၂၀၂၃ ခုနှစ်က ဟောင်ကောင်မော်ဒယ် အက်ဘ်ဘီ ချွိုက် ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံရမှုနောက်ကွယ်က အဓိကအကြောင်းအရင်းဟာ ငွေကြေးဆိုင်ရာအငြင်းပွားမှုတစ်ခုကြောင့်ဖြစ်တယ်လို့ တရားလိုရှေ့နေတွေက စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ချွိုက်ရဲ့ယောက္ခထီးဟောင်း Kwong Kauက သူ နေထိုင်ခဲ့ဖူးတဲ့ ဟောင်ကောင်ဒေါ်လာ ၂၁ သန်းတန် တိုက်ခန်းတစ်ခန်းကို ရောင်းချဖို့ ချွိုက် ဆုံးဖြတ်ခဲ့တဲ့အပေါ် အလွန်အမင်မကျေနပ်ဖြစ်ကာ ဒေါသထွက်ခဲ့ပြီးနောက် ယောက္ခထီးဟောင်းက ချွိုက် ရဲ့ခင်ပွန်းဟောင်းအပါအဝင် သား ၂ ယောက်ကို သတ်ဖြတ်ရာမှာကူညီဖို့ စည်းရုံးခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ချွိုက်ရဲ့အသတ်ခံရတဲ့အမှုအတွက် တရားခွင်စစ်ဆေးခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။
တရားရုံးမှာ တရားလိုရှေ့နေက ချွိုက်နဲ့ သူ့ခင်ပွန်းဟောင်းတို့ဟာ ငွေကြေးအခြေအနေချင်း လွန်စွာကွာခြားသူတွေဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုက မွေးဖွားလာသူ ချွိုက်က ကိုယ်ဝန်ရရှိခဲ့တဲ့အတွက် အသက် ၁၈ နှစ်အရွယ်မှာ Alex Kwong နဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံးမှာ Alex Kwong က အလုပ်အကိုင်အတည်အကျမရှိခဲ့သလို သူ့မိသားစုကလည်း ငွေကြေးအခြေအနေကောင်းမွန်သူတွေမဟုတ်ခဲ့ဘူး။ ဖခင်ဖြစ်သူက အငြိမ်းစားရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်ပြီး အစ်ကိုဖြစ်သူ Anthony Kwong က ချွိုက်ရဲ့ကိုယ်ပိုင်ယာဉ်မောင်းအဖြစ် လုပ်ကိုင်သူဖြစ်တယ်။
ချွိုက်အပေါ် မှီခိုအားထားခဲ့ကြရတယ်။ Alex Kwong က အွန်လိုင်းကတဆင့် ရွှေရောင်းဝယ်ရေးလိမ်လည်မှုများစွာမှာ ပါဝင်ပတ်သက်ခဲ့ပြီး လူတွေကို လိမ်လည်ရရှိထားတဲ့ ဟောင်ကောင်ဒေါ်လာ ၆.၂ သန်းနဲ့အတူ ထွက်ပြေးတိမ်းရှောင်ပြီးနောက် အဖမ်းခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ချွိုက်က ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့ပြီး အခြားသူနဲ့ လက်ထပ်ခဲ့ပေမဲ့ ခင်ပွန်းဟောင်းမိသားစုကို ငွေကြေးထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီထောက်ပံ့မှုမှာ ခင်ပွန်းဟောင်းနဲ့ရရှိထားတဲ့ ကလေးနှစ်ဦး အနီးနားမှာ နေထိုင်နိုင်စေဖို့ တိုက်ခန်းတစ်ခန်း ဝယ်ယူပေးတာလည်း ပါဝင်ပါတယ်။
အဲ့ဒီတိုက်ခန်းကို Kwong Kauရဲ့အမည်နဲ့ (တရားဝင်ပိုင်ရှင်မဟုတ်ဘဲ အမည်ခံပိုင်ရှင်အဖြစ်) မှတ်ပုံတင်ထားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ချွိုက်က အဲ့ဒီတိုက်ခန်းကို ရောင်းချပြီး သူ့ရဲ့ကလေးတွေ ကျောင်းတက်နိုင်မယ့် အခြားနေရာတစ်ခုဆီ ယောက္ခထီးဟောင်းတို့ကို ပြောင်းရွှေ့နေထိုင်စေဖို့ ကြိုးပမ်းခဲ့ရာမှာ အခြေအနေတွေ တင်းမာလာခဲ့တာပါ။ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ရောင်းချရေးကိစ္စညှိနှိုင်းနိုင်ဖို့အတွက် ယောက္ခထီးဟောင်းကို တိုက်ခန်းကနေ ဖယ်ရှားပေးဖို့နဲ့ ကိုယ်စားလှယ်လွှဲအပ်စာမှာ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အကြိမ်ကြိမ်ငြင်းဆန်ခဲ့တာပါ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ချွိုက်က ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ရှေ့နေက ထုတ်ပြောသွားခဲ့ပါတယ်။
အက်ဘ်ဘီ ချွိုက်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ချက်ပြုတ်ခံခဲ့ရတာဖြစ်ပါတယ်။
Ref: Ex-husband & family plotted gruesome murder of Abby Choi over S$11.7 million flat sale, prosecutors say
WL (ရိုးရာလေး)
The post ဟောင်ကောင်မော်ဒယ် အက်ဘ်ဘီ ချွိုက်ကို ရက်စက်စွာသတ်ဖြတ်မှုမှာ တိုက်ခန်းရောင်းချရေးကိစ္စကြောင့် ခင်ပွန်းဟောင်းနဲ့ မိသားစုဝင်တွေ ကြံစည်ခဲ့ခြင်းဖြစ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment