ကိုင်စီဒို ဘာကြောင့်ငြင်းသလဲ သိရရင် တိုင်နဲ့ခေါင်းနဲ့ ဆောင့်ချင်သွားမယ့် လီဗာပူးလ်

မွိုက်ဆက်စ် ကိုင်စီဒိုအနေနဲ့ သူ့ကို ဘရိုက်တန်ဘက်က လက်ခံနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ နှစ်သင်းစလုံးက ကမ်းလှမ်းလာခဲ့ရာမှာ ဘာကြောင့် တစ်သင်းကို ရွေးချယ်ပြီး ကျန်တဲ့ တစ်သင်းကို ပယ်ချခဲ့ရတယ်ဆိုတာကို စင်ရော်တွေရဲ့ စီအီးအို ပေါလ် ဘာဘာက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အီကွေဒေါသားကို တစ်သင်းက ပေါင်သန်း ၁၁၀ ပေးခဲ့ပြီး တစ်သင်းက ပေါင် ၁၁၅ သန်း ပေးခဲ့တာက ဘရိုက်တန်တို့ လိုချင်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ အနာဂတ်ခံစားခွင့် ၁၀ သန်းထက် များစွာ ကျော်လွန်နေခဲ့တာလည်းဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လီဗာပူးလ်တို့က လက်သွက်ခြေသွက် လှုပ်ရှားခဲ့ချိန်မှာ ပွဲဖြစ်ပြီလို့တောင် ထင်ခဲ့ကြရတာပါ။

ဒါပေမယ့် ကိုင်စီဒိုအနေနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ကြိုတင်ရယူထားပြီးဖြစ်တဲ့ ချဲလ်ဆီးအပေါ် မျက်နှာမလွှဲဘဲ သစ္စာရှိနေခဲ့တာဖြစ်ပြီး အသင်း တာဝန်ရှိသူတွေအပေါ် လီဗာပူးလ်ကို မပြောင်းဘဲ အနောက်လန်ဒန်က စတမ်းဖို့ဘရစ်ချ်ကိုသာ သွားလိုကြောင်း ပြတ်ပြတ်သားသား အသိပေးခဲ့တာဖြစ်သလို အပြာကောင်တွေရဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှုကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန် စီအီးအို ပေါလ် ဘာဘာကတော့ လီဗာပူးလ်တို့ကို တိုင်နဲ့ ခေါင်းနဲ့ ဆောင့်သွားစေနိုင်တဲ့ ကိုင်စီဒိုရဲ့ ငြင်းပယ်ရခြင်း လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလိုက်ပြီး ဒါကတော့ အန်းဖီးလ်သားတွေရဲ့ နေရာထိုင်ခင်းနဲ့ လူငယ်တွေအကြိုက် ပုံစံမျိုးကို ပေးစွမ်းနိုင်ခြင်း မရှိတဲ့ ပတ်ဝန်းကျင် ဒေသကြောင့်လို ဆိုသွားခဲ့တာပါ။

“လီဗာပူးလ်က ကြီးမားထင်ရှားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ အသင်းမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဖက်ဖက်က စဉ်းစားကြည့်မယ်ဆိုရင်တော့ နေ့တိုင်း အမှတ် ၆ လမ်းမကြီးကနေ သူ့ဆီ ကားမောင်းသွားရမယ့် အလုပ်မျိုးကိုတော့ ဖြစ်နိုင်ရင် လုပ်ချင်ကြမှာ မဟုတ်ဘူးပေါ့”

“မွိုက်စ်ဆက်နဲ့ သူ့အကြံပေးတွေကတော့ ဘာအကြောင်းတွေ ဘာကမ်းလှမ်းမှုတွေပဲ ရှိရှိ လန်ဒန်မြို့ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါက လီဗာပူးလ်နဲ့ ရက်ပိုင်းလောက် ဆွေးနွေးနေပြီးတဲ့ ကျွန်တော်တို့တွေအတွက် လုပ်ရကိုင်ရ ခက်ခဲစေခဲ့သလို နောက်ဆုံးတော့ ပွဲပျက်သွားခဲ့တာဖြစ်ပါတယ်”

ဒီအချိန်မှာတော့ ချဲလ်ဆီးတို့ အချိန်ကိုက်ရောက်ရှိလာပြီး သဘောတူညီနိုင်ခဲ့သလို မွိုက်စ်ဆက်ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်အတွက် ပျော်ရွှင်စွာနဲ့ အောင်မြင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးဖို့ ဖြစ်နိုင်ခဲ့ပါတယ်”လို့ ပေါလ် ဘာဘာက ရှင်းပြသွားခဲ့ပါတယ်။

ကိုင်စီဒိုအနေနဲ့ ဘရိုက်တန်ကနေ မိုင် ၅၀ သာ ဝေးပြီး တစ်နာရီအောက်သာ ကားမောင်းသွားရမယ့် လန်ဒန်မြို့ကို လူငယ်ပီပီ ရွေးချယ်ခဲ့ပြီး ဒီအချိန်မှာ အနောက်မြောက်ဒေသက သင်္ဘောဆိပ်မြို့ လီဗာပူးလ်ကတော့ ၂၇၁ မိုင် ကွာဝေးပြီး ၅ နာရီနီးပါး ခရီးနှင်ရမယ့် အချိန်မှာ အရွေးမခံရဘဲ ပလေးခံခဲ့ရတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ကိုင်စီဒို ဘာကြောင့်ငြင်းသလဲ သိရရင် တိုင်နဲ့ခေါင်းနဲ့ ဆောင့်ချင်သွားမယ့် လီဗာပူးလ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post