




Credit;

အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးလေးနဲ့အတူလျှောက်လည်နေတဲ့ မိသားစုပုံလေးတွေကိုချပြလာတဲ့ မင်းသားချောသူထူးစံ

ပရိသတ်ကြီးရေ သူထူးစံဆိုရင်အနုပညာလောကမှာ မသိတဲ့သူမရှိသလောက် ပါပဲနော်။အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်မှုတွေရရှိခဲ့တဲ့အပြင် နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲမင်းသားလည်းဖြစ်ခဲ့ပါတယ်။သူထူးစံလိုပဲ သူ့ရဲ့ဇနီး ထိုက်စုဝင်းဟာလည်း ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့သာ နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

နာမည်ကြီး လူသိများတဲ့ မင်းသားနဲ့ မင်းသမီး ဆိုပေမယ့် ဖေ့စ်ဘုတ်စာမျက်နှာ အသုံးပြုမှုနည်းပါး လွန်းတဲ့ သူထူးစံနဲ့ ထိုက်စုဝင်းဟာ တော်တော်လေးကြာမှ သူတို့ရဲ့ မိသားစုပုံလေးကို မျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သူထူးစံနဲ့ ထိုက်စုဝင်းတို့က သမီးလေးနဲ့အတူတူ ဘုရားသွားကျောင်းတက်လုပ်ခဲ့တဲ့ အမှတ်တရပုံလေးကို မျှဝေလာတာကိုတွေ့ရပါတယ်။

သူထူးစံနဲ့ ထိုက်စုဝင်းတို့ ကတော့ သူတို့ရဲ့ဘဝထဲကို သမီးလေးရောက် လာပြီးမှ အရင်ကထက်ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေလျက် ရှိတာပဲဖြစ်ပါတယ်။ သူထူစံနဲ့ ထိုက်စုဝင်းတို့ မိသားစုလေး အခုလိုပဲ အမြဲတမ်းထာဝရအေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit;

The post အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးလေးနဲ့အတူလျှောက်လည်နေတဲ့ မိသားစုပုံလေးတွေကိုချပြလာတဲ့ မင်းသားချောသူထူးစံ appeared first on World info Post.


Your new digest 50

Post a Comment

Previous Post Next Post