ပြီးခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ပရိသတ်တွေအတွက် နိုင်မောကြီးဖြစ်ခဲ့ရသလို ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံလူ ယူရီယန် တင်းမ်ဘားကလည်း ဒူးဒဏ်ရာက ထင်တာထက် ပိုဆိုးရွားခဲ့လို့ လနဲ့ချီပြီး အနားယူရတော့မှာဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီပွဲမှာ လူအချခံရလို့ ရတာဆိုရင်တောင် ဂန်းနားဖန်တွေအနေနဲ့ တစ်ဖက်ကစားသမားကို ဒေါသထွက်ပြီး စိတ်ဖြေလို့ ရနိုင်သေးပေမယ့် ခုတော့ မလိုအပ်ဘဲ ဘာမှန်းညာမှန်းမသိ Pressure ကို မခံစားနိုင်ဘဲ လက်ဝှေ့စကားနဲ့ ပြောရရင် အလှူအိမ်မှတ်လို့ ရမ်းဝင်လိုက်တဲ့ ပုံစံနဲ့ ဘရင်နန် ဂျွန်ဆန်ကို ဖျက်ထုတ်ရင်း နားကားသွားခဲ့တာပါ။

တင်းမ်ဘားရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေအရ ACL (Anterior Cruciate Ligament – ဒူးတွင်း အရှေ့ပိုင်း ကန့်လန့်ဖြတ်ပုံအရွတ်) ထိခိုက်မှု အဆင့် ၁ လို့ သိရပြီး ပထမရာသီဝက်ကို လွဲချော်ဖို့ သေချာသွားပြီဖြစ်သလို အာဆင်နယ်တို့အတွက်တော့ ကီရန် တီယာနီကို ရောင်းထုတ်ဖို့လည်း ပြန်လည်စဉ်းစားရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီကအထိတော့ သာမန်ထိခိုက်မှုတွေကလွဲရင် ပေါင်နောက်ကြော ဒဏ်ရာ၊ ပန်ကရိယရောင် ဝေဒနာနဲ့ ကိုဗစ်တို့ကြောင့်သာ ၁၃ ရက်ကနေ ၂၆ ရက်အထိ အချိန်အကြာဆုံး နားဖူးတာဖြစ်ပြီး အာဆင်နယ်ကို ပေါင် ၃၈ သန်းနဲ့ ရောက်လာအပြီးမှာတော့ မှတ်တမ်းဟောင်းတွေကို ချိုးဖျက်သွားခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ဒီအတိုင်းဆိုရင် မနှစ်ကလိုပဲ အိုလက်ဇန်ဒါ ဇင်ချန်ကိုရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကို မှီခိုရမယ့် အနေအထားကိုပဲ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ပရိသတ်တွေကြားမှာတော့ အမေရိကန်နိုင်ငံက မြက်ခင်းတုကွင်းတွေမှာ ကစားရတဲ့ ခြေစမ်းခရီးစဉ်နဲ့ ဒူးအရွတ်ဒဏ်ရာတွေ သက်ဆိုင်နေတယ်လို့ ကောက်ချက်ဆွဲကုန်ကြကြောင်းလည်း သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ၿပီးခဲ့တဲ့ ေနာ့တင္ဟမ္ေဖာရက္စ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ကေတာ့ ပရိသတ္ေတြအတြက္ ႏိုင္ေမာႀကီးျဖစ္ခဲ့ရသလို ပထမပိုင္းၿပီးခါနီးမွာ ဒဏ္ရာရသြားခဲ့တဲ့ ေနာက္ခံလူ ယူရီယန္ တင္းမ္ဘားကလည္း ဒူးဒဏ္ရာက ထင္တာထက္ ပိုဆိုး႐ြားခဲ့လို႔ လနဲ႔ခ်ီၿပီး အနားယူရေတာ့မွာျဖစ္ပါတယ္။

သူ႔အေနနဲ႔ ဒီပြဲမွာ လူအခ်ခံရလို႔ ရတာဆိုရင္ေတာင္ ဂန္းနားဖန္ေတြအေနနဲ႔ တစ္ဖက္ကစားသမားကို ေဒါသထြက္ၿပီး စိတ္ေျဖလို႔ ရႏိုင္ေသးေပမယ့္ ခုေတာ့ မလိုအပ္ဘဲ ဘာမွန္းညာမွန္းမသိ Pressure ကို မခံစားႏိုင္ဘဲ လက္ေဝွ႔စကားနဲ႔ ေျပာရရင္ အလႉအိမ္မွတ္လို႔ ရမ္းဝင္လိုက္တဲ့ ပုံစံနဲ႔ ဘရင္နန္ ဂြၽန္ဆန္ကို ဖ်က္ထုတ္ရင္း နားကားသြားခဲ့တာပါ။

တင္းမ္ဘားရဲ႕ ဒဏ္ရာကို ေဆးစစ္မႈေတြအရ ACL (Anterior Cruciate Ligament – ဒူးတြင္း အေရွ႕ပိုင္း ကန႔္လန႔္ျဖတ္ပုံအ႐ြတ္) ထိခိုက္မႈ အဆင့္ ၁ လို႔ သိရၿပီး ပထမရာသီဝက္ကို လြဲေခ်ာ္ဖို႔ ေသခ်ာသြားၿပီျဖစ္သလို အာဆင္နယ္တို႔အတြက္ေတာ့ ကီရန္ တီယာနီကို ေရာင္းထုတ္ဖို႔လည္း ျပန္လည္စဥ္းစားရမယ့္ အေနအထားကို ေရာက္ရွိသြားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ရာသီကအထိေတာ့ သာမန္ထိခိုက္မႈေတြကလြဲရင္ ေပါင္ေနာက္ေၾကာ ဒဏ္ရာ၊ ပန္ကရိယေရာင္ ေဝဒနာနဲ႔ ကိုဗစ္တို႔ေၾကာင့္သာ ၁၃ ရက္ကေန ၂၆ ရက္အထိ အခ်ိန္အၾကာဆုံး နားဖူးတာျဖစ္ၿပီး အာဆင္နယ္ကို ေပါင္ ၃၈ သန္းနဲ႔ ေရာက္လာအၿပီးမွာေတာ့ မွတ္တမ္းေဟာင္းေတြကို ခ်ိဳးဖ်က္သြားခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ဒီအတိုင္းဆိုရင္ မႏွစ္ကလိုပဲ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုရဲ႕ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းကို မွီခိုရမယ့္ အေနအထားကိုပဲ ျပန္လည္ေရာက္ရွိသြားခဲ့ၿပီး ပရိသတ္ေတြၾကားမွာေတာ့ အေမရိကန္ႏိုင္ငံက ျမက္ခင္းတုကြင္းေတြမွာ ကစားရတဲ့ ေျခစမ္းခရီးစဥ္နဲ႔ ဒူးအ႐ြတ္ဒဏ္ရာေတြ သက္ဆိုင္ေနတယ္လို႔ ေကာက္ခ်က္ဆြဲကုန္ၾကေၾကာင္းလည္း သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post အလှူအိမ်မှတ်လို့ ရမ်းဝင်တဲ့ အာဆင်နယ်ရဲ့ တင်းမ်ဘား လနဲ့ချီပြီး နားရပြီ first appeared on Sports A2Z.
Your new digest 50
Post a Comment