10 မိနစ်် အချိန်ပေးရုံနဲ့ လက်ကလေးတွေဖေယောင်းသားလေးလိုနူးညံ့လာစေမယ့်နည်းလမ်း
အသက်အရွယ်ရလာတာနဲ့အမျှ သင့်မျက်နှာပေါ်က အသားအရေသာမက လက်ချောင်းလေးတွေကလည်း ပြောင်းလဲလာပါတယ်။ သင်ကသာ သတိမထားမိတာပါ။ လက်ဆိုတော့လည်း မျက်နှာအသားအရေလို ပုံမှန်ဂရုမစိုက်နိုင်တော့လည်း ဘယ်သတိထားမိမလဲနော်။ တကယ်တော့ မျက်နှာလိုပဲ သင့်ရဲ့ လက်ကလေးတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်
သင်ဓာတ်ပုံရိုက်တဲ့အချိန် သင့်ကောင်လေးက သင့်လက်ကလေးကို ကိုင်တဲ့အချိန်တွေမှာလည်း နူးညံ့တဲ့လက်ကလေးတွေက သင့်ကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် ၁၀ မိနစ်အချိန်ပေးလိုက်တာနဲ့ လက်ကလေးတွေ ချောမွေ့နူးညံ့လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်
ကြက်ဥ
ကျွမ်းကျင်ပညာရှင်တွေက ကြက်ဥက အသားအရေရဲ့ တင်းရင်းမှုကို ပြန်သိုလှောင်ပေးပါတယ်လို့ ပြောထားပါတယ်။ ကြက်ဥအကာကို ပျားရည်တစ်ဇွန်းနဲ့ ရောပေးပါ။ ဒီအရောကို သင့်လက်ပေါ်မှာလိမ်းပေးပြီး ခြောက်သွေ့တဲ့အထိထားပါ။ ပြီးတာနဲ့ ဆပ်ပြာကို သုံးပြီး ရေဆေးချပေးပါ။
အာလူး
အာလူးက သင့်လက်ကလေးတွေကို နူးည့ံစေပါတယ်။ အလယ်အလတ်အရွယ်အစားရှိတဲ့ အာလူးအနည်းငယ်ကို ပြုတ်ပေးပါ။ ပြုတ်ထားတဲ့ အာလူးတွေကို ချေပေးပါ။ အာလူးချေထားတဲ့အထဲကို သံလွင်ဆီ ၂ ဇွန်း၊ ပျားရည်နဲ့ နွားနို့ ထည့်ပေးပါ။ ဒီအရောကို ရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ ဒါကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်လက်မှာလိမ်းပေးပါ။ ၁၅ မိနစ်ကြာထားပါ။ ပြီးတာနဲ့ ရေဆေးချပေးပါ။
Rosehip Oil
Rosehip oil က သင့်လက်ကို တင်းရင်းစေတဲ့ အံ့မခန်းဆီတစ်မျိုးပါ။ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ သင့်လက်ကို ဒီဆီနဲ့ နေ့စဉ်နှိပ်နယ်ပေးပါ။ လက်လေးတွေကို အနားပေးလိုက်ပါ။
သံပယိုသီးနဲ့ သကြား
သံပယိုသီးတစ်ဝက်ကို အရည်ညှစ်ပါ။ သကြား ၂ ဇွန်းနဲ့ ရောပေးပါ။ ဒါကို သင့်လက်ပေါ်မှာ ပွတ်ပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ ပြီးတာနဲ့ ရေဆေးချပါ။
ဗာဒံစေ့အဆီ
လက်ကို ဗာဒံဆေ့အဆီထဲ စိမ်ထားပါ။ ပြီးတာနဲ့ ရေအေးမှာ ၅ မိနစ်ကြာစိမ်ပေးပါ။ ပြီးတာနဲ့ Cream တစ်မျိုးမျိုးကို လိမ်းလိုက်ပါ။ လက်အိတ်စွပ်ပြီး တစ်ညအိပ်လိုက်ပါ။ မနက်ရောက်တဲ့အချိန်မှာတော့ သင့်လက်ကလေးဟာ ရေဓာတ်အပြည့်အဝရနေပါပြီ။
သင့်လက်ပေါ်မှာ Vaseline လိမ်းလိုက်ပါ။ လက်အိတ်ဝတ်ပြီး ညအိပ်ပေးပါ။ပျိုမေအားလုံး နူးညံ့ချောမွေ့တဲ့ လက်ကလေးတွေကို ပိုင်ဆိုင်ကြပါစေနော်။
credit : MyStyle Myanmar
10 မိနစ် အချိန်ပေးရုံနဲ့ လက်ကလေးတွေဖယောင်းသားလေးလိုနူးညံ့လာစေမယ့်နည်းလမ်း
ကြက်ဥ
အာလူး
Rosehip Oil
သံပယိုသီးနဲ့ သကြား
ဗာဒံစေ့အဆီ
The post 10 မိနစ်် အချိန်ပေးရုံနဲ့ လက်ကလေးတွေဖေယောင်းသားလေးလိုနူးညံ့လာစေမယ့် နည်းလမ်း appeared first on Achawlaymyar.
Your new digest 49
Post a Comment