နွေရာသီပစ်မှတ်တွေက အသင်းကို တကယ်လာချင်နေတယ်လို့ ပြောခဲ့တဲ့ တန်ဟက်
အဲရစ် တန်ဟက်က ယခုနွေရာသီမှာ အရည်အသွေးရှိတဲ့ ကစားသမားအများအပြားက မန်ချက်စတာယူနိုက်တက်ကို လာချင်နေကြတယ်လို့ ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့က အများကြီး ပိုမိုလွယ်ကူလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက် ပထမဆုံး တာဝန်ယူခဲ့တဲ့ နွေရာသီတုန်းက ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဖရန်ကီ ဒီ ယုံးကို မခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လပေါင်းများစွာ ပြောဆိုခဲ့ပြီးနောက် ဘာစီလိုနာမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး ခေါ်ယူဖို့ ကြိုးပမ်းရာမှာလည်း မအောင်မြင်ခဲ့ပေမယ့်လည်း ယခုနွေရာသီမှာတော့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းနဲ့ နာပိုလီတိုက်စစ်မှူး အိုဆီမန်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ထိပ်တန်းအဆင့်ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့်လည်း တန်ဟက်က ဒီတစ်ကြိမ်မှာတော့ ၎င်းရဲ့ ပစ်မှတ်တွေကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး အသင်းအပေါ် ခံယူချက်ကလည်း ဒီရာသီတလျှောက်လုံးမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
“မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ကွဲပြားခြားနားမှုကို ကျွန်တော် မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကစားသမားတွေနဲ့ စကားပြောတဲ့အခါမှာ သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အခုတော့ ကစားသမားအများအပြားက စီမံကိန်းကို မြင်နေကြပြီ။ ဘာတွေဖြစ်နေလဲ။ ဒီစီမံကိန်းရဲ့ တက်ကြွမှုနဲ့ရည်မှန်းချက်တွေ အထူးသဖြင့် အရည်အသွေးကို မြင်နေကြပါပြီ။ သူတို့တွေ တကယ်လာချင်နေကြပါတယ်။ ကျွန်တော် အဲဒါကို သတိထားမိတယ်။”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အဲရစ် တန်ဟက်က ယခုနွေရာသီမှာ အရည်အသွေးရှိတဲ့ ကစားသမားအများအပြားက မန်ချက်စတာယူနိုက်တက်ကို လာချင်နေကြတယ်လို့ ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့က အများကြီး ပိုမိုလွယ်ကူလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.
The post နွေရာသီပစ်မှတ်တွေက အသင်းကို တကယ်လာချင်နေတယ်လို့ ပြောခဲ့တဲ့ တန်ဟက် first appeared on Sports A2Z.
Your new digest 50
Post a Comment
Previous Post Next Post