Credit;
Pre Weddingရိုက်ရင်းမပြုံးတဲ့သတို့သားကိုပရိသတ်တစ်ဦးက မေးလိုက်တဲ့မေးခွန်းတစ်ခုအပေါ် ချက်ချင်းတုံ့ပြန်လိုက်တဲ့ ပိုးကြာဖြူခင်
သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ ဇာတ်လမ်းတွဲတွေ ကနေတ ဆင့် အောင်မြင်လာတဲ့ သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်ပိုးကြာဖြူခင်ဟာ “မိုးကောင်းကင်အိပ်မက်”၊ “မာယာ လှည့်ကွက်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲစသည်တို့နဲ့ အောင်မြင်လာပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ဆိုလည်း မှားပါဘူး။
လတ်တလော မှာတော့ အနုပညာလှုပ်ရှားမှုတွေထက် မင်္ဂလာပွဲ အတွက် လုံးပန်းနေရတဲ့ ပိုးကြာဖြူခင်ဟာ မကြာခင်မှာ လက်ထပ်တော့ဖို့အတွက် Pre Wedding ပုံတွေရိုက်ကူးနေလျက် ရှိတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ သတို့သားလောင်းကတော့ Pre Wedding ဓာတ်ပုံရိုက်တာတောင် မရယ်မပြုံးဖြစ်နေတဲ့ အတွက် ပရိသတ်တစ်ယောက်က “သတို့သားက မိန်းမကိုလွမ်းတဲ့ စိတ်နဲ့ မပြုံးနိုင်ဘူးထင်ပါရဲ့ဗျာ” လို့ မန့်ခဲ့ရာ ပိုးကြာဖြူခင်က “ဟုတ်ကဲ့ သူကဓာတ်ပုံရိုက်ရင်မပြုံးတတ်လို့ပါတဲ့” ဆိုပြီး ယဉ်ယဉ်ကျေးကျေးလေး ပြန်ဖြေပေးခဲ့ပါတယ်။
ပိုးကြာဖြူခင်ရဲ့ သတို့သားလောင်း ကတော့ ပထမအိမ်ထောင် ကွယ်လွန်ပြီး (၇) လကျော်အကြာမှာပဲ ပိုးကြာဖြူခင်ကို ရွှေတွေ စိန်တွေများစွာနဲ့ တောင်းရမ်းခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရရှိနေတာပဲဖြစ်ပါတယ်။ ဒါပေ မယ့်လည်း ပိုးကြာဖြူခင်တို့ကတော့ ဝေဖန်မှုတွေကိုလျစ်လျူရှု ပြီး မင်္ဂလာပွဲကိုကျင်းပဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။
Credit;
The post Pre Weddingရိုက်ရင်းမပြုံးတဲ့သတို့သားကိုပရိသတ်တစ်ဦးက မေးလိုက်တဲ့မေးခွန်းတစ်ခုအပေါ် ချက်ချင်းတုံ့ပြန်လိုက်တဲ့ ပိုးကြာဖြူခင် appeared first on World info Post.
Your new digest 50
Post a Comment