စပါးစ်ကို ပြစ်တင်ဝေဖန်ပြီး ကိန်းကို အကြံပေးခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ဟာရီ ကိန်းအနေနဲ့ တော့တင်ဟမ်ဟော့စပါးကို အလွတ်နဲ့ မစွန့်ခွာခင် စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေသင့်တယ်လို့ အကြံပြုခဲ့ပြီး အသင်းက ပြီးခဲ့တဲ့ရာသီတွေမှာ ကျရှုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့မှာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေနဲ့ သတင်းထွက်ပေါ်နေခဲ့ပေမယ့်လည်း စပါးစ်ဥက္ကဌ လီဗိုင်းက ပေါင်သန်း ၁၀၀ ကျော် တောင်းဆိုသွားနိုင်မယ်လို့ မျှော်မှန်းထားဆဲဖြစ်ပါတယ်။

အာဆင်ဝင်းဂါးက ဟာရီ ကိန်းဟာ ၎င်းရဲ့ စာချုပ်သက်တမ်းက တစ်နှစ်လောက်သာ ကျန်ရှိတော့ပေမယ့်လည်း ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကို ရရှိဖို့ထိုက်တန်ဆဲဖြစ်တယ်လို့ ခံစားနေရပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ လာမယ့်နှစ်မှာ ၎င်းရဲ့ ရွေးချယ်စရာတွေကို ပြန်လည်အကဲဖြတ်ဖို့ စာချုပ်သက်တမ်းကုန်တဲ့အထိ နေသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားသာ သူ့အေးဂျင့်ဆိုရင် ဟာရီ ကိန်းက စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့တယ်။ တစ်နှစ်အတွင်းမှာ သူကလုံးဝကို အလွတ်နဲ့ ထွက်ခွာလို့ရတော့မယ်။ ခင်ဗျား သူ့ကို ဘာပြောမလဲ။ ခင်ဗျားရဲ့ကလပ်ကို နောက်ဆုံးအခွင့်အရေးပေးပြီး ခင်ဗျား ဆက်ကစားပါ”

“အဲဒါက ငွေကြောင့်မဟုတ်ဘူး။ ဒါပေမယ့် အဆုံးမှာတော့ ငွေကြောင့်ပါပဲ။ သူက အနည်းဆုံး ပေါင်သန်း ၈၀ လောက်နဲ့မှ ထွက်ခွာခွင့်ရလိမ့်မယ်။ ခင်ဗျား ဒီလို အရည်အသွေးမျိုးနဲ့ တိုက်စစ်မှူး ရှာတွေ့မှာမဟုတ်ပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးက ဟာရီ ကိန္းအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးကို အလြတ္နဲ႔ မစြန႔္ခြာခင္ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ ဆက္ေနသင့္တယ္လို႔ အႀကံျပဳခဲ့ၿပီး အသင္းက ၿပီးခဲ့တဲ့ရာသီေတြမွာ က်ရႈံးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုလာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ရွိေတာ့မွာျဖစ္ၿပီး မန္ယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းေတြနဲ႔ သတင္းထြက္ေပၚေနခဲ့ေပမယ့္လည္း စပါးစ္ဥကၠဌ လီဗိုင္းက ေပါင္သန္း ၁၀၀ ေက်ာ္ ေတာင္းဆိုသြားႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားဆဲျဖစ္ပါတယ္။

အာဆင္ဝင္းဂါးက ဟာရီ ကိန္းဟာ ၎ရဲ႕ စာခ်ဳပ္သက္တမ္းက တစ္ႏွစ္ေလာက္သာ က်န္ရွိေတာ့ေပမယ့္လည္း ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ရရွိဖို႔ထိုက္တန္ဆဲျဖစ္တယ္လို႔ ခံစားေနရေပမယ့္လည္း အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးအေနနဲ႔ လာမယ့္ႏွစ္မွာ ၎ရဲ႕ ေ႐ြးခ်ယ္စရာေတြကို ျပန္လည္အကဲျဖတ္ဖို႔ စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ ေနသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားသာ သူ႔ေအးဂ်င့္ဆိုရင္ ဟာရီ ကိန္းက စာခ်ဳပ္သက္တမ္း ၁ ႏွစ္ပဲ က်န္ေတာ့တယ္။ တစ္ႏွစ္အတြင္းမွာ သူကလုံးဝကို အလြတ္နဲ႔ ထြက္ခြာလို႔ရေတာ့မယ္။ ခင္ဗ်ား သူ႔ကို ဘာေျပာမလဲ။ ခင္ဗ်ားရဲ႕ကလပ္ကို ေနာက္ဆုံးအခြင့္အေရးေပးၿပီး ခင္ဗ်ား ဆက္ကစားပါ”

“အဲဒါက ေငြေၾကာင့္မဟုတ္ဘူး။ ဒါေပမယ့္ အဆုံးမွာေတာ့ ေငြေၾကာင့္ပါပဲ။ သူက အနည္းဆုံး ေပါင္သန္း ၈၀ ေလာက္နဲ႔မွ ထြက္ခြာခြင့္ရလိမ့္မယ္။ ခင္ဗ်ား ဒီလို အရည္အေသြးမ်ိဳးနဲ႔ တိုက္စစ္မႉး ရွာေတြ႕မွာမဟုတ္ပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post စပါးစ်ကို ပြစ်တင်ဝေဖန်ပြီး ကိန်းကို အကြံပေးခဲ့တဲ့ အာဆင်ဝင်းဂါး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post