ပရိသတ်တွေကို ရင်အပူငြိမ်းစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ အော်ဒီဂွါဒ် ဆွဲယူလာပြီး ပေးတာကို နကီးတီးယားက ချောင်နေတဲ့ ဘရိုက်တန်ခံစစ်ကြားကနေ ဘယ်တောင်ပံကို ခင်းပေးခဲ့ရာမှာ ဟာဗတ်ဇ်က ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ကန်သွင်းယူနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ဝါကာဝါကာ အားပေးသံနဲ့အတူ ၆၅ သန်း တန်သွားခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ဟာဗတ်ဇ်၊ ဆာကာနဲ့ ဇင်ချန်ကိုတို့အစား စမစ်ရိုး၊ နယ်လ်ဆန်နဲ့ ကီဗီယာတို့ကို ထည့်သွင်းသွားခဲ့ပြီး နာကျင်အချိန်ပိုဟာ တတိယဂိုး ရနိုင်တဲ့ အခွင့်အရေးကို စမစ်ရိုးက နှောင့်နှေးနေခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရပြီး အမ်းမရိတ်မှာ ဘရိုက်တန်ကို ပရီးမီးယားလိဂ် သုံးပွဲအပါအဝင် နောက်ဆုံးလေးပွဲဆက် မနိုင်တဲ့ မှတ်တမ်းဆိုးကို ရပ်တန့်သွားနိုင်ခဲ့တာပါ။
အာဆင်နယ်တို့အနေနဲ့ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေဆက်တိုက် သွင်းနေခဲ့တဲ့ ဟာဗတ်ဇ်ကတော့ အသင်းနဲ့ လမိုင်းကပ်သွားခဲ့ပြီဖြစ်တာကြောင့် ကြီးမားတဲ့ အပေါင်းလက္ခဏာလည်းဖြစ်လာခဲ့ပြီး ဒီနေ့နိုင်ပွဲကြောင့် အန်းဖီးလ်မှာ မန်ယူနဲ့ ဂိုးမရှိသရေကျသွားခဲ့တဲ့ လီဗာပူးလ်ကို ကျော်တက်ပြီး အဆင့် ၁ နေရာ အမှတ်ပေးဇယားထိပ်မှာ ဆင်ပျံကြီးတို့ ဝင့်ကြွားနိုင်ခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟာဗတ္ဇ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကိုပဲ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား ဗာဘ႐ူဂန္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ဗန္ဟက္ကာ၊ ဗဲ့လ္မန္းနဲ႔ မီလ္နာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဂေရာ့စ္၊ ဂီးလ္မိုး၊ လယ္လာနာ၊ အယ္လ္ဒင္ဂရာနဲ႔ မီတိုမာတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဖာဂူဆန္ တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။
အာဆင္နယ္တို႔ဘက္ကေတာ့ လြယ္ေနတာကို ခက္ေအာင္လုပ္တတ္ၾကတယ္လို႔ စိုင္းထီးဆိုင္သီခ်င္းကို ဆိုေနသလိုပဲျဖစ္ေနခဲ့ၿပီး မလိုအပ္ဘဲ တိုက္စစ္ Tempo ကို ေလွ်ာ့ခ်ပစ္ၿပီး Urgency မရွိခဲ့လို႔ ဘ႐ိုက္တန္ခံစစ္က ပိတ္ဆို႔ခံခဲ့ရတာေတြနဲ႔ ဆာကာရဲ႕ ဖန္တီးမႈ သုံးႀကိမ္ကို ပိတ္သြင္းတာကေန သုံးဂိုးအထိ ရႏိုင္တဲ့ XG ေတြ ျဖစ္ခဲ့ေပမယ့္ ဟာဗတ္ဇ္၊ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔က အစဥ္လိုက္ လြဲေခ်ာ္ခဲ့ၾကတာျဖစ္ပါတယ္။
ေအာ္ဒီဂြါဒ္ကေတာ့ ထုံးစံအတိုင္းပဲ ဟိတက္ၿပီဆို ဝင္မပါဘဲ ေပ်ာက္ေနခဲ့သလို ဆာကာကို မီလ္နာ ခ်တာကိုေတာင္ သူ႔ရဲ႕ ေရွာင္ဖယ္ေနမႈေၾကာင့္ ဇင္ခ်န္ကိုက မေနႏိုင္ မထိုင္ႏိုင္ ဝင္ပါခဲ့ရၿပီး ေနာ္ေဝသားရဲ႕ ေခါင္းေဆာင္မႈပိုင္းက ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို တိုက္စစ္ကို အာ႐ုံစိုက္ေနလို႔လားလို႔ ဆိုရရင္လည္း ဒီေန႔ပြဲမွာ သူ႔ရဲ႕ Goal Contribution က ဆိုး႐ြားေနခဲ့တာပါ။
ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔ ေဘာလုံးကိုင္ထားရင္းပဲ အခ်ိန္ကုန္ေနခဲ့ၿပီး တိုက္စစ္သမားေတြကေတာ့ နည္းျပအဖြဲ႕ထဲမွာ တိတိက်က် ၫႊန္ၾကားႏိုင္တဲ့ Attacking Coach တစ္ဦး မရွိေၾကာင္းကိုပဲ အလြဲေတြနဲ႔ ေဖာ္ျပေနခဲ့တာေၾကာင့္ အမ္းမရိတ္မွာဆို လာစြာတတ္လို႔ ဆုံးမေပးဖို႔ လိုအပ္ေနတဲ့ ဘ႐ိုက္တန္တို႔နဲ႔ ဂိုးမရွိ သေရျဖစ္ေနခဲ့ၾကပါတယ္။
ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ ဖိကစားေနခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကလည္း ကိုယ့္ဘက္က ေကာင္းလြန္းလို႔ မဟုတ္ဘဲ ဆာကာရဲ႕ ညာေထာင့္ကန္ေဘာကို ဘ႐ိုက္တန္ေနာက္ခံလူ ဗန္ဟက္ကာက ေခါင္းတိုက္ရွင္းထုတ္ရာမွာ ေဂ်ဆူးစ္ဆီ ကြက္တိ ေရာက္သြားခဲ့လို႔ ဘရာဇီးလ္သားက အေဝးတိုင္နားကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။
ဒီေနာက္မွာ ဘ႐ိုက္တန္တို႔ ဂိုးျပန္ရဖို႔ ႀကိဳးစားလာခဲ့ခ်ိန္မွာ ေကာင္တာေတြကေန အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ ျဖဳန္းတီးပစ္ခဲ့ၾကသလို ကပၸတိန္ ေအာ္ဒီဂြါဒ္ကေတာ့ မန္ယူကို ခ်ဲလ္ဆီးဘက္က ပါးလ္မား ခ်ိဳးကန္သြားခဲ့တဲ့ ပုံစံအတိုင္း ဂိုးဝင္ႏိုင္တဲ့ ေဘာလုံးမ်ိဳးကို ပါးပါးနပ္နပ္ မကန္ဘဲ ဂိုးသမားရွိတဲ့ ေထာင့္က်ဥ္းကိုပဲ က်ဳံးထည့္ခဲ့လို႔ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။
ဘ႐ိုက္တန္တို႔ဘက္က လယ္လာနာ၊ ဖာဂူဆန္၊ မီလ္နာနဲ႔ အယ္လ္ဒင္ဂရာတို႔အစား ေဘာ္နာႏိုေတး၊ ဂ်ာအို ပက္ဒ႐ို၊ အီေဂၚ ဟူလီယိုနဲ႔ ဝဲလ္ဘက္ခ္တို႔ကို ထည့္သြင္းၿပီး ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ဘက္ကေတာ့ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔အစား နကီးတီးယားနဲ႔ ထေရာ့ဆတ္တို႔ကို ေျပာင္းလဲသြားခဲ့တာပါ။
ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ အာဆင္နယ္ပရိသတ္ေတြကို ရင္အပူၿငိမ္းေစမယ့္ ဒုတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေအာ္ဒီဂြါဒ္ ဆြဲယူလာၿပီး ေပးတာကို နကီးတီးယားက ေခ်ာင္ေနတဲ့ ဘ႐ိုက္တန္ခံစစ္ၾကားကေန ဘယ္ေတာင္ပံကို ခင္းေပးခဲ့ရာမွာ ဟာဗတ္ဇ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ ပရိသတ္ေတြရဲ႕ ဝါကာဝါကာ အားေပးသံနဲ႔အတူ ၆၅ သန္း တန္သြားခဲ့တာျဖစ္ပါတယ္။
ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က ဟာဗတ္ဇ္၊ ဆာကာနဲ႔ ဇင္ခ်န္ကိုတို႔အစား စမစ္႐ိုး၊ နယ္လ္ဆန္နဲ႔ ကီဗီယာတို႔ကို ထည့္သြင္းသြားခဲ့ၿပီး နာက်င္အခ်ိန္ပိုဟာ တတိယဂိုး ရႏိုင္တဲ့ အခြင့္အေရးကို စမစ္႐ိုးက ေႏွာင့္ေႏွးေနခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ေက်နပ္ခဲ့ရၿပီး အမ္းမရိတ္မွာ ဘ႐ိုက္တန္ကို ပရီးမီးယားလိဂ္ သုံးပြဲအပါအဝင္ ေနာက္ဆုံးေလးပြဲဆက္ မႏိုင္တဲ့ မွတ္တမ္းဆိုးကို ရပ္တန႔္သြားႏိုင္ခဲ့တာပါ။
အာဆင္နယ္တို႔အေနနဲ႔ ေနာက္ပိုင္းပြဲေတြမွာ ဂိုးေတြဆက္တိုက္ သြင္းေနခဲ့တဲ့ ဟာဗတ္ဇ္ကေတာ့ အသင္းနဲ႔ လမိုင္းကပ္သြားခဲ့ၿပီျဖစ္တာေၾကာင့္ ႀကီးမားတဲ့ အေပါင္းလကၡဏာလည္းျဖစ္လာခဲ့ၿပီး ဒီေန႔ႏိုင္ပြဲေၾကာင့္ အန္းဖီးလ္မွာ မန္ယူနဲ႔ ဂိုးမရွိသေရက်သြားခဲ့တဲ့ လီဗာပူးလ္ကို ေက်ာ္တက္ၿပီး အဆင့္ ၁ ေနရာ အမွတ္ေပးဇယားထိပ္မွာ ဆင္ပ်ံႀကီးတို႔ ဝင့္ႂကြားႏိုင္ခဲ့ၾကပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ပထမပိုင်းမှာ ရင်ပူပြီးမှ King Kai နဲ့ ရင်အေးခဲ့ရတဲ့ ဇယားထိပ်ရောက် ဆင်ပျံကြီး first appeared on Sports A2Z.
Your new digest 50
Post a Comment