1998 NBA Finals (နောက်ဆုံးဗိုလ်လုပွဲ) Game 2 မှာ မိုက်ကယ်ဂျော်ဒန် ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့လက်မှတ်ရေးထိုးထားတဲ့ Chicago Bulls အဝေးကွင်းအနီရောင်ဂျာစီကို ရောင်းချခဲ့ပါတယ်။ ဒီဂျာစီကို သီးသန့်ရောင်းချမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်းနဲ့ စံချိန်တင်ရောင်းချခဲ့ရတာဖြစ်ပါတယ်။
ဒီဈေးနှုန်းက သမိုင်းတစ်လျှောက်မှာ ဘတ်စကက်ဘောအမှတ်တရပစ္စည်းတွေထဲက ငွေအများဆုံးပေးဝယ်ရတဲ့ စံချိန်သစ်တစ်ခုဖြစ်လာတဲ့အပြင် ပွဲအတွင်းဝတ်ဆင်ခဲ့ဖူးတဲ့ ဂျာစီတွေထဲမှာ စံချိန်တင်အမြင့်ဆုံးဈေးလည်းဖြစ်လာပါတယ်။
အရင်က ဒီစံချိန်ကို ၂၀၂၂ ခုနှစ်တုန်းက လေလံတင်ခဲ့တဲ့ ’98 Finals Game 1 က ဂျာစီဟာ ဒေါ်လာ ၁၀.၁ သန်းနဲ့ ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး အခု Game 2 ဂျာစီက အဲ့ဒီစံချိန်ကို ကျော်သွားခဲ့ပါတယ်။
Ref: Michael Jordan’s 1998 NBA Finals jersey sells for record $14 million
WL (ရိုးရာလေး)
The post ၁၉၉၈ NBA နောက်ဆုံးဗိုလ်လုပွဲမှာ မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့တဲ့ အနီရောင်ဂျာစီကို ကန်ဒေါ်လာ ၁၄ သန်းနဲ့ စံချိန်တင်ရောင်းချနိုင်ခဲ့ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment