ဆန်ချိုကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တဲ့ မန်ယူနိုက်တက်

ဂျေဒန် ဆန်ချိုရဲ့ နည်းပြ တန်ဟက်နဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့တဲ့ကိစ္စဟာ ပြီးဆုံးသွားခဲ့ပုံမပေါ်ဘဲ လက်ရှိမှာတော့ အသင်း ထမင်းစားခန်းအပါအဝင် ပထမအသင်းနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေအားလုံးကနေ ပိတ်ပင်ခံလိုက်ရပြီလို့ သိရပါတယ်။

ဆန်ချိုဟာ ယခုလအစောပိုင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ရဲ့ လူစာရင်းထဲက ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး တန်ဟက်က သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်ကြယ်ပွင့်ရဲ့ လေ့ကျင့်ရေးက စွမ်းဆောင်ရည်ဟာ သဘောကျစရာမရှိတာကြောင့် လူစာရင်းထဲမှာတောင် မထည့်သွင်းခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဖျက်သွားခဲ့ပြီဖြစ်တဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်ထဲမှာ ဆန်ချိုက ဒတ်ချ်လူမျိုးနည်းပြကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး ပြောဆိုမှုတွေဟာ မမှန်ကန်ဘဲ အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် ခုတုံးလုပ်ခံခဲ့ရတာလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ အဲဒီမှတ်ချက်နဲ့ပတ်သက်ပြီး တန်ဟက်ကို ပြန်လည်တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီး ဒီကိစ္စ မပြေလည်ခင်အထိ ကာရင်တန်မှာ တစ်ယောက်တည်းလေ့ကျင့်ဖို့ ညွှန်ကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Daily Mirror ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ လက်ရှိမှာတော့ ပထမအသင်းသားတွေရရှိနေတဲ့ အထောက်အကူပြု ဝန်ဆောင်မှုတွေအားလုံးကနေ ပိတ်ပင်ခံလိုက်ရပြီဖြစ်ပြီး အသင်းထမင်းစားခန်းမှာတောင် ထမင်းစားခွင့်မရှိတော့တာကြောင့် အကယ်ဒမီကစားသမားတွေနဲ့ပဲ ထမင်းအတူစားနေရတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့ လုခ် ရှောတို့အားလုံးက ဆန်ချိုကို ဒတ်ချ်လူမျိုးနည်းပြကို ပြန်လည်တောင်းပန်ဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး ဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးဖို့ PFA ကို ကြားဝင်ကူညီပေးဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ နည္းျပ တန္ဟက္နဲ႔ လူသိရွင္ၾကား ျပႆနာတက္ခဲ့တဲ့ကိစၥဟာ ၿပီးဆုံးသြားခဲ့ပုံမေပၚဘဲ လက္ရွိမွာေတာ့ အသင္း ထမင္းစားခန္းအပါအဝင္ ပထမအသင္းနဲ႔ပတ္သက္တဲ့ အေထာက္အပံ့ေတြအားလုံးကေန ပိတ္ပင္ခံလိုက္ရၿပီလို႔ သိရပါတယ္။

ဆန္ခ်ိဳဟာ ယခုလအေစာပိုင္းမွာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ရဲ႕ လူစာရင္းထဲက ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး တန္ဟက္က သတင္းစာရွင္းလင္းပြဲမွာ အဂၤလန္ၾကယ္ပြင့္ရဲ႕ ေလ့က်င့္ေရးက စြမ္းေဆာင္ရည္ဟာ သေဘာက်စရာမရွိတာေၾကာင့္ လူစာရင္းထဲမွာေတာင္ မထည့္သြင္းခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ဖ်က္သြားခဲ့ၿပီျဖစ္တဲ့ လူမႈကြန္ရက္ေပၚက ပို႔စ္ထဲမွာ ဆန္ခ်ိဳက ဒတ္ခ်္လူမ်ိဳးနည္းျပကို ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ၿပီး ေျပာဆိုမႈေတြဟာ မမွန္ကန္ဘဲ အသင္းရဲ႕ ရလဒ္ဆိုးေတြအတြက္ ခုတုံးလုပ္ခံခဲ့ရတာလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ အဲဒီမွတ္ခ်က္နဲ႔ပတ္သက္ၿပီး တန္ဟက္ကို ျပန္လည္ေတာင္းပန္ဖို႔ ျငင္းဆန္ခဲ့ၿပီး ဒီကိစၥ မေျပလည္ခင္အထိ ကာရင္တန္မွာ တစ္ေယာက္တည္းေလ့က်င့္ဖို႔ ၫႊန္ၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

Daily Mirror ရဲ႕ ေဖာ္ျပခ်က္အရ ဆန္ခ်ိဳဟာ လက္ရွိမွာေတာ့ ပထမအသင္းသားေတြရရွိေနတဲ့ အေထာက္အကူျပဳ ဝန္ေဆာင္မႈေတြအားလုံးကေန ပိတ္ပင္ခံလိုက္ရၿပီျဖစ္ၿပီး အသင္းထမင္းစားခန္းမွာေတာင္ ထမင္းစားခြင့္မရွိေတာ့တာေၾကာင့္ အကယ္ဒမီကစားသမားေတြနဲ႔ပဲ ထမင္းအတူစားေနရတယ္လို႔ သိရပါတယ္။

ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယားနဲ႔ လုခ္ ေရွာတို႔အားလုံးက ဆန္ခ်ိဳကို ဒတ္ခ်္လူမ်ိဳးနည္းျပကို ျပန္လည္ေတာင္းပန္ဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး ဒီကိစၥကို ေျပလည္ေအာင္ေျဖရွင္းေပးဖို႔ PFA ကို ၾကားဝင္ကူညီေပးဖို႔လည္း ကမ္းလွမ္းခဲ့တယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဆန်ချိုကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တဲ့ မန်ယူနိုက်တက် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post