မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ရိုဒရီ၊ ကိုဗာချစ်၊ မက်သီယူးစ် နူးနက်စ်၊ ဒိုကူးနဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ အထောင်ထားလာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ယန်းဘွိုင်းစ်တို့ကတော့ ဂိုးသမား ရာစီယော့ပီ၊ ခံစစ်မှာ ကာမာရာ၊ ဘင်နီတို၊ ဘလမ်းနဲ့ ဂါစီယာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လော့ပါ၊ အူဂရီနစ်ချ်နဲ့ နီယာဆေးတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မွန်တေရို၊ အီလီယာနဲ့ အစ်တန်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။
မန်ယူနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်တာကြောင့် မန်စီးတီးတို့အနေနဲ့ အယ်လ်ဗာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂွါဒီယောလ်၊ ဂျွန်စတုန်းစ်နဲ့ ဝေါ်လ်ကာတို့လို ကစားသမားတွေကို အရန်ခုံမှာပဲ ထားခဲ့ပြီး ဆွစ်ဇာလန်မှာ ကစားတဲ့ပွဲကို အားသိပ်မထည့်ခဲ့ပေမယ့် သူတို့ကစားနေကျ ပုံစံကတော့ ယန်းဘွိုင်းစ်တို့ကို ကောင်းကောင်းထိုးနှက်နိုင်ခဲ့ပြီး ဒိုကူး၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ အဆုံးသတ် မသေချာခဲ့လို့သာ ပထမပိုင်းမှာ ဘဲဥမကွဲခဲ့တာပါ။
ဒုတိယပိုင်းစပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘော နှစ်ကြိမ်ဆက်ရရာကနေ ဘယ်ခြမ်းကို ကျလာတဲ့ ဘောလုံးကို ရိုဒရီ ပြန်ရပြီး ဂိုးရှေ့ဖြတ်တင်ပေးရာမှာ ရူဘင် ဒီယက်စ်ရဲ့ ခေါင်းတိုက်ချက်က ဘားထိပြီး ပြန်ကျလာတာကို အာကန်ဂျီက ပိတ်သွင်းပြီး ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲက အနီကတ်အတွက် ပေးဆပ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးတို့ ဦးဆောင်မှုက ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၅၂ မိနစ်မှာတော့ ယန်းဘွိုင်းစ်တို့ ချေပသွားခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ နီယာဆေးက မန်စီးတီးခံစစ်ကို ကျော်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို အီလီယာက လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားပြီး ရှေ့တက်လာခဲ့တဲ့ ဂိုးသမား အီဒါဆန်ပေါ်ကနေ မ,တင်ပြီး သွင်းယူသွားခဲ့တာပါ။
ပွဲချိန် ၆၇ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရိုဒရီကို ယန်းဘွိုင်းစ်နောက်ခံလူ ကာမာရာက ဧရိယာထဲမှာ ဘောလုံးမထိဘဲ ခြေထောက်ကို ဖျက်မိလို့ ရခဲ့တဲ့ ပင်နယ်တီကို ဟားလန်းက ညာဘက်ကို ပြပြီး အလယ်ကို ကန်သွင်းယူခဲ့ရာမှာ ကန်ချက်က သိပ်မတိကျခဲ့ပေမယ့် ဂိုးသမားကို အနိုင်ယူဖို့တော့ လုံလောက်ခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာ မန်စီးတီးတို့ဘက်က ဒိုကူး၊ မက်သီယူးစ် နူးနက်စ်တို့အစား ဘာနာဒို ဆေးလ်ဗားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို လဲကစားသွားခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ်က ကွင်းထဲရောက်ပြီး နှစ်မိနစ်အကြာမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့ Build-up Play မှာ ရိုဒရီ ပြစ်ဒဏ်ကျူးလွန်ခြင်း မရှိခဲ့ပေမယ့် ဘောလုံးထိန်းရာမှာ လက်ထိခဲ့တဲ့ ဂရီးလစ်ရှ်ကြောင့် ပယ်ဖျက်ခံခဲ့ရပြီး အင်္ဂလန်သားအနေနဲ့ ဒီနေ့မှာ ကန်ချက်အလွဲတွေနဲ့လည်း တွတ်ပီဖြစ်နေခဲ့တာပါ။
ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ရိုဒရီ ပြန်ရသွားခဲ့ပြီး ဧရိယာထဲကို ထိုးပေးခဲ့ရာမှာ ဟားလန်းက သူ့ကို ပိတ်ထားတဲ့ ယန်းဘွိုင်းစ်နောက်ခံလူကို ဘယ်ခြေနဲ့ တစ်ချက်ခေါက်ပြီး ညာခြေနဲ့ ထောင့်ထဲကို ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့က သုံးဂိုး-တစ်ဂိုးနဲ့ ဆွစ်ဇာလန်မြေ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ် အုပ်စု(ဂျီ)ကို သုံးပွဲ၊ ကိုးမှတ်နဲ့ ဆက်လက်ဦးဆောင်ခဲ့ကြသလို မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲ မတိုင်ခင်မှာ ငါတို့ဟာ ယန်းဘွိုင်းစ်ကို ရှုံးတဲ့ အသင်းမျိုး မဟုတ်ဘူးလို့ မန်ယူတို့အပေါ် တစ်လုံးတင် လေတိုက်လို့ရမယ့် နိုင်ပွဲကို ရယူနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီကို လူးဝစၥ၊ ႐ိုဒရီ၊ ကိုဗာခ်စ္၊ မက္သီယူးစ္ ႏူးနက္စ္၊ ဒိုကူးနဲ႔ ကိုဗာခ်စ္ခ်္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ယန္းဘြိဳင္းစ္တို႔ကေတာ့ ဂိုးသမား ရာစီေယာ့ပီ၊ ခံစစ္မွာ ကာမာရာ၊ ဘင္နီတို၊ ဘလမ္းနဲ႔ ဂါစီယာတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ေလာ့ပါ၊ အူဂရီနစ္ခ်္နဲ႔ နီယာေဆးတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ မြန္ေတ႐ို၊ အီလီယာနဲ႔ အစ္တန္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။
မန္ယူနဲ႔ လာမယ့္ တနဂၤေႏြေန႔မွာ ကစားရမွာျဖစ္တာေၾကာင့္ မန္စီးတီးတို႔အေနနဲ႔ အယ္လ္ဗာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဂြါဒီေယာလ္၊ ဂြၽန္စတုန္းစ္နဲ႔ ေဝၚလ္ကာတို႔လို ကစားသမားေတြကို အရန္ခုံမွာပဲ ထားခဲ့ၿပီး ဆြစ္ဇာလန္မွာ ကစားတဲ့ပြဲကို အားသိပ္မထည့္ခဲ့ေပမယ့္ သူတို႔ကစားေနက် ပုံစံကေတာ့ ယန္းဘြိဳင္းစ္တို႔ကို ေကာင္းေကာင္းထိုးႏွက္ႏိုင္ခဲ့ၿပီး ဒိုကူး၊ ဂရီးလစ္ရွ္နဲ႔ ဟားလန္းတို႔ အဆုံးသတ္ မေသခ်ာခဲ့လို႔သာ ပထမပိုင္းမွာ ဘဲဥမကြဲခဲ့တာပါ။
ဒုတိယပိုင္းစၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာ ႏွစ္ႀကိမ္ဆက္ရရာကေန ဘယ္ျခမ္းကို က်လာတဲ့ ေဘာလုံးကို ႐ိုဒရီ ျပန္ရၿပီး ဂိုးေရွ႕ျဖတ္တင္ေပးရာမွာ ႐ူဘင္ ဒီယက္စ္ရဲ႕ ေခါင္းတိုက္ခ်က္က ဘားထိၿပီး ျပန္က်လာတာကို အာကန္ဂ်ီက ပိတ္သြင္းၿပီး ၿပီးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ပြဲက အနီကတ္အတြက္ ေပးဆပ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ မန္စီးတီးတို႔ ဦးေဆာင္မႈက ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ယန္းဘြိဳင္းစ္တို႔ ေခ်ပသြားခဲ့သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန နီယာေဆးက မန္စီးတီးခံစစ္ကို ေက်ာ္ၿပီး တင္ေပးလိုက္တဲ့ ေဘာလုံးကို အီလီယာက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားၿပီး ေရွ႕တက္လာခဲ့တဲ့ ဂိုးသမား အီဒါဆန္ေပၚကေန မ,တင္ၿပီး သြင္းယူသြားခဲ့တာပါ။
ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ႐ိုဒရီကို ယန္းဘြိဳင္းစ္ေနာက္ခံလူ ကာမာရာက ဧရိယာထဲမွာ ေဘာလုံးမထိဘဲ ေျခေထာက္ကို ဖ်က္မိလို႔ ရခဲ့တဲ့ ပင္နယ္တီကို ဟားလန္းက ညာဘက္ကို ျပၿပီး အလယ္ကို ကန္သြင္းယူခဲ့ရာမွာ ကန္ခ်က္က သိပ္မတိက်ခဲ့ေပမယ့္ ဂိုးသမားကို အႏိုင္ယူဖို႔ေတာ့ လုံေလာက္ခဲ့တာျဖစ္ပါတယ္။
ဒီေနာက္မွာ မန္စီးတီးတို႔ဘက္က ဒိုကူး၊ မက္သီယူးစ္ ႏူးနက္စ္တို႔အစား ဘာနာဒို ေဆးလ္ဗားနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို လဲကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ အယ္လ္ဗာရက္ဇ္က ကြင္းထဲေရာက္ၿပီး ႏွစ္မိနစ္အၾကာမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ VAR ျပန္ၾကည့္တဲ့ Build-up Play မွာ ႐ိုဒရီ ျပစ္ဒဏ္က်ဴးလြန္ျခင္း မရွိခဲ့ေပမယ့္ ေဘာလုံးထိန္းရာမွာ လက္ထိခဲ့တဲ့ ဂရီးလစ္ရွ္ေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး အဂၤလန္သားအေနနဲ႔ ဒီေန႔မွာ ကန္ခ်က္အလြဲေတြနဲ႔လည္း တြတ္ပီျဖစ္ေနခဲ့တာပါ။
ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ မန္စီးတီးတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ႐ိုဒရီ ျပန္ရသြားခဲ့ၿပီး ဧရိယာထဲကို ထိုးေပးခဲ့ရာမွာ ဟားလန္းက သူ႔ကို ပိတ္ထားတဲ့ ယန္းဘြိဳင္းစ္ေနာက္ခံလူကို ဘယ္ေျခနဲ႔ တစ္ခ်က္ေခါက္ၿပီး ညာေျခနဲ႔ ေထာင့္ထဲကို ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ မန္စီးတီးတို႔က သုံးဂိုး-တစ္ဂိုးနဲ႔ ဆြစ္ဇာလန္ေျမ အေဝးကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ အုပ္စု(ဂ်ီ)ကို သုံးပြဲ၊ ကိုးမွတ္နဲ႔ ဆက္လက္ဦးေဆာင္ခဲ့ၾကသလို မန္ခ်က္စတာဒါဘီ ပရီးမီးယားလိဂ္ပြဲ မတိုင္ခင္မွာ ငါတို႔ဟာ ယန္းဘြိဳင္းစ္ကို ရႈံးတဲ့ အသင္းမ်ိဳး မဟုတ္ဘူးလို႔ မန္ယူတို႔အေပၚ တစ္လုံးတင္ ေလတိုက္လို႔ရမယ့္ ႏိုင္ပြဲကို ရယူႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ဒါဘီပွဲမတိုင်ခင် ယန်းဘွိုင်းစ်ကို ဖုတ်ပြီး မန်ယူဘက်ကို တစ်လုံးတင်လိုက်တဲ့ မန်စီးတီး first appeared on Sports A2Z.
Your new digest 50
Post a Comment