အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။ ။ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ မိုးကတော့ ကျော့ရှင်းလှပတဲ့ ပင်ကိုယ်အလှတရားတွေ ရှိသူလေး ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ကာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်တတ် တာကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ကျန်းမာရေးလည်း လိုက်စားတတ်တဲ့ မိုးဟာ ဆယ်ကျော်သက်လေးတွေလို အမြဲနုပျိုလန်းဆန်း နေတာ လည်း တွေ့ရပါတယ်။
လတ်တလောမှာတော့ ရုပ်ရှင်ရိုက်ကူးရေးထက် သူမကိုယ်ပိုင်ထုတ်လုပ်ရေးအတွက် ပိုမိုအားစိုက်နေတာ ပရိသတ်တွေအမြင်ပါပဲ ”ခိုးဆိုးလုနှိုက်”ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ပွဲဦးထွက် အောင်မြင်မှုများရရှိထားသည့် ‘မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင်ပြည်သူ့အချစ်တော် မိုးဟေကိုက ပဲဖြစ်ပါတယ်လက်ရှိ မိုးဟေကို၏ အနုပညာလှုပ်ရှားမှုများမှာ ကြော်ငြာများရိုက်ကူးရေးစတင် နေပြီဖြစ်ပြီး ရိုက်ရက်များကို ပုံမှန်ပြန်လည်စတင်နေပြီဖြစ်၍ ရိုက်ကွင်းများတွင် မိုးဟေကိုအား ပြန်လည်တွေ့မြင်လာရပြီဖြစ်သကဲ့သို့ ပရိသတ်များလည်း မိုးဟေကို၏ ဇာတ်ကားများကို မကြာမီပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။
မကြာသေးခင်မှာ မဟာရုပ်သံမှာ ထုတ်လွှင့်ပြသမယ် အမုန်း ဆိုတဲ့ ရုပ်ရှင် ကားကြီး ထဲ မှာ ပါဝင် သရုပ်ဆောင်ထားတာတွေရပါတယ်.. မိုးဟေကိုကတော့ အမုန်းဇတ်ကားကို အဖေကြောင့်လက်ခံဖြစ်တာပါဆိုပြီး မိတ်ဆက်ပွဲမှာ ပြောပြလာခဲ့ပါတယ် သူမကတော့ အဖေ ဆန္ဒအရ ဒီကားကြီးကို ရိုက်ကူးခဲ့တာပါ.အခက်ခဲပေါင်းများစွာ နောက်ဆုံးအချိန်လေးအထိ မုန်တိုင်းထန်စွာ ရိုက်ကူးခဲ့ရတာပါ.. အခုတော့ ဒီကားလည်း ရုံတင်ပါပီ.. အဖေကလေ သမီးရိုက်ထားတဲ့ကားကို ကြည့်ချင်တယ်တဲ့ ရိုက်ပါလားဆိုတဲ့ စကားကြောင့်လေ
ရိုက်ဖြစ်တာပါ အခုတော့ ဒီကားကြီး ထွက်လာပင်မဲ့ အဖေ မကြည်လိုက်ရလို့ စိတ်မကောင်းဖြစ်ပီး ငိုမိတာပါ ဒီကားရိုက်နေတဲ့ အချိန်မှာ အားလုံးသိကျမှာပါ မသိတဲ့သူလည်း မသိဘူးပေါ့..
မိုးက ဇတ်ကားမရိုက်တာတော်တော်ကြာပြီး အမေကို ကျန်းမာရေးစောက်ရှောက်တာ နှစ်ပေါင်းတော်တော်ကြာကြာပြီး အနုပညာနဲ့ ဝေးကွာခဲ့ပြီးမှ အမေဆုံးတော့ အဖေက ကင်ဆာ နဲ့ ဆေးရုံ တက်ရတော့ အဖေကို ပြန်ပြီး ပြုစုစောင့်ရှောက်နေရတဲ့ကြားက ဒီဇတ်လမ်းလေးကို ရိုက်ကူးဖို့ ပြောတဲ့အချိန် ဒါရိုက်တာက ကိုဝိုင်းဆိုတော့ အရမ်းကို ရိုက်ချင်ခဲ့တာပေါ့ ကိုယ်ကလည်း လောကဓံကို နောက် ဆုံး အဖေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပေါ့.. ဒီကားကို မရိုက်ဘူး မျိုးစုံ ငြင်းနေတာပေါ့ အဲဒါကို အဖေက ကုတင်ပေါ်က ငြင်းနေတာကို ကြားပြီး ဟင်း အကူညီတောင်းနေတာပဲ သမီးလေး ဇတ်ကားထွက်လာရင် ချန်နယ်ကနေ သူကြည့်ချင်တယ် ရိုက်ပါဆိုတဲ့ စကားတစ်ခွန်းက မိုးကို အင်အားဖြစ်စေတာပေါ့နော် အကုန်လုံးကလည်း ဆေးရုံမှာလိုရင်စောင့်ပေးမယ် ဒါရိုက်ဘာလို့ရင်ပို့ပေးမယ့် ပေါ့ အကုန်းလုံးက စောင့်ရှောက်ကျတယ်..တကယ်မိတ်ဆွေစစ်တွေက ဝိုင်းဝန်ကူညီကျတော့ မိုးက ဇတ်ညွှန်းဖက်ပီး သရုပ်ဆောင်ရုံပဲ ဖြစ်သွားတာပေါ့..ဆိုပြီး သူမရဲ့ ဇတ်ကားရိုက်ဖြစ်တဲ့ အကြောင်းကို ပြောပြသွားခဲ့ပါတယ်..
crd
The post အဖေ့ ဆန္ဒ နဲ့ “အမုန်’း ရုပ်ရှင် ရိုက်ကူးခဲ့တယ်’မင်းသမီး မိုးဟေကို appeared first on Shwe Sar.
Your new digest 50
Post a Comment