အ ချစ် ဦး ကို မြေး ဦးရ တဲ့ ထိ မမေ့ နိုင် ကြ တဲ့ အေ ကြာင်း ရင်း (၁၀) ချက်

အချစ်ဦး ကို မြေးဦးရတဲ့ အထိ မမေ့နိုင် ကြတဲ့ အကြောင်းရင်း (၁၀) ချက်

လူတိုင်းမှာ ပထမဆုံး အရာတွေ ရှိခဲ့ဖူးပါတယ်။ ကျောင်းကို ပထမဆုံးသွားတဲ့နေ့၊ ကားစမောင်းတဲ့နေ့ ၊ အရက်စသောက်ဖူးတဲ့နေ့ ၊ အနမ်းစပေးဖူးတဲ့နေ့ စသဖြင့်ပေါ့။ အဲ့ဒီပထမဆုံးအရာတွေအားလုံးဟာ သင့်ကိုစိတ်လှုပ်ရှားမှုကိုဖြစ်စေပြီး အမြဲတမ်းအတွက်

အမှတ်တရဖြစ်နေပါတယ်။ ပထမဆုံးအရာတွေထဲမှာ လူတိုင်းအတွက် အမှတ်ရဆုံးကတော့ အချစ်ဦး ပါပဲ။ လူတွေဟာ အချစ်ဦးကိုဘာလို့ မမေ့နိုင်ကြသလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေကိုဖတ်ကြည့်လိုက်ပါ နာ်။

ပထမဆုံး အချစ်က အင်အားကြီးမားတယ်

သင့် အေနေနဲ့ဘဝမှာ ပထမဆုံးအချစ်ကို ခံစားလိုက်ရတဲ့အချိန်မှာ လောကကြီးတစ်ခုလုံးမှာ သူနဲ့ကိုယ်နှစ်ယောက်တည်းရှိတော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်လာမှာပါ။ ပြီးတော့ ကိုယ်အပြည့်အဝနားမလည်နိုင်သူတစ်ယောက်နဲ့ တစ်ဘဝလုံးအတူတူဖြတ်သန်းသွားဖို့ဖြစ်နိုင်တယ်လို့ ထင်လာမှာပါ။ သူနဲ့ဆိုရင် အရာအားလုံးဖြစ်နိုင်တယ်လို့ခံစားလာရပြီး ဘဝရဲ့စိတ်လှုပ်ရှားဆုံးအချိန်တွေဖြစ်ခဲ့မှာပါ။ သေချာတာကတော့ အဲ့ဒီအချိန်ကခံစားချက်တွေက အားကောင်းလွန်းလို့ ဘယ်တော့မှမေ့ဖို့မဖြစ်နိုင်တော့ပါဘူး။

ပထမဆုံး သော အသည်းကွဲ ဝေဒနာကလည်း ဆိုးရွားလွန်းတယ်

အချစ်က ပထမဆုံး ဆိုရင်၊ ဒီအချစ်နဲ့လွဲသွားခဲ့ရင်ကြုံရမယ့် အသည်းကွဲ ဝေဒနာကလည်း ပထမဆုံးပါပဲ။ ပထမဆုံးတွေက အချစ်မှာ အားကောင်းသလောက် အသည်းကွဲ ဝေဒနာကိုလည်း ဆိုးဆိုးရွားရွား ရင်ဆိုင်ရမှာပါ။ သူ့ကိုလက်လွှတ်ဖို့အရမ်းခက်ခဲနေပြီး ကိုယ်တိုင်ကျောခိုင်းဖို့လည်း တော်တော်ကြိုးစားရတာပါ။ လက်လွှတ်ဖို့၊ကျောခိုင်းဖို့ စိုက်ထုတ်ရတဲ့အားနဲ့ ကြေကွဲရတဲ့အတိုင်းအတာက အတူတူပါပဲ။ အဲ့ဒါကြောင့် ဘဝရဲ့ပထမဆုံးသောအချစ်ကြောင့် ကြေကွဲရတာကို ဘယ်သူမှမမေ့နိုင်ကြတာပါ။

ပထမဆုံး အချစ်က အပြစ်ကင်းစင်တယ်

လူတိုင်း အတွက် ပထမဆုံးအချစ်မှာ တခြားရည်ရွယ်ချက်တွေ၊ ရလိုမှုတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ကြားအတွက်အချက်တွေ လုံးဝမရှိဘဲ အပြစ်ကင်းစင်ကြပါတယ်။ ဒါပေမယ့် ပထမဆုံးအချစ်ကြောင့် ဖြစ်ခဲ့တဲ့ ခံစားချက်တွေက နောက်ထပ်ကြုံရမယ့် အချစ်နဲ့ဘဝကို အနည်းနဲ့အများ သက်ရောက်မှုဖြစ်စေပါတယ်။

ပထမဆုံး အချစ်ကြောင့် ပထမဆုံးအမှတ်တရတွေ ရှိခဲ့တယ်

ပထမဆုံး အချစ်ကြောင့် ပထမဆုံးအနမ်းနဲ့ တခြားသော ပထမဆုံးအမှတ်တရတွေကို ရရှိခဲ့ကြတာကြောင့် မေ့ဖို့မဖြစ်နိုင်တာပါ။

ငါတို့ နှစ်ယောက် ဆိုတဲ့ ခံစားချက်

အမြဲ တမ်း “ငါ၊ ငါ့အတွက်” ဆိုပြီး စဉ်းစားခဲ့ပြီး သူနဲ့ကျမှ “ငါတို့နှစ်ယောက်” ဆိုပြီး ဘာကိုပဲ စဉ်းစား စဉ်းစား သူပါနေတဲ့ ခံစားချက်မျိုးလည်း ပထမဆုံး ဖြစ်ခဲ့ဖူးတာပါ။

ပထမဆုံး အချစ်က ကာယကံရှင် နှစ်ယောက်ကြောင့် အဆုံးသတ်တာရှားတယ်

ဘဝမှာ ပထမဆုံးပေါ်ပေါက် လာတဲ့ အချစ်က ကာယကံရှင် နှစ်ယောက်ကြောင့် အဆုံးသတ်တာထက် ပတ်ဝန်းကျင်နဲ့ တခြားအကြောင်းအရာ အမျိုးမျိုးကြောင့် အဆုံးသတ်သွား ကြတာများပါတယ်။ ဒါကြောင့် နှစ်ယောက်သား အပြန်အလှန် စိတ်နာတာ၊ မုန်းတာစတဲ့ ခံစားချက်မျိုး မဖြစ်ကြတာကြောင့် အချစ်ဦးကို မမေ့ကြတာ ပါတဲ့။

ငယ်ဘဝနဲ့ အတူ ဖြစ်လာတဲ့ခံစားချ က်မို့

လူတွေဟာ ငယ်ဘဝရဲ့နုပျိုမှုတွေကို တမ်းတတတ်ကြတဲ့ အကျင့်ရှိကြပါတယ်။ အဲ့ဒီလိုငယ်ဘဝကိုတမ်းတတဲ့အချိန်မှာ ငယ်ရွယ်နုပျိုမှုနဲ့အတူ First Love ကလည်း ပြန်ပြန် တွေးမိတဲ့ အကြောင်းအရာ ခံစားချက်တစ်ခု ဖြစ်နေတာကြောင့် ဘယ်တော့မှ မမေ့တော့တာပါ။

အရာရာ ဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို ဖြစ်ေ စခဲ့လို့

ငယ်ရွယ်စဉ်မှာ ဖြစ်လာတဲ့ အချစ် ခံစားချက်တွေက လူတစ်ယောက် အတွက်ဘဝမှာ အရာရာဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အခက်အခဲတစ်ခုခုကြုံလာရင်၊ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖို့ဖြစ်လာရင် မသိစိတ်က အဲ့ဒီခံစားချက်က ပြန်ဖြစ်ပေါ်လာပါတယ်။ အဲ့ဒါကလည်း အချစ်ဦးကို မမေ့ရခြင်း အကြောင်း ရင်း တစ် ခုပါ။

သင့်ကိုပြောင်းလဲစေခဲ့ တယ်

အချစ်ဦးကြောင့် ဖြစ်လာတဲ့ ခံစားချက် ကြောင့် ကောင်းတဲ့ အပြောင်းအလဲ လေးတွေ ဖြစ်ပေါ်လာစေပါတယ်။ လူတစ်ယောက်ကို ရင့်ကျက်စေနိုင်တာကလည်း ပထမဆုံးအချစ်ပါပဲ။

ဘဝမှာ တစ်ကြိမ်ပဲ ကြုံခွင့်ရှိတဲ့အရာ

ဘဝက ဘယ်လောက်ပဲကြာရှည်ပါစေ၊ ပထမဆုံးအချစ် ကိုတော့ တစ်ကြိမ် တစ်ခါပဲကြုံရမယ့်အရာပါ။ အချစ်ဆုံးတွေ ဘယ်လောက်ပဲရှိရှိ အချစ်ဦးကတော့ အချစ်ဦးပါပဲ။

Credit Aunty May

zawgyi

အခ်စ္ဦး ကို ေျမးဦးရတဲ့ အထိ မေမ့ႏိုင္ ၾကတဲ့ အေၾကာင္းရင္း (၁၀)ခ်က္

လူတိုင္းမွာ ပထမဆုံး အရာေတြ ရွိခဲ့ဖူးပါတယ္။ ေက်ာင္းကို ပထမဆုံးသြားတဲ့ေန႔၊ ကားစေမာင္းတဲ့ေန႔ ၊ အရက္စေသာက္ဖူးတဲ့ေန႔ ၊ အနမ္းစေပးဖူးတဲ့ေန႔ စသျဖင့္ေပါ့။ အဲ့ဒီပထမဆုံးအရာေတြအားလုံးဟာ သင့္ကိုစိတ္လႈပ္ရွားမႈကိုျဖစ္ေစၿပီး အၿမဲတမ္းအတြက္ အမွတ္

တရျဖစ္ေနပါတယ္။ ပထမဆုံးအရာေတြထဲမွာ လူတိုင္းအတြက္ အမွတ္ရဆုံးကေတာ့ အခ်စ္ဦး ပါပဲ။ လူေတြဟာ အခ်စ္ဦးကိုဘာလို႔ မေမ့ႏိုင္ၾကသလဲ ဆိုတဲ့ အေၾကာင္းရင္းေလးေတြကိုဖတ္ၾကည့္လိုက္ပါ နာ္။

ပထမဆုံး အခ်စ္က အင္အားႀကီးမားတယ္

သင့္ ေအေနနဲ႔ဘဝမွာ ပထမဆုံးအခ်စ္ကို ခံစားလိုက္ရတဲ့အခ်ိန္မွာ ေလာကႀကီးတစ္ခုလုံးမွာ သူနဲ႔ကိုယ္ႏွစ္ေယာက္တည္းရွိေတာ့တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးျဖစ္လာမွာပါ။ ၿပီးေတာ့ ကိုယ္အျပည့္အဝနားမလည္ႏိုင္သူတစ္ေယာက္နဲ႔ တစ္ဘဝလုံးအတူတူျဖတ္သန္းသြားဖို႔ျဖစ္ႏိုင္တယ္လို႔ ထင္လာမွာပါ။ သူနဲ႔ဆိုရင္ အရာအားလုံးျဖစ္ႏိုင္တယ္လို႔ခံစားလာရၿပီး ဘဝရဲ႕စိတ္လႈပ္ရွားဆုံးအခ်ိန္ေတြျဖစ္ခဲ့မွာပါ။ ေသခ်ာတာကေတာ့ အဲ့ဒီအခ်ိန္ကခံစားခ်က္ေတြက အားေကာင္းလြန္းလို႔ ဘယ္ေတာ့မွေမ့ဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး။

ပထမဆုံး ေသာ အသည္းကြဲ ေဝဒနာကလည္း ဆိုး႐ြားလြန္းတယ္

အခ်စ္က ပထမဆုံး ဆိုရင္၊ ဒီအခ်စ္နဲ႔လြဲသြားခဲ့ရင္ႀကဳံရမယ့္ အသည္းကြဲ ေဝဒနာကလည္း ပထမဆုံးပါပဲ။ ပထမဆုံးေတြက အခ်စ္မွာ အားေကာင္းသေလာက္ အသည္းကြဲ ေဝဒနာကိုလည္း ဆိုးဆိုး႐ြား႐ြား ရင္ဆိုင္ရမွာပါ။ သူ႔ကိုလက္လႊတ္ဖို႔အရမ္းခက္ခဲေနၿပီး ကိုယ္တိုင္ေက်ာခိုင္းဖို႔လည္း ေတာ္ေတာ္ႀကိဳးစားရတာပါ။ လက္လႊတ္ဖို႔၊ေက်ာခိုင္းဖို႔ စိုက္ထုတ္ရတဲ့အားနဲ႔ ေၾကကြဲရတဲ့အတိုင္းအတာက အတူတူပါပဲ။ အဲ့ဒါေၾကာင့္ ဘဝရဲ႕ပထမဆုံးေသာအခ်စ္ေၾကာင့္ ေၾကကြဲရတာကို ဘယ္သူမွမေမ့ႏိုင္ၾကတာပါ။

ပထမဆုံး အခ်စ္က အျပစ္ကင္းစင္တယ္

လူတိုင္း အတြက္ ပထမဆုံးအခ်စ္မွာ တျခားရည္႐ြယ္ခ်က္ေတြ၊ ရလိုမႈေတြ ၊ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားအတြက္အခ်က္ေတြ လုံးဝမရွိဘဲ အျပစ္ကင္းစင္ၾကပါတယ္။ ဒါေပမယ့္ ပထမဆုံးအခ်စ္ေၾကာင့္ ျဖစ္ခဲ့တဲ့ ခံစားခ်က္ေတြက ေနာက္ထပ္ႀကဳံရမယ့္ အခ်စ္နဲ႔ဘဝကို အနည္းနဲ႔အမ်ား သက္ေရာက္မႈျဖစ္ေစပါတယ္။

ပထမဆုံး အခ်စ္ေၾကာင့္ ပထမဆုံးအမွတ္တရေတြ ရွိခဲ့တယ္

ပထမဆုံး အခ်စ္ေၾကာင့္ ပထမဆုံးအနမ္းနဲ႔ တျခားေသာ ပထမဆုံးအမွတ္တရေတြကို ရရွိခဲ့ၾကတာေၾကာင့္ ေမ့ဖို႔မျဖစ္ႏိုင္တာပါ။

ငါတို႔ ႏွစ္ေယာက္ ဆိုတဲ့ ခံစားခ်က္

အၿမဲ တမ္း “ငါ၊ ငါ့အတြက္” ဆိုၿပီး စဥ္းစားခဲ့ၿပီး သူနဲ႔က်မွ “ငါတို႔ႏွစ္ေယာက္” ဆိုၿပီး ဘာကိုပဲ စဥ္းစား စဥ္းစား သူပါေနတဲ့ ခံစားခ်က္မ်ိဳးလည္း ပထမဆုံး ျဖစ္ခဲ့ဖူးတာပါ။

ပထမဆုံး အခ်စ္က ကာယကံရွင္ ႏွစ္ေယာက္ေၾကာင့္ အဆုံးသတ္တာရွားတယ္

ဘဝမွာ ပထမဆုံးေပၚေပါက္ လာတဲ့ အခ်စ္က ကာယကံရွင္ ႏွစ္ေယာက္ေၾကာင့္ အဆုံးသတ္တာထက္ ပတ္ဝန္းက်င္နဲ႔ တျခားအေၾကာင္းအရာ အမ်ိဳးမ်ိဳးေၾကာင့္ အဆုံးသတ္သြား ၾကတာမ်ားပါတယ္။ ဒါေၾကာင့္ ႏွစ္ေယာက္သား အျပန္အလွန္ စိတ္နာတာ၊ မုန္းတာစတဲ့ ခံစားခ်က္မ်ိဳး မျဖစ္ၾကတာေၾကာင့္ အခ်စ္ဦးကို မေမ့ၾကတာ ပါတဲ့။

ငယ္ဘဝနဲ႔ အတူ ျဖစ္လာတဲ့ခံစားခ် က္မို႔

လူေတြဟာ ငယ္ဘဝရဲ႕ႏုပ်ိဳမႈေတြကို တမ္းတတတ္ၾကတဲ့ အက်င့္ရွိၾကပါတယ္။ အဲ့ဒီလိုငယ္ဘဝကိုတမ္းတတဲ့အခ်ိန္မွာ ငယ္႐ြယ္ႏုပ်ိဳမႈနဲ႔အတူ First Love ကလည္း ျပန္ျပန္ ေတြးမိတဲ့ အေၾကာင္းအရာ ခံစားခ်က္တစ္ခု ျဖစ္ေနတာေၾကာင့္ ဘယ္ေတာ့မွ မေမ့ေတာ့တာပါ။

အရာရာ ျဖစ္ႏိုင္တယ္ဆိုတဲ့ ခံစားခ်က္ကို ျဖစ္ေ စခဲ့လို႔

ငယ္႐ြယ္စဥ္မွာ ျဖစ္လာတဲ့ အခ်စ္ ခံစားခ်က္ေတြက လူတစ္ေယာက္ အတြက္ဘဝမွာ အရာရာျဖစ္ႏိုင္တယ္ဆိုတဲ့ခံစားခ်က္မ်ိဳးျဖစ္ေပၚလာေစပါတယ္။ ဒါေၾကာင့္ အခက္အခဲတစ္ခုခုႀကဳံလာရင္၊ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြခ်ဖို႔ျဖစ္လာရင္ မသိစိတ္က အဲ့ဒီခံစားခ်က္က ျပန္ျဖစ္ေပၚလာပါတယ္။ အဲ့ဒါကလည္း အခ်စ္ဦးကို မေမ့ရျခင္း အေၾကာင္း ရင္း တစ္ ခုပါ။

သင့္ကိုေျပာင္းလဲေစခဲ့ တယ္

အခ်စ္ဦးေၾကာင့္ ျဖစ္လာတဲ့ ခံစားခ်က္ ေၾကာင့္ ေကာင္းတဲ့ အေျပာင္းအလဲ ေလးေတြ ျဖစ္ေပၚလာေစပါတယ္။ လူတစ္ေယာက္ကို ရင့္က်က္ေစႏိုင္တာကလည္း ပထမဆုံးအခ်စ္ပါပဲ။

ဘဝမွာ တစ္ႀကိမ္ပဲ ႀကဳံခြင့္ရွိတဲ့အရာ

ဘဝက ဘယ္ေလာက္ပဲၾကာရွည္ပါေစ၊ ပထမဆုံးအခ်စ္ ကိုေတာ့ တစ္ႀကိမ္ တစ္ခါပဲႀကဳံရမယ့္အရာပါ။ အခ်စ္ဆုံးေတြ ဘယ္ေလာက္ပဲရွိရွိ အခ်စ္ဦးကေတာ့ အခ်စ္ဦးပါပဲ။

Credit Aunty May

The post အ ချစ် ဦး ကို မြေး ဦးရ တဲ့ ထိ မမေ့ နိုင် ကြ တဲ့ အေ ကြာင်း ရင်း (၁၀) ချက် appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post