Pawn ဇာတ်ကားနဲ့ ပရိသတ်တွေသိကြတဲ့ ကလေးသရုပ်ဆောင်ကောင်မလေး ပတ်ဆိုယီ ဟာ ဆွဲဆောင်မှုရှိတဲ့အလှတရားနဲ့ အရွယ်ရောက်နေပါပြီ။ သူ့အမေ သုံးပေးနေတဲ့ သူ့ရဲ့တရားဝင်လူမှုကွန်ယက်အကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာဆိုရင် သူ တော်တော်လေးလှနေတာတွေ့ရပါတယ်။


ပတ်ဆိုယီ က ကလေးသရုပ်ဆောင်တစ်ယောက်ထပ်ပိုပြီး ရင့်ကျက်ပြီး လှပနေတဲ့ အသွင်အပြင်ကို ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ ကလေးသရုပ်ဆောင်အနေနဲ့တုန်းက ဆိုယီ ဟာ ချစ်စဖွယ်အသွင်အပြင်လေးနဲ့ပါ။ အခုတော့ တော်တော်လေးအရွယ်ရောက်လို့နေပါတယ်။


ဆိုယီ ဟာ ကလေးသရုပ်ဆောင်အနေနဲ့ ၂၀၁၈ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ သူ့ကို Miss Hammurabi ၊ Do Do Sol Sol La La Sol ၊ Mouse ၊ See You in My 19th Life ၊ The Atypical Family စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေနဲ့ သိကြပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ Pawn ဇာတ်ကားအတွက် ဆောင်ယီ ဇာတ်ကောင်ကို ရဖို့အတွက် အခြားသရုပ်ဆောင်အရွေးခံသူ ၃၀၀ ကျော်နဲ့ ယှဉ်ပြီး အရွေးခံခဲ့ရတာပါ။ အဲ့ဒီဇာတ်ကားနဲ့ ကြည့်ရှုသူတွေရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။


အခု အသက် ၁၄ နှစ်ရှိပြီဖြစ်တဲ့ ဆိုယီ က ကလေးသရုပ်ဆောင်အဖြစ်ကနေ လူငယ်သရုပ်ဆောင်အဖြစ်သို့ တဖြည်းဖြည်းချင်းကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ဇူလိုင်လကမှ ထွက်ရှိခဲ့တဲ့ The Second Child ဇာတ်ကားမှာ ဆိုယီက ကိုမာဖြစ်နေရာကနေ နိုးထလာခဲ့တဲ့ ဇာတ်ကောင် ဆူအန် အဖြစ် သရုပ်ဆောင်ထားပါတယ်။
Ref: ‘Pawn’ Child Star Park So-yi Wows Fans With Her Stunning Growth
WL (ရိုးရာလေး)
The post ဆွဲဆောင်မှုရှိတဲ့အလှတရားနဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးသရုပ်ဆောင်လေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment