ရုရှားနိုင်ငံ၊ ဆာခါဒေသမှာ တည်ရှိတဲ့ အိုမီယာကွန်မြို့ဟာ ကမ္ဘာပေါ်မှာ လူနေထိုင်ရာဒေသတွေအနက် အအေးဆုံးအဖြစ် စံချိန်တင်ထားပါတယ်။ ဆောင်းရာသီ ပျမ်းမျှအပူချိန်ဟာ အနုတ် ၄၀ ဒီဂရီမှ အနုတ် ၆၀ ဒီဂရီကြား ရှိပြီး တစ်နှစ်ပတ်လုံး မြေဆီလွှာတွေ အေးခဲနေတာကြောင့် စိုက်ပျိုးရေး လုပ်မရပါဘူး။ ဒါကြောင့် အိုမီယာကွန်မြို့မှာ နေထိုင်သူတွေဟာ အသား၊ ငါးကိုပဲ အဓိက စားသုံးလေ့ ရှိပါတယ်။

အိုမီယာကွန်မြို့ဟာ တောင်တန်းတွေ ဝန်းရံထားတဲ့ ချိုင့်ဝှမ်းဒေသမှာ တည်ရှိပြီး အေးစက်တဲ့ လေထုတွေ ပိတ်မိနေတာကြောင့် အခုလို အလွန်အေးစက်နေတာပါ။ ဆောင်းရာသီမှာ အေးလွန်းပေမဲ့ နွေရာသီ (ဇွန်၊ ဇူလိုင်လ)မှာတော့ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိတတ်ပြီး ကမ္ဘာပေါ်မှာ ရာသီအလိုက် အပူချိန်ကွာဟမှု အများဆုံးဒေသလည်း ဖြစ်ပါတယ်။

၅ လကြာမြင့်တဲ့ ဆောင်းရာသီကာလတွေမှာ တစ်နေ့ကို နေရောင် မြင်ရချိန် ၅ နာရီမှ ၆ နာရီကြားပဲ ရှိပါတယ်။ အလွန်အေးတာကြောင့် ကားစက် ရပ်လိုက်တာနဲ့ ပျက်စီးသွားနိုင်တဲ့အတွက် ကားစက်တွေကို ၂၄ နာရီလုံး နှိုးထားရသလို နေအိမ်တွေကိုလည်း ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံကနေ အနွေးဓာတ် လွှတ်ပေးပါတယ်။

အိုမီယာကွန်မြို့မှာ ရေပိုက်လိုင်းတွေ သွယ်တန်းမရတာကြောင့် မြစ်ထဲက ရေခဲပြင်မှာ ရေခဲတုံးတွေ ဖြတ်တောက်ယူပြီး အိမ်မှာ အရည်ဖျော်ကာ ရေသောက်ကြရပါတယ်။

အိုမီယာကွန်မြို့ရဲ့ အအေးဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တာကတော့ ၁၉၂၄ ခုနှစ်ဖြစ်ပြီး အဲဒီနှစ် ဆောင်းရာသီက အပူချိန် အနုတ် ၇၁ ဒီဂရီအထိ အလွန်အမင်း ကျဆင်းခဲ့ဖူးတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Ref: This is the coldest inhabited place on Earth
NZ (ရိုးရာလေး)
The post ကမ္ဘာ့အအေးဆုံး လူနေထိုင်ရာဒေသ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment