ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖူးစုံကတော့ အနုပညာအလုပ်တွေကို ဟိုးအရင်ကတည်းက
လုပ်ဆောင်ခဲ့ပြီး ပရိတသတ်တွေရဲ့အသည်းစွဲမင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။ဖူးစုံပါဝင်သရုပ်ဆောင်ထားတဲ့
ဇာတ်ကားတွေနဲ့ကြော်ငြာတွေဆိုရင်လည်း ပရိသတ်တေကြိုက်နှစ်သက်ကြပြီး ဖူးစုံကို တစ်ခဲနက်အားပေး
လာတာပဲဖြစ်ပါတယ်။ဖူးစုံက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲပါ။
![]()


ဖူးစုံဟာ သူမရဲ့တူမလေး အခရာကြောင့်လည်း ပရိသတ်တွေကြား မျက်နှာပွင့်သူဖြစ်ပြီး ဒီကနေ့မှာလည်း
တူမလေး အခရာရဲ့ ချစ်စရာလည်းကောင်း၊ ရယ်စရာလည်းကောင်းတဲ့ အကြောင်းအရာတစ်ခုကို ပြောပြ
လာပါတယ်။ဖူးစုံက ကိုယ်တိုင်လည်းဓမ္မစကူးလ်လို သင်တန်းတွေများစွာတက်နေရသူဖြစ်ပေမယ့် တူမလေး
အတွက် လိုအပ်လာရင် စာသင်ပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖူးစုံက တူမလေး အခရာကို
စာသင်ပေးရင်း စကားတတ်လွန်းတဲ့တူမလေးအခရာက ဖူးစုံကို ဆရာပြန်လုပ်နေတဲ့ ဗီဒီယိုလေးကို
အခုလိုပဲတွေ့ရပါတယ်။
![]()



Post a Comment