Li Liစိန်ရတနာဆိုင်ရှင် အမျိုးသမီးလေးမှ သင်္ခန်းစာပေးသွားတဲ့ မိတ်ဆွေမိတ်ဆွေတုများအကြောင်း

Li Liစိန်ရတနာဆိုင် ရဲ့ အဖြစ်ကို နမူနာယူကြ
ကိုယ့် ရဲ့ အားနည်းချက်ကို ဘယ်သူ့မှ မသိစေနဲ့ ဆိုတဲ့အချက်ပဲဆိုင်ပိုင်ရှင် ကလေးမ ပုံစံက သူ့ရဲ့ ပါဆင်နယ် ကိစ္စ တစ်ခု ကို လူသိမခံချင်လို့ အလျော့ပေးလိုက်ရတဲ့ပုံစံလေး။ကျနော်ပြောခဲ့ဘူးတယ် မလားမိတ်ဆွေ အချို့က သူတို့အတင်းပြောဖို့ အကြောင်းအချင်းအရာရှာသလို မိမိကို လာပေါင်းတဲ့အချိန် ကိုယ်က စိတ်နှစ်ပြီး အကုန်မတိုင်ပင်မိစေနဲ့လို့။ထိုမိတ်ဆွေတွေကပဲ ကိုယ့်ကို ဖောင်းထုကြတာ ချိုးနှိမ်ကြတာ ကဲ့ရဲ့ကြတာ တိုက်ခိုက်ကြတာ ပဲ။

ကိုယ်က ပေးခဲ့ဘူးတဲ့ကျေးဇူးတရားတွေကို တောင် သတိမရကြတော့ဘူး။
ငွေလည်း ဆုံး ပစ္စည်းလည်းဆုံး မိတ်ဆွေလည်းဆုံး စိတ်ဓာတ်စွမ်းအင်လည်းဆုံး သိက္ခာတွေလည်းဆုံး ရတဲ့ အဖြစ်ကို မိတ်ဆွေ ဆန်သူက ရရှိပါတယ်။
စီးပွားရေး ကို စီးပွားရေးလို မလုပ်တဲ့ ညီမ ကို စိတ်တို ပေမယ့် ။ကိုယ်တိုင်လည်း ကြုံဖူးခံစားဖူးတော့ နားလည်တယ်။
ဒါ့ကြောင့် အသက်ကြီးလာတာနဲ့ အမျှ မိတ်ဆွေ များဖို့ထက် မိတ်ဆွေ စစ် ဖို့ဆိုတာ နားလည် လာတယ်။

သတ္တဝါ‌ေတွကိုထမင်းကျွေးတိုင်း ပြန်မကိုက်ဘူးမထင်နဲ့။ ကိုယ်ကျွေးတဲ့ ထမင်းစားပြီး ပြန်ဟောင် ပြန်ကိုက်တတ် တဲ့ သတ္တဝါဆိုလို့ လူပဲ ရှိတယ်ဆိုတာ သတိရ။
ပညာယူကြပါ။မိတ်‌ေဆွရဲ့ အတွင်းရေးဟာ မိမိရဲ့ နိူင်ကွက်လို့ ထင်နေသမျှ သူတိုင်း ဘယ်တော့မှ မတောက်ပ ပါဘူး။

နောက်တစ်ချက်လည်း မှတ်ထား လူတိုင်းမှာ အားနည်းချက်ရှိတာမို့ ကိုယ့်အားနည်းချက်ရှိတယ်ဆိုပြီး ကြောက်ရွံသိမ်ငယ်နေစရာလည်းမလိုဘူး။ ဒီကမ္ဘာ လူတိုင်း မဖြူစင်ကြတာမို့ ဒီလိုတိုက်ခိုက်ခံရရင် လည်း အထီးကျန်မနေနဲ့ပါနဲ့။

Your new digest 49

Post a Comment

Previous Post Next Post