အသက် ၇ နှစ်အရွယ် မက်ဇ် အလက်ဇန္ဒား ဆိုတဲ့ကလေးလေးဟာ အသက် ၄ နှစ်ကတည်းက အဝတ်အစားချုပ်လုပ်ရတာဝါသနာထုံခဲ့တာပါ။ အခုဆို ဖက်ရှင်ဒီဇိုင်နာဖြစ်နေပြီး ဆယ်လီတွေဆီက အပ်ထည်တွေလည်း လက်ခံခဲ့ရပြီး သူ့ရဲ့အဝတ်အစားတွေကို ကမ္ဘာ့တစ်ဝှမ်းမှာတောင် ရောင်းချခဲ့ရပါတယ်။

မက်ဇ်ရဲ့အမေဟာ အစက သူ့ရဲ့ဒီအရည်အချင်းကို သတိမထားမိခဲ့ဘူး။ သူ့အသက် ၄ နှစ်မှာ သူတို့မိသားစု ညစာစားတဲ့အချိန် အဝတ်အထည်ချုပ်ဖို့ လူပုံစံအရုပ်တစ်ရုပ်လိုချင်တယ်လို့ ပူဆာခဲ့တာပါ။ သူ တကယ်ကို လေးလေးနက်နက်ပြောခဲ့တာကြောင့် သူ့အမေက မရယ်ဘဲ “သား ဖက်ရှင်ကို စိတ်ဝင်စားတယ်ဆိုတာ အမေ တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ သား ဘာတွေပြောနေတာလဲ”တဲ့။ မက်ဇ်ကလည်း သူလိုချင်တာရရင် ပြမယ်၊ သူက အဝတ်အစားချုပ်တဲ့သူလို့ ပြန်ပြောခဲ့တာပါ။ အဲဒီအချိန်မှာမှ မက်ဇ်ရဲ့အမေက သူ့သား ဖက်ရှင်စိတ်ဝင်စားတယ်ဆိုတာ သိခဲ့ရတာပါ။

အဲဒီတုန်းက သူ့အမေက သူ့အတွက် ကတ်ထူပြားနဲ့ လူပုံထူရုပ်ကို ဖန်တီးပေးခဲ့တာပါ။ မက်ဇ်က အဲဒါရတော့ အဝတ်အစားတွေ စပြီးလုပ်ပြခဲ့တယ်။ အဲဒါကို မြင်တဲ့ သူ့အမေက အံ့အားသင့်ပြီး သူ့အဖေကို ရုံးကနေ ပြန်လာပြီး မက်ဇ်လုပ်နေတာကို လာကြည့်လှည့်လို့တောင် ပြောခဲ့တာပါ။ သူ့အသွေးအသားထဲမှာ ဖက်ရှင်ဝါသနာပိုးတွေ စီးဝင်နေတယ်ဆိုတာကို သူ့အမေ နားလည်သွားခဲ့တယ်။ မက်ဇ်ရဲ့အဘိုးအဘွားတွေကလည်း ဖက်ရှင်လုပ်ငန်းလုပ်ကိုင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို မက်ဇ် မသိခဲ့ဘူး။

အဝတ်အစားအနည်းငယ်ဖန်တီးပြီးတဲ့နောက်မှာ မက်ဇ်က သူ့အမေကို စက်ချုပ်နည်းသင်ချင်တယ်လို့ တောင်းဆိုခဲ့တယ်။ အသက် ၄ နှစ်ပဲရှိသေးတဲ့အတွက် မသင်စေချင်ခဲ့ဘူး။ ဒါပေမဲ့ မြန်မြန်ချုပ်နိုင်တဲ့ သူ့ရဲ့အရည်အချင်းကို မြင်ပြီး ဒေသတွင်းစက်ချုပ်ဆိုင်တစ်ခုမှာ စက်ချုပ်ပညာသင်ခိုင်းခဲ့တယ်။
၄ နှစ်အရွယ် ကလေးအများစုက သူတို့ရဲ့စိတ်ဝင်စားမှုကို ပြောင်းလဲကြပေမဲ့ မက်ဇ်ကတော့ သူ စိတ်ဝင်စားတဲ့အရာလုပ်နေရတာကို ပျော်နေတာပါ။ သူက မိန်းကလေးတွေကို လှစေချင်ခဲ့တယ်။ အဝတ်အစားတွေကို သူကိုယ်တိုင် ဝတ်ဆင်ပြရတာကိုတော့ သူ စိတ်မဝင်စားခဲ့ဘူး။ ယောကျ်ားလေးဝတ်တွေကို မချုပ်ပါဘူး။ မိန်းကလေးတွေကို လှသွားစေတယ်လို့ ခံစားမိစေဖို့ အရွယ်စုံချုပ်ပေးချင်တယ်။
သူ့ရဲ့လက်ရာတွေကို နိုင်ငံတကာမှာ ရောင်းချခဲ့ပြီးသွားခဲ့သလို ဖက်ရှင်ရှိုးလည်း ကျင်းပခဲ့ပါတယ်။ မင်းသမီး ရှရွန် စတုန်းအတွက် ဂျာကင်တစ်ထည်တောင် ချုပ်ပေးခဲ့ပါတယ်။ မက်ဇ်က Gucci ဇိမ်ခံဖက်ရှင်အမှတ်တံဆိပ်ရဲ့အကြီးအကဲဖြစ်ချင်တဲ့၊ သူ့ရဲ့ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ရှိချင်တဲ့ အိပ်မက်ရှိပါတယ်။ သူ လုပ်တဲ့အရာမှန်သမျှက လူတွေကို ပျော်စေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ သူ့ရဲ့ရည်မှန်းချက်တစ်ခုလုံးကတော့ လူတွေကို လှစေချင်တာပါ။ ဒါက သူ တစ်ချိန်လုံး ပြောလာခဲ့တဲ့ စကားပါပဲ။
Ref: 7-year-old fashionista who says he was Gucci in a past life is already selling dresses to celebrities
WL (ရိုးရာလေး)
The post ဆယ်လီတွေအတွက်တောင် ဝတ်စုံတွေချုပ်လုပ်ပေးနေရတဲ့ ၇ နှစ်သား ဖက်ရှင်ဒီဇိုင်နာ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment