သင့်ကို တနေ့တာလုံး လန်းဆန်းတက်ကြွစေမယ့် နည်းလမ်း…

နေ့လည်နေ့ခင်းရောက်လာတဲ့အချိန်ကျရင် မောပန်းသလိုလို အိပ်ငိုက်သလိုလို ဖြစ်နေပါသလား။ အမြဲတမ်း မျက်လုံးဖွင့်နိုင်ဖို့ နေ့လည်ကျရင် ကော်ဖီတွေအများကြီး သောက်နေရပါသလား။

ဒါဆိုရင်တော့ ဒီနည်းလမ်းလေးက သင့်ကို တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေဖို့ အထောက်အကူအများကြီးဖြစ်စေတဲ့အတွက် လိုက်လုပ်ပေးကြည့်ဖို့ တိုက်တွန်းပါရစေနော်။

နေ့လည်ခင်းမှာ အဆာပြေစားပါ

နေ့လည်ခင်းမှာ အဆာပြေလေးတစ်ခုခုစားဖို့သင့်ခန္ဓာကိုယ်က လိုအပ်ပါတယ်။ အဲ့လို အဆာပြေလေးစားလိုက်ရင် ခန္ဓာကိုယ်မှာ အားပြန်ရှိလာမှာဖြစ်ပါတယ်။

အဆာပြေစားတဲ့အခါမှာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရွေးပါ။ အုတ်ဂျုံ၊ Greek Yogurt၊ အသီးအနှံတွေကိုလည်း စားပေးပါ။

ချောကလက်လည်း စားပေးလို့ရပေမယ့် အမည်းရောင် ချောကလက် (Dark Chocolate) ကိုပဲစားပါ။ ချောကလက် အမည်းမှာ သကြားပါဝင်မှုနည်းပြီး ကဖိန်းဓာတ်ပိုများတာကြောင့် သင့်ခန္ဓာကိုယ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

အဆာပြေစားပေမယ့် သကြားများတဲ့ အစားအစာ၊ အဆီဓာတ်များတဲ့ အစားအစာတွေကို မစားပါနဲ့။ ဒါတွေက လူကို ပိုပြီး အိပ်ငိုက်စေပါတယ်။

သံပုရာ ရည်ကို သောက်ပါ

ကော်ဖီမသောက်ဘဲ သံပုရာရည်ကို သောက်ကြည့်ပါ။ သံပုရာရည်က လူကို တက်ကြွပြီး အားဖြစ်စေပါတယ်။ အဲ့ဒီအပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး စိတ်ခံအားချက်ကိုလည်း မြှင့်တက်စေပါတယ်။

အေးတဲ့ရေ မျက်နှာပေါ် ပက်ဖြန်းပေးပါ

အေးတဲ့ရေကို မျက်နှာပေါ်မှာ ပက်ဖြန်းပေးပါ။ ဒါဆိုရင် တစ်နေ့တာသင့်ဆီမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

အကြောဆန့်ပြီး ပြင်ပလေကို ရှူပါ

ထိုင်ခုံပေါ်မှာ အချိန်အကြာကြီးထိုင်နေတာမျိုးက လူကို ပိုနုံးစေပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကို အောက်စီဂျင်ရအောင် အသက်ရှူပြီး အကြောဆန့်တာမျိုးလုပ်ပါ။

နေရောင်ရအောင်လုပ်ပါ

ရုံးမှာ အဲကွန်းအပြည့်နဲ့ မီးချောင်းမီးချည်းနဲ့ပဲ နေရင် ပိုပြီး ပင်ပန်းလွယ်ပါတယ်။ ဒါ့ကြောင့်နေရောင်ကိုလည်း ရအောင်လုပ်ပါ။ တန်ဖိုးထားပါ။ Credit – myhealthmyanmar

Zawgyi

သင့္ကို တစ္ေန႔တာလုံး လန္းဆန္းတက္ႂကြေစမယ့္ နည္းလမ္း

ေန႔လည္ေန႔ခင္းေရာက္လာတဲ့အခ်ိန္က်ရင္ ေမာပန္းသလိုလို အိပ္ငိုက္သလိုလို ျဖစ္ေနပါသလား။ အၿမဲတမ္း မ်က္လုံးဖြင့္ႏိုင္ဖို႔ ေန႔လည္က်ရင္ ေကာ္ဖီေတြအမ်ားႀကီး ေသာက္ေနရပါသလား။

ဒါဆိုရင္ေတာ့ ဒီနည္းလမ္းေလးက သင့္ကို တစ္ေန႔တာလုံး လန္းဆန္းတက္ႂကြေစဖို႔ အေထာက္အကူအမ်ားႀကီးျဖစ္ေစတဲ့အတြက္ လိုက္လုပ္ေပးၾကည့္ဖို႔ တိုက္တြန္းပါရေစေနာ္။

ေန႔လည္ခင္းမွာ အဆာေျပစားပါ

ေန႔လည္ခင္းမွာ အဆာေျပေလးတစ္ခုခုစားဖို႔သင့္ခႏၶာကိုယ္က လိုအပ္ပါတယ္။ အဲ့လို အဆာေျပေလးစားလိုက္ရင္ ခႏၶာကိုယ္မွာ အားျပန္ရွိလာမွာျဖစ္ပါတယ္။

အဆာေျပစားတဲ့အခါမွာ အမွ်င္ဓာတ္မ်ားတဲ့ အစားအစာေတြကို ေ႐ြးပါ။ အုတ္ဂ်ဳံ၊ Greek Yogurt၊ အသီးအႏွံေတြကိုလည္း စားေပးပါ။

ေခ်ာကလက္လည္း စားေပးလို႔ရေပမယ့္ အမည္းေရာင္ ေခ်ာကလက္ (Dark Chocolate) ကိုပဲစားပါ။ ေခ်ာကလက္ အမည္းမွာ သၾကားပါဝင္မႈနည္းၿပီး ကဖိန္းဓာတ္ပိုမ်ားတာေၾကာင့္ သင့္ခႏၶာကိုယ္ကို လန္းဆန္းေစမွာျဖစ္ပါတယ္။

အဆာေျပစားေပမယ့္ သၾကားမ်ားတဲ့ အစားအစာ၊ အဆီဓာတ္မ်ားတဲ့ အစားအစာေတြကို မစားပါနဲ႔။ ဒါေတြက လူကို ပိုၿပီး အိပ္ငိုက္ေစပါတယ္။

သံပုရာ ရည္ကို ေသာက္ပါ

ေကာ္ဖီမေသာက္ဘဲ သံပုရာရည္ကို ေသာက္ၾကည့္ပါ။ သံပုရာရည္က လူကို တက္ႂကြၿပီး အားျဖစ္ေစပါတယ္။ အဲ့ဒီအျပင္ စိတ္ဖိစီးမႈကိုလည္း ေလ်ာ့က်ေစၿပီး စိတ္ခံအားခ်က္ကိုလည္း ျမႇင့္တက္ေစပါတယ္။

ေအးတဲ့ေရ မ်က္ႏွာေပၚ ပက္ျဖန္းေပးပါ

ေအးတဲ့ေရကို မ်က္ႏွာေပၚမွာ ပက္ျဖန္းေပးပါ။ ဒါဆိုရင္ တစ္ေန႔တာသင့္ဆီမွာ ရွိေနတဲ့ စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။

အေၾကာဆန႔္ၿပီး ျပင္ပေလကို ရႉပါ

ထိုင္ခုံေပၚမွာ အခ်ိန္အၾကာႀကီးထိုင္ေနတာမ်ိဳးက လူကို ပိုႏုံးေစပါတယ္။ ဒါ့ေၾကာင့္ ဦးေႏွာက္ကို ေအာက္စီဂ်င္ရေအာင္ အသက္ရႉၿပီး အေၾကာဆန႔္တာမ်ိဳးလုပ္ပါ။

ေနေရာင္ရေအာင္လုပ္ပါ

႐ုံးမွာ အဲကြန္းအျပည့္နဲ႔ မီးေခ်ာင္းမီးခ်ည္းနဲ႔ပဲ ေနရင္ ပိုၿပီး ပင္ပန္းလြယ္ပါတယ္။ ဒါ့ေၾကာင့္ေနေရာင္ကိုလည္း ရေအာင္လုပ္ပါ။ တန္ဖိုးထားပါ။

The post သင့်ကို တနေ့တာလုံး လန်းဆန်းတက်ကြွစေမယ့် နည်းလမ်း… appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post