မြို့ကြီး (၄) မြို့ရှိ ကျောင်းပေါင်း (၁၄) ကျောင်းမှ ကလေးငယ် (၁၅,၀၀၀) ကျော်အထိ ပံ့ပိုးပေးနိုင်ခဲ့


City Mart Supermarket ၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် “ကလေးငယ်များအတွက် ပြည့်စုံသော အာဟာရ (Nutrition for Kids)” အစီအစဉ်မှ ငွေကျပ်သိန်း (၃,၀၀၀) ကျော်တန်ဖိုးရှိ အာဟာရပြည့်ဝသော စားသောက်ကုန်များကို လှူဒါန်းပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။



အဆိုပါအစီအစဉ်သည် (၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ဈေးဝယ်သူများ၏ ဝယ်ယူမှုတိုင်းအတွက် City Mart Supermarket မှ အချိုးကျ ပြန်လည် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် မတ်လမှ သြဂုတ်လအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များရှိ ကျောင်း (၁၄) ကျောင်းမှ ကလေးငယ် (၁၅,၀၀၀) အတွက် အာဟာရပြည့် စားသောက်ကုန် စျေးဝယ်ခွင့် ဘောင်ချာများ လှူဒါန်းခြင်းနှင့်အတူ အာဟာရဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခဲ့သည်။


ကလေးငယ်များသည် အဆိုပါ ဘောင်ချာများဖြင့် City Mart ၊ Ocean နှင့် marketplace ဆိုင်များရှိ Wellness Picks Counter များတွင် အာဟာရအတွက် ပိုမိုသင့်လျော်ကောင်းမွန်သည့် အစားအသောက်များကို ရွေးချယ်ဝယ်ယူနိုင်ကြခဲ့သည်။


ဤအစီအစဉ်သည် ဈေးဝယ်သူများ၏ နေ့စဉ်ပါဝင်မှုမှတစ်ဆင့် အနာဂတ်မျိုးဆက်များအတွက် မျှတသော အာဟာရ၏အရေးပါပုံကို အသိပညာပေးနိုင်ခဲ့သည့်အပြင် ပိုမိုကျန်းမာပြီး အာဟာရကို ပိုမိုအလေးထားသည့် လူမှုအသိုက်အဝန်းများ ဖြစ်ပေါ်လာစေရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်စေခဲ့ပါသည်။


“City Mart Supermarket ကို နှစ် (၃၀) တိုင် ယုံကြည်စွာ ရွေးချယ် ဝယ်ယူပေးခဲ့ကြတဲ့ စျေးဝယ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ နေ့စဉ် ဝယ်ယူမှုလေးတွေကြောင့်သာ ဒီလို အဓိပ္ပာယ်ရှိတဲ့ အစီအစဥ်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စျေးဝယ်သူတွေရဲ့ နေ့စဉ် စားသောက်မှုတွေမှာ အရည်အသွေး ကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်ကုန်တွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။” ဟု City Mart Holding Co., Ltd. ၏ Chief Executive Officer ဖြစ်သူ ဦးဖြိုးမင်းကျော်က ပြောကြားခဲ့ပါသည်။


“နှစ် (၃၀) တိုင် ဒေသခံမိသားစုတွေနဲ့ အတူတကွ အပြန်အလှန် အကျိုးပြုနိုင်ခဲ့ကြတာဟာ ကျွန်မတို့အတွက် အလွန်တန်ဖိုးရှိတဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ ဒီခရီးတစ်လျှောက် ကျွန်မတို့အပေါ် ယုံကြည်ပြီး အားပေးခဲ့ကြတဲ့ စျေးဝယ်သူ တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီယုံကြည်မှုကို တန်ဖိုးထားပြီး ရှေ့ဆက်တဲ့ခရီးမှာလည်း လူမှုအသိုက်အဝန်းအတွက် ပိုကောင်းတဲ့အရာတွေကို ဖန်တီးပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု City Holdings Group ၏ Group Chief Executive Officer ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က ပြောကြားခဲ့သည်။


နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် City Love & Hope Foundation မှကလေးငယ်များအတွက် “စာသင်ကျောင်းဆောင် (၃၀)” ဆောက်လုပ်လှူဒါန်းမည့် အစီအစဉ်ကိုလည်း ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်နေပြီဖြစ်ပြီး အဆိုပါအစီအစဉ်မှတစ်ဆင့် ကလေးငယ်များ၏ ပညာရေးနှင့် အနာဂတ်အတွက် အထောက်အကူပြုနိုင်ရန် ရေရှည်ပံ့ပိုး ကူညီမှုများကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်သည်။
NZ (ရိုးရာလေး)
The post City Mart Supermarket ၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ် “ကလေးငယ်များအတွက် ပြည့်စုံသော အာဟာရ” အစီအစဉ်မှ ကျပ်သိန်း (၃၀၀၀) ကျော်တန်ဖိုးရှိ အာဟာရပြည့် စားသောက်ကုန်များ အောင်မြင်စွာ လှူဒါန်းပြီးစီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment