ဒရကတညမငလငရ လကတခမကင အရငနမတညတ အနပညလပရမအသစတပလပတမယဆတ DJ Violet

ဒါရိုက်တာညိုမင်းလွင်ရဲ့ လက်တွဲခေါ်မှုကြောင့် အရင်နဲ့မတူညီတဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေပြုလုပ်တော့မယ်ဆိုတဲ့ DJ Violet

ပရိသတ်ကြီးရေ.. DJ Violet လို့ ဆိုလိုက်တာနဲ့ သွက်လက်ပြီး ချစ်စရာကောင်းတဲ့ DJ မ လေးတစ်ယောက်ကို မြင်ယောင်မိကြမယ် ထင်ပါတယ် နော်။ DJ Violet ဟာ သရုပ်ဆောင် မင်းထိုက်ရဲ့ ချစ်သူ ဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းနဲ့လည်း နီးနီးစပ်စပ်ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ DJ Violet က စကားပြော လည်း ပွင့်လင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကို အပြည့်အဝကို ရရှိပိုင်ဆိုင် ထားသူပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ DJ Violet ဟာ သူမရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုအသစ်အကြောင်းကို ပရိသတ်တွေ ဆီ မျှဝေလာပါတယ်။ DJ Violet က ဒါရိုက်တာညို မင်းလွင်ရဲ့ ကမ်းလှမ်းမှုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား မှာ ပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်းကို “အလစ်သုတ်(အလုပ်သစ်)..လေးတစ်ခုတွက် ဆွေးနွေး………… မကြာမီလာမည်မျှော်….” ဆိုပြီး သူမ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

DJ Violet ကတော့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ကမ်းလှမ်း မှုနဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေမြင်ရတော့မယ်ဆို ပြီး သတင်းကောင်းလေး ပါးလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း DJ Violet ရဲ့အနုပညာလှုပ်ရှားမှုအသစ်တွေကို အားပေးကြပါဦး နော်။

Credit;





Credit;

The post ဒါရိုက်တာညိုမင်းလွင်ရဲ့ လက်တွဲခေါ်မှုကြောင့် အရင်နဲ့မတူညီတဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေပြုလုပ်တော့မယ်ဆိုတဲ့ DJ Violet appeared first on World info Post.


Your new digest 50

Post a Comment

Previous Post Next Post