မြန်မာပရိသတ်တွေကြား လူကြိုက်များနှစ်သက်ခဲ့တဲ့ အချစ်စံအိမ်ကိုရီးယားဇာတ်လမ်းတွဲမှာ ဟေဝန်အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီးဟန်ဒါဂမ်က အသက် ၄၆ နှစ်အရွယ်မှာ သူ့ရဲ့ပထမဆုံးရင်သွေးလေးကို မွေးဖွားလိုက်ပါပြီ။ သူ့ရဲ့ပထမဆုံးရင်သွေးလေးက သားလေးဖြစ်ပြီး ကလေးလေးရဲ့ခြေထောက်ပုံတွေနဲ့အတူ ကလေးမွေးဖွားလိုက်ပြီဆိုတာကို ဒါဂမ်က အင်စတာဂရမ်မှာ စက်တင်ဘာ ၂၈ ရက်နေ့က အသိပေးခဲ့တာပါ။
၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီး ဟန်ဒါဂမ်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ ၁ နှစ်တာတွဲခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။ လက်ထပ်ပြီး ၆ နှစ်အကြာ ပြီးခဲ့တဲ့ ဧပြီလက ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။
Ref: Han Da Gam Welcomes Her First Child At The Age Of 46
WL (ရိုးရာလေး)
The post အချစ်စံအိမ်ဇာတ်လမ်းတွဲမှာ ဟေဝန်အဖြစ် သိခဲ့ကြတဲ့ မင်းသမီး ဟန်ဒါဂမ် အသက် ၄၆ နှစ်မှာ ပထမဆုံးရင်သွေးလေးမွေးဖွား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment